Hello ,
" စိန် " အကြောင်း သိကောင်းစရာ
စိန်သည် ကာဗွန်ဖြင့် ဖွဲ့စည်းထားသော သထ္ထုတစ်မျိုးဖြစ်ပါသည်
စိန်ကျောက်မျက်ရတနာအား ပုံမှန်အားဖြင့် 4C ဖြင့် သတ်မှတ်ကြပါသည်
1 -carat - အလေးချိန်
2 - clarity - ကြည်လင်တောက်ပမှု
3 - colour - အရောင်အသွေး
4 - cut - ဖြတ်တောက်သွေးထားပုံ
တို့ ဖြင့် သတ်မှတ်ကြပါတယ်
မြန်မာနိုင်ငံတွင် စိန်ကိုရတီချိန် ဖြင့်သုံးသော် လည်း ကမ္ဘာ့ဈေးကွက်တွင်ကာရက်ကိုသာသုံးပါသည် ။
(၁ကာရက် တွင် ၁.၁ရတီ ရှိပါသည် )
စိန်၏သဘောမှာအကြမ်းအားဖြင့်အနည်းငယ်ဝါနေလျှင်မီးပိုအားကောင်းပါသည်။
စိန် ဟူသော ရတနာသည် လူသားတို့အား ကျက်သရေ မင်္ဂလာ ထည်ဝါခြင်းနှင့် ကံကောင်းခြင်းကို သယ်ဆောင်ပေး သည်ဟူ၍ ယူဆကာ အဆောင်ကျောက် အဖြစ်ဝတ်ဆင်ကြပါသည်။
စိန်ကို ချစ်ခြင်း မေတ္တာ၏ သင်္ကေတ ဟု ယူဆကြပါသည်။
ထို့ကြောင့် ချစ်ရသော သူအား ချစ်သက်သေ အဖြစ် စိန် လက်ဝတ်ရတနာကို ဝယ်ယူ လက်ဆောင် ပေး ပြီး အချစ်ကို ဖော်ကျူး မှတ်ကျောက်တင်လေ့ ရှိကြပါသည် ။
လက်ထပ် လက်စွပ်ကို စိန်နှင့် ပြုလုပ်ကာ ဝတ်ဆင်ကြခြင်း ဖြစ်ပါသည် ။
စိန်သည် ကြွယ်ဝ ချမ်းသာခြင်းနှင့် အောင်မြင်ခြင်း အမှတ် သင်္ကေတဟု လည်း ယူဆနိုင်ပြီး ကြွယ်ဝခြင်းကို ဖော်ပြရန် စိန်ကိုဝတ်ဆင်ကြပါသည် ။
အောင်မြင်သူ တစ်ဦးဖြစ်ကြောင်း အောင်ပွဲခံရာတွင်လည်း စိန်ကို ဆင်းမြန်းပြီး ဂုဏ်ယူလေ့ ရှိကြပါသည် ။
စိန်ကို လက်စွပ်အဖြစ် ဝတ်ဆင်ပါက လက်ခလယ်တွင်သာ ဝတ်ဆင်ရပါမည်။
စိန်သည် စိန်အဖြူ၊ စိန်အနီ စိန်အ၀ါ စိန်အနက် ဟူ၍ လေးမျိုးရှိ ပါသည်။
၁။ စိန်အဖြူ သည် ရသာယနဆေးဖော်စပ်ရာ၌ အကောင်းဆုံးဖြစ်၏။ အလုံးစုံသော သိဒ္ဓိကိုပေးတတ်၏။
၂။ စိန်အနီသည် အလုံးစုံသော ရောဂါ၊ အိုခြင်း၊ သေခြင်းတို့ကို နိုင်၏။
၃။ စိန်အ၀ါသည် ဥစ္စာဓနကို ပေးတတ်သည်။ ကိုယ်ကို ခိုင်မြဲစေတတ်၏။
၎။ စိန်အနက်သည် ရောဂါအပေါင်းကို နိုင်၏။ အရွယ်ကို ခိုင်မြဲစေတတ်၏။
ဟု ဆေးကျမ်းများ၌ စိန်၏ ဆေးစွမ်းထက်ပုံ ကို ဖော်ပြထား ကြပါသေးသည်