လေ့လာမှတ်သား အောင်မြင်ခြင်းတရားစာစု(၅)
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။
ဒီတစ်ခါ ဆောင်းပါးလေးရဲ့ခေါင်းစဉ်ကို လေ့လာမှတ်သား အောင်မြင်ခြင်းတရား အပိုင်း(၅)လို့ ပေးထားပါတယ်။နောက်လည်းခုလို အောင်မြင်မှုအကြောင်းကို ကျွန်တော် လေ့လာမှတ်သားမိသမျှ ရေးသားသွားပါမယ်။အောင်မြင်ရေးအတွက် နည်းလမ်းတွေအများကြီး ရှိသောကြောင့် မိမိနဲ့ အံဝင်ခွင်ကျ နည်းလမ်းများကို လေ့လာမှတ်သားပါ။အကုန်လုံးမှတ်သားရမယ်လို့ မဆိုလိုပါဘူး။မိမိအဆင်ပြေရာ လိုက်နာဖို့ဘဲ လိုပါတယ်။
I think success has no rules,but you can learn a great deal from failure.
(အောင်မြင်ခြင်းမှာ စည်းမျဉ်းဆိုတာ မရှိပါ။သို့သော် ကျဆုံးခြင်းကနေ သင်ခန်းစာကိုယူခြင်းဖြစ်တယ်)
ဒီစာသားလေးလည်း အရမ်းကောင်းပြီး အောင်မြင်မှုအတွက် အထောက်အကူပေးနိင်တဲ့စာသားလေးဖြစ်ပါတယ်။အောင်မြင်ခြင်းမှာ စည်းမျဉ်းမရှိလို့ ပြောထားပါတယ်။တကယ်လည်း စည်းမျဉ်းမရှိပါ။ဒါကြောင့် အောင်မြင်တဲ့သူတွေကို လေ့လာကြည့်ရင် တစ်ယောက်နဲ့တစ်ယောက်အောင်မြင်ပုံခြင်း ကွဲပြားခြားနားနေတတ်တယ်။တစ်ယောက်နဲ့တစ်ယောက် အောင်မြင်မှု ခြားနားခြင်းကို ကြည့်ခြင်းဖြင့် အောင်မြင်မှုမှာ စည်းမျဉ်မရှိကြောင်း သိနိင်ပါတယ်။
စည်းမျဉ်းမရှိသောကြောင့် အောင်မြင်ခြင်းနည်းလမ်းများစွာ ပေါ်ပေါက်လာခြင်းဖြစ်တယ်။အောင်မြင်ရေး စာအုပ်တွေလည်း အများကြီး ပေါ်ထွက်လာတာပေါ့။ဒါတွေကို ကြည့်ခြင်းဖြင့် အောင်မြင်ရေးမှာ စည်းမျဉ်းမရှိကြောင်း တွေ့ရှိနိင်ပါသည်။အောင်မြင်ဖို့အတွက် သက်လုံကောင်းရမယ်။သက်လုံကောင်းဆိုသည်မှာသူများထက် အပင်ပန်းခံနိင်ရပြီး လေ့ကျင့်မှုပြင်းထန်စွာ ကြိုးစားသူကိုပြောခြင်းဖြစ်သည်။သက်လုံကောင်းဖို့အပင်ပန်းပိုခံနိင်ရမယ်။လေ့ကျင့်မှုပြင်းထန်ရမယ်။ဒါကြောင့် အောင်မြင်ချင်ရင် သက်လုံကောင်းရမယ်။
အောင်မြင်မှုမှာ စည်းမျဉ်မရှိသော်လည်း ကျဆုံးခြင်းကနေ သင်ခန်းစာတော့ ယူတတ်ရတယ်။ကျဆုံးခြင်းကနေ သင်ခန်းစာယူပြီး ကြိုးစားဖို့ လိုအပ်လာတယ်။ခုလို ကျဆုံးခြင်းကို လက်ခံနိင်ရင် အောင်မြင်မှုဆိုတာ မဝေးတော့ပါ။ အောင်မြင် ကျဆုံး ထိုနှစ်မျိုးလုံးဖြစ်တည်မှုသည် မိမိ၌သာ တာဝန်ရှိတယ်။မိမိကိုယ်တိုင် ပြုလုပ်ခြင်းဖြစ်ပြီး မိမိကိုယ်ကို ဖန်တီးရာလည်း ဖြစ်သည်။ဒါကြောင့် အောင်မြင်မှု ဆိုတာ မိမိနဲ့ဘဲ သက်ဆိုသကဲ့သို့ ကျဆုံးခြင်းဆိုတာလည်း မိမိဘဲ ဖန်တီးခြင်းဖြစ်သည်။
မိမိဘဝမှာ ကျဆုံးသူများနှင့် အောင်မြင်သူများကို နှိုင်းယှဉ်ပြီး လေ့လာ သုံးသပ်ပါ။တွေးခေါ်စဉ်းစားမှု ပြုလုပ်ပါ။မိမိဦးနှောက်ဥာဏ်ကို အသုံးချပါ။ကျဆုံးသူသည် ဘာကြောင့် ကျဆုံးရသလဲ။သူတို့ကိုကြည့်ပြီး သင်ခန်းစာယူပါ။အောင်မြင်သူတွေ သူတို့ဘာကြောင့်ချမ်းသာပြီး အောင်မြင်နေကြသလဲ။လေ့လာပြီး အတုယူ အတုခိုးပါ။ဒါဆို သူတို့နှစ်ဦးရဲ့ ခြားနားခြင်း သင်ခန်းစာကို သင်ယူရနိင်ဘိမ့်မည်။
ပညာရှိဆိုတာ ပြေးကြည့်ခြင်းထက် တွေးကြည့်ခြင်းက ပိုမှန်သည်။ဒါကြောင့် အကောင်းအဆိုး အကြောင်းအကျိုးကို မိမိဘာသာ သင်ခန်းစာယူပါ။အမှားအမှန်ကို ဝေဖန်ပိုင်းခြားပါ။ကိုယ်တိုင်လုပ်ကြည့်ပြီး အမှားကိုသိခြင်းနှင့် မလုပ်ကြည့်ဘဲ အမှားကို သိတာ ပိုကောင်းမယ်လို့ ထင်ပါတယ်။ဒါဆို ကောင်းမကောင်းကို ကိုယ်ပိုင်ဥာဏ်နဲ့ အကဲဖြတ်ပါ။အတွေ့အကြုံယူပါ။နောက်ဆုံးမှာ မိမိရဲ့ အောင်မြင်မှု လမ်းစကို အရောက်လှမ်းနိင်ပါလိမ့်မယ်။
ကျဆုံးခြင်းက သင်ခန်းစာများမျာယူပြီး ဘဝရဲ့ပန်းတိုင်ကို အရောက်လှမ်းနိင်သူများဖြစ်ကြပါစေ။
(စကားလက်ဆောင်)
*အောင်မြင်ဖို့အတွက် သက်လုံကောင်းဖို့လိုပါတယ်။
*သက်လုံဆိုတာ သူတစ်ပါးထက် အပင်ပန်း အဆင်းရဲခံရပြီး လေ့ကျင့်မှု ပြင်းထန်သူကို ပြောခြင်းဖြစ်တယ်။
*ဘဝမှာအောင်မြင်ဖို့ မိမိရဲ့အသိ ဥာဏ်ပညာကို အသုံးချတတ်ရမယ်။
*အောင်မြင်မှုဟာ လေ့လာသူတို့အတွက် ဇွဲ လုံ့လ ဝီရိယနဲ့ အသိဥာဏ်ပညာရှိသူတို့အတွက်သာဖြစ်သည်။
*အောင်မြင်ခြင်းမှာ စည်းမျဉ်းမရှိပါ။
အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100
16/3/2018
10:12am