Hello ,
ရတနာ ဆိုတာ တန်းဖိုးရှိသော တန်ဘိုး ကြီးသော အလွယ်တကူ မရရှိသောကြောင့် ရတနာ ဟုခေါ်ကြတာ ဖြစ်ပါသည်
ရတနာ များစွာထဲကမှ နဝရတ် ကိုးပါး
အကြောင်း ရေးသားချင်ပါသည်
န၀ရတ်ကိုးပါးဆိုသည်မှာ ကျောက်မျက်ရတနာကိုးမျိုးကို ခေါ်ဆိုပါသည်။ န၀ရတ်ဟူသည် န၀ရတန ဟူသော ပါဠိမှလာ၍ ရတနာကိုးပါးဟု အနက်ရသည်။ န၀ရတ်ကိုးပါး ချယ်ထားသော လက်စွပ်ကို န၀ရတ်လက်စွပ် ဟုခေါ်သည်။ က၀ိလက္ခဏာ သတ်ပုံကျမ်းတွင် မျက်စုံလည်းသတ် န၀ရတ် စီခတ်အမွန်းတင် ဟုတွေ့ရသည်။
ပတ္တမြား - ဘုန်တောက် မြ ကျောက် အေးချမ်း
စိန် - စွမ်းဂုဏ်ရောင် ကြောင် ကား သိဒ္ဓိ
မဏိ နီလာ - မေတ္တာကဲချုပ်၊ ဂေါ်မိတ် ခွန်အား
ဥဿ ဖယား - ကျန်းမာ သန္တာ ကြီးကဲ
ပုလဲ ကျက်သရေ ဂုဏ်ကိုးဝေသည်
ကိုးထွေ န၀ရတ် စွမ်းရည်တည်း။
ပတ္တမြား မြ စိန် ကြောင်.နီလာ သန္တာ ဥဿဖယား ဂေါ်မိတ် ပုလဲ ဟု၍ ဖြစ်ကြသည်
ပတ္တမြား (Ruby)
မြ (Emerald)
စိန် (Diamond)
ကြောင် (Cats eye)
နီလာ (Sapphire)
ဂေါ်မိတ် (Zircon)
ဥဿ ဖယား (Topaz)
သန္တာ (Coral)
ပုလဲ (Pearl) တို့ ဖြစ်သည်။
စိန်ကို ကျောက်မျက်တို့၏ ဘုရင်ဟုခေါ်သည်။ ကျောက်မျက်အမျိုးပေါင်း ၁၂၀ခန့် ရှိသည့်အနက် စိန်သည် အမာဆုံးသော ကျောက်မျက်ဖြစ်သည်။
ယင်းတို့အနက် စိန်၊ ပတ္တမြား၊ မြနှင့် နီလာတို့သည် အဖိုးအတန်ဆုံး ဖြစ်သည်။ နီလာနှင့် ပတ္တမြားသည်
ကျောက်မျက်အမာ တစ်မျိုးထည်းပင် ဖြစ်သည်။ အရောင်အသွေးသာ ကွဲပြားသွားသည်။ ပတ္တမြားသည် သွေးကဲ့သို့သော အနီရောင်ရှိပြီး နီလာသည် တောက်ပသော အပြာရောင်ရှိသည်။
ပုလဲနှင့် သန္တာသည် တွင်းထွက်ကျောက်များ မဟုတ်ကြပေ။ ပုလဲကို ကမာ(သို့)မုတ်ကောင်၏ ကိုယ်တွင်း
မှ ရ၍ သန္တာကို သန္တာကောင်များရှိသော သန္တာကျောက်တန်းများမှ ရရှိသည်။
ကြောင်ကို ကြောင်၏ မျက်လုံးနှင့် တူ၍ ကြောင်မျက်ရွဲ ဟုလည်း ခေါ်ကြသည်။ မြတွင် ကြည်လင် စိမ်းမြ
သော အရောင်ရှိသည်။ သို့သော် စိန်နီလာ ဥဿ ဖယားတို့လောက် မမာချေ
ဂေါ်မိတ်သည် ကျောက်
သလင်းနှင့် ရော၍ တွေ့ရတတ်သော ကျောက်မျိုးဖြစ်သည်။
##ကျောက်မျက်ရတနာ ကိုးပါးစီချယ် ပြုလုပ်ထားသော န၀ရပ်လက်စွပ် ၀တ်ဆင်ထားခြင်းဖြင့် အသက်
ရှည်ခြင်း မင်္ဂလာရှိခြင်း ကျက်သရေရှိခြင်း စုန်းပယောဂ ဘေးရန်ကို ဖျက်စီးနိုင်သည့်အပြင် အနုပီယဆေးဖြစ်၍ လူနတ်ချစ်ခင်သည်ဟု ရတနာကျမ်းများတွင် ဖွင့်ဆိုထားပေသည်။