Hello ,
ကြောင်ကျောက်
ကြောင် ကျောက်သည် နဝရတ် ကိုးပါးတွင် တစ်ပါး အပါအဝင်ဖြစ်ပါသည်။ ကြောင်ကျောက်ကို ကြောင်မျက်လုံးနှင့် တူ၍ (Cats eye)ဟုလည်းခေါ်ဆိုကြပါသည်။
ကြောက်ကျောက်၏သိပ်သည်းဆ မှာ၂.၅၆ ရှိကာ မာဆင့် ၆ မှ ၆.၅ ထိရှိပါသည်။
ကြောင်ကျောက် ကိုကတော့ကြောင်မျက်လုံးနဲ့တူလို့ cat's eye လို့ခေါ်ကြတာပါ မြန်မာလို ကြောင်မျက်ရွဲ (သီတကုတ်ကြောင်)လို့လည်းခေါ်ကြပါတယ်။
ကြောင်ကျောက်သည်ဖန်ရောင်လက်ရှိပြီး အလင်းပေါက်မှ အလင်းမှုန် ပါရှိ၍ ထင်ရှားသော ကွဲအင်နှစ်စုံသည် ၉ဝံ အနေအထားဖြင့် ဖြတ်သန်း တည်ရှိပါသည်။
ကြောင်ကျောက်တွင် အရောင်မဲ့ နှင့်အဖြူ ရောင် ပန်းရောင် အဝါရောင် ခရမ်းပြာရောင်များကို အများအားဖြင့် တွေ့ရှိရတတ်ပါသည်။
ကြောင်ကျောက် ကို မြန်မာ သီရိလင်္ကာ အိန္ဒိယ အမေရိကန်ပြည်ထောင်စု
တို့တွင် အများအားဖြင့် တွေ့ရှိရပါသည်
ကြောင်ကျောက်၏ ဂုဏ်သတ္တိများ မှာ
ကြောင်ကျောက်သည် သိဒ္ဓိပြီးမြောက်သည် အောင်မြင်သည် တန်ခိုးရှိသည် စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရှိရပါသည်။