Introduction myself steemit commuity

tinsan(34)
Published in
#myanmar
Words
121
Reading
1 min
9y
Listen to this post
~1 min

မင်္ဂလာပါ
Steemitmyanmar အားအသုံးပြုနေသူ ညီကိုမောင်နှမများနှင့်
ထပ်တူ မိတ်ဆွေများအား ကိုယ်စိတ်နှစ်ဖြာကျန်းမာပြီးမင်္ဂလာရှိသော
နေ့ရက်များအား ချစ်သောမိသားစုနှင့်ဖြတ်သန်းနိုင်ပြီးအောင်မြင်သော
သူများအဖြစ်ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေလို့ဆုမွန်ကောင်း
တောင်းပေးပါတယ်ခဗျာ ပထမဦးစွာအဖြစ်
ကျွန်တော်အမည်ကဦးတင်ဆန်းပါ အသက်ကတော့ ၃၁ ပါ ဇာတိကမော်လမြိုင်ပါ
အခုလက်ရှိချိန်မှာတော့ ကရင်ပြည်နယ်တွင် အလုပ်လုပ်နေပါတယ်
အလုပ်အနေနဲ့က ဘားအံခြေတုလက်တုဆိုင်ရာပြန်လည်သန်စွမ်းရေး
မှာပါ ကျွန်တော်ကိုယ်တိုင်မှာလည်း မသန်စွမ်းတစ်ယောက်အဖြစ်မို့

ကိုယ်နှင့်ဘဝတူတွေကိုကူညီရင်းကုသိုလ်လည်းရဝမ်းလည်းဝဆိုတဲ့
သဘောနှင့်အတူ တာဝန်ထမ်းဆောင်နေပါတယ်
အကယ်၍ ကရင်ပြည်နယ်ဘားအံမြို့ကိုရောက်မည်ဆိုပါက
လာရောက်လေ့လာနိုင်ပါတယ်
ကျွန်တော့်အနေနဲ့ကတော့ကိုယ့်ဘဝကိုကိုယ်ကျေနပ်တယ်ဆိုရပါ
မည်။ မသန်လည်းစွမ်းဆောင်နိုင်သမျှစွမ်းဆောင်နေတာမို့ကျွန့်တော့်
နည်းတူ ဘဝတူ မိတ်ဆွေတွေညီတွေညီမတွေရှိမယ်ဆိုဘဝကို
Fighting ပါလို့ ပြောပါရစေ။
ကျွန်တော်တို့ဌါနမှာမသန်စွမ်းတွေအတွက် အထောက်ကူပြုပစ္စည်း
များလိုချင်သူတွေအတွက်ဆိုရင်တော့ မွန်၊ကရင်၊တနင်္သာရီ၊
ပဲခူးတိုင်းအရှေ့ခြမ်း၊ကယားပြည်နယ်မှမည်သူမဆို မှတ်ပုံတင်၊
ရပ်ကွက်ထောက်ခံနဲ့အတူ အခမဲ့လာရောက်တပ်ဆင်နိုင်ပါတယ်။
အခြားပြည်နယ်တွေမြို့တွေဘာကြောင့်မရလည်းဆိုတာကလည်း
အခြားမြို့နယ်ပြည်နယ်တွေမှာ ကျွန်တော်တို့နည်းတူပြန်လည်သန်
စွမ်းရေးစင်တာတွေရှိနေတာကြောင့်ပါ။လာရောက်တပ်သူများအနေနဲ့
အသွားပြန်ခရီးစားရိတ်ကိုပြန်လည်ပေးအပ်တဲ့အပြင်နေထိုင်စား သောက်စားရိတ်အတွက်လည်း အခမဲ့ဝန်ဆောင်မှုပေးနေပါတယ်။
ကျွန်တော်ပြောတဲ့နယ်နမိတ်ထဲက မိတ်ဆွေများအနေနဲ့ကိုယ့်အနီး
နားမှာ ကျွန်တော်တို့လို့မသန်စွမ်းများရှိပါက (ကရင်ပြည်နယ်၊ဘားအံ
မြို့၊တဝန်သံကျေးရွှာ)ရှိတဲ့ကျွန်တေယ်တို့ဌါနဆီဆိုလမ်းညွှန်ပေးနိုင်
ပါတယ်ခင်ဗျာ။
ကျွန်တော်တို့မသန်စွမ်းသူတွေဆိုတာ အားငယ်နေသူမဟုတ်ပါ၊
ကိုယ့်ဘဝကိုကိုယ်အရှုံးပေးလိုက်သူတွေကမှတကယ့်မသန်စွမ်းတွေ
ပါလို့ပြောပါရစေ၊လူဆိုတာအသိုက်ဝန်းနဲ့နေမှ ယုကြည်မှုနဲ့နွေးထွေး
မှုကိုခံစားရတာပါ မည်မျှပြည့်စုံသောသူပင်ဖြစ်ပါစေအပစ်ပယ်ခံဖြစ်
နေပါက သူပြည့်စုံတယ်ဆိုတဲ့အရာတွေက ဘာမှအသုံးမဝင်နိုင်ပါဘူး
ကိုယ့်ပတ်ဝန်းကျင်နားမှာမသန်စွမ်းဖြစ်နေ အားငယ်သူဖြစ်စေမပစ်
ပယ်ထားပဲ အားပေးကူညီမှုနဲ့ကိုယ်ချင်းစာတရားကိုရင်မှာပိုက်ပြီး
ဝိုင်းဝန်းဖေးမကြပါလို့အကြံပြုပါရစေ။
ကျွန်တော်မသန်စွမ်းဖြစ်ရတဲ့အကြောင်းရင်းက မွေးရာပါမဟုတ်ပဲ
ဘော်လုံးကစားရင်းခြေထောက်ခေါက်ရာကနေ နှစ်အတော်ကြာ
ကိုက်ခဲမှုဒဏ်ကိုခံစားနေရပါတယ်။နောက်ဆုံးမတတ်နိုင်တဲ့အဆုံး
ကုသရာကနေ အမြစ်မပွှားပေမယ့်ကင်ဆာပိုးကြောင့်ကုသမရပဲ
အသက်နှစ်ဆယ်မှာခြေထောက်ဖြတ်တောက်လိုက်ပါတယ်။
အဲ့အချိန်ကာလမှာ အားမငယ်ပေမယ့်လူတွေ့မခံနိုင်လောက်အောင်
ရှက်စိတ်တွေနဲ့ပြည့်ဖုံးနေခဲ့ပါတယ်၊ကိုယ်ကအပြင်ထွက်ရင်လူတွေက
မမြင်ဖူးတဲ့အနေထားမျိုးဘာကြောင့်လဲအနေထားမျိုးနဲ့ကြည့်တာရှိသ
လို၊ဘာကြောင့်လဲ သနားစရာပါဆိုတဲ့မျက်ဝန်းမျိုးလည်းတွေ့ရှိခဲ့ပါ
တယ်။ အမှန်ဆိုကျွန်တော်တို့မသန်စွမ်းတွေကသနားစရာ သတ္တဝါ
လေးတွေမဟုတ်ပါဘူး ။ ကိုယ်အင်္ဂါချွတ်ယွင်းရုံကလွဲပြီးကျန်တဲ့
စွမ်းဆောင်မှုတွေကိုသာမာန်အကောင်းပကတိလူသားများနဲ့ရင်
ဘောင်တန်းဆောင်ရွှက်နိုင်တယ်ဆိုတဲ့သဓကတွေလည်းမိတ်ဆွေ
တို့ပတ်ဝန်းကျင်အသိုင်းဝိုင်းလူမှုဆက်ဆံမှုနယ်ပယ်မှာ အနည်းနဲ့
အများတွေ့မြင်ကြဖူးမယ်လို့ထင်မြင်မိပါတယ်။
နောက်ဆုံးအနေနဲ့ ကျွန်တော့်ရဲ့အရင်ကရှက်ရွှံ့စိတ်ကြောက်စိတ်
တွေကိုအချိန်တိုင်းတာတစ်ခုမေ့ပျောက်ဖျောက်ဖျက်လိုက်ပါပြီ
သူငယ်ချင်းတို့ရော သင်တို့ပတ်ဝန်းကျင်မှာရှိနေနိုင်တဲ့ကျွန်တော်
တို့လို့မသန်စွမ်းတွေကိုသနားစိတ်နဲ့မဟုတ်ပဲသူ့နေရာမှာငါသာဆိုရင်
ဆိုတဲ့စိတ်နဲ့ကိုယ်ချင်းစာပြီးဖေးမတွဲကူကြမှာလား?
ကျွန်တော့်အနေနဲ့ကတော့ဖေးမလို့တွဲကူပြီး မေတ္တာနဲ့ယှဉ်ပြီး
ချစ်ခြင်းတရားတွေကို လူသားချင်းကိုယ်ချင်းစာတရားနဲ့ဘဝကို
အဓိပ္ပါယ်ရှိရှိဖြတ်သန်းကြပါစေဆန္ဒပြုရင်းကျွန်တော်နှင့်ဘဝတူတွေ
ရဲ့ စိတ်ခံစားမှုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
ကျွန်တော့်ရဲ့မိတ်ဆက်စာလေးကိုစိတ်ရှည်လက်ရှည်ဖတ်ပေးကြတဲ့
မိတ်ဆွေများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
image
MSC 098

Introduction myself steemit commuity | Ecency