Hello ,
ပတ္တမြားသည် တွင်းထွက်ကျောက် တစ်မျိုးဖြစ်ပါသည် ။
ပတ္တမြား၏ အရောင်သည် အများအားဖြင့် အနီရောင်ဖြစ်ပါသည် ။
ပတ္တမြားသည် တန်ဖိုးကြီးသော ရတနာ တစ်ပါး ဖြစ်ပါသည် ။
ပြဒါးဓါတ်များ ကိန်းအောင်းရာမှ ဖြစ်လာသည်ဟု ရှေးအယူရှိသောကြောင့် ပြဒါးများဟု ခေါ်ရာမှနေပြီး နောင်တွင် ပြဒများ ပတ္တမြားဟု အမည်တွင်လာသည်ဟု ပြောဆိုကြပါသည် ...။
ပတ္တမြား ၏ အရောင်မှာ များသောအားဖြင့် အနီရောင် အဆင်းရှိပြီး
မာခြင်းအဆင့် (၉) ရှိပြီး သဘာဝတွင်းထွက်များ တွင် စိန်ပြီးလျှင် အမာဆုံးတွင်းထွက်ဖြစ်ပါသည် ။
မြန်မာနိုင်ငံတွင် ပတ္တမြားကို မိုးကုတ်ဒေသမှအများဆုံး ထွက်ရှိပါသည် ။
ထို့ကြောင့် မိုးကုတ်ဒေသကို ပတ္တမြားမြေဟုလည်း တင်စားခေါ်ဝေါ်ကြပါသည် ။
ပတ္တမြားတွင်တွေ့ရတတ်သော ထူးခြားမှုတစ်ခုမှာ ကြိုးခေါ် ဂေါ်ကြိုးများတွေ့ရှိရတတ်ခြင်းပင်ဖြစ်ပါသည် ။
ပတ္တမြားကို စံ အရည်အသွေး (၁၄) မျိုး တ်ု့ဖြင့် ခွဲခြား သတ်မှတ်ကြပါသည်။
၁ -ခိုသွေးရည် - ပတ္တမြားကျောက် အနီရောင်တွင် အပြာရည်စွက်သော အရောင် ။
၂ - ငရှဥ့်သွေးရည် - ပတ္တမြားကျောက် ၏အရောင်သည် ငရှဥ့်သွေးကဲ့သို့သော အနီရောင် ။
၃ - လည်သီးရည် - ပတ္တမြားကျောက် ၏ အရောင်သည် ကြက်ဖလည်ပင်းမှထွက်သော သွေးရောင် အနီရောင်။
၎ - ယုန်သွေးရည် - ပတ္တမြားကျောက် အနီရောင်တွင် အဝါရည်စွက်သောအရောင်။
၅ - သပြေသီးရည် - ပတ္တမြားကျောက် ၏အရောင်သည်အနီတွင် အပြာ အညို ရောယှက်နေသည့် သပြေသီးမှည့် အရောင်။
၆ - ဘုံဘိုင်ရည် -ပတ္တမြားကျောက် ၏ အရောင်သည် အနီရောင် လူငယ် ၏အသွေးအရောင်ကဲ့သို့ အနီရောင် ။
၇ - ဘုံဘိုင်ညွန့်ရည် -ပတ္တမြားကျောက် ၏အရောင်သည် နှင်းဆီပန်းအရောင်ရင့်၏ စိုပြေသော နီနီရဲရဲ အရောင် ။
၈ - ကျောက်တိမ်းရည် -ပတ္တမြားကျောက် ၏ အရောင် သည် အနီတွင် အပြာရည်လဲ့သော အရောင် ။
၉ - အရည်ကျ -ပတ္တမြားကျောက် အနီရောင် အနီရောင် ဖျော့သောအရောင်မျိုးကို ခေါ်ခြင်းဖြစ်သည် ...။
၁၀ - ပန်းရည် - ပတ္တမြားကျောက် ၏ အရောင် သည် နှင်းဆီပန်းရောင်ကဲ့သို့ အရောင် ။
၁၁ - ကြက်သည်းရောင်ရည် - ပတ္တမြားကျောက်၏ အရောင်သည် ညိုပုပ် မည်းနီသော အနီပုပ် အရောင် ။
၁၂ - ကြက်သွန်ဥခွံရည် -ပတ္တမြားကျောက် ၏ အရောင်သည် အနီရောင်ဖျော့သည့် နီဖြူ အရောင်။
၁၃ - ထုံးခြောက်ရည် -ပတ္တမြားကျောက်၏ အရောင်သည် နီသော်လည်း ဖြူပြီး ခြောက်တောက်တောက် ဖြစ်နေသော အရောင် ။
၁၄ - ကတ္တီပါရည် - ကတ္တီပါအပြာစ ကဲ့သို့ အပြာရောင်ရှိသော နီလာကျောက် အရောင် ။
ဟု ခွဲခြားသတ်မှတ်ကြ ပါသည် ။
တန်ဖိုးကြီးပြီး လူကြိုက်များသောကြောင့် ပတ္တမြားကို အတုဖန်တီးကာ လိမ်လည်ရောင်းချခြင်းမှာလည်း ရှိလာခဲ့ကြပါသည် ။