ရှင်သိစေဖို့

Words
58
Reading
1 min
Listen
Play
8y

ရှင် သိထားပါ

 ![image](https://img.esteem.ws/fog6ftaukv.jpg)
မချစ်တော့တာမဟုတ်ဘူး ကိုယ့်အတွက်
မရည်ရွယ်တော့တဲ့ မေတ္တာတွေကြား အရင်လို
ကျွန်မ သာယာမနေတတ်တော့လို့။

မလွမ်းတော့တာမဟုတ်ဘူး ကိုယ့်အပေါ် သတိမရ
ချင်တော့တဲ့ လူတစ်ယောက်အကြောင်း အချိန်ပေးနေစရာ
ကျွန်မ မလိုအပ်တော့ဘူးထင်လို့။

သူစိမ်းတွေ ဖြစ်သွားတာမဟုတ်ဘူး ဘယ်တော့မှ
မနီးစပ်မယ့်အတူတူ ဒဏ်ရာတွေမများခင် ကျွန်မ
ကိုယ့်လမ်းကိုယ်လျောက်ဖို့ လိုအပ်လာလို့။

မဆက်သွယ်တော့တာမဟုတ်ဘူး ကိုယ့်အသံကြားတိုင်း
ထိတ်လန့်နေတတ်တဲ့ သူတစ်ယောက်အတွက် ထပ်ပြီး
အနှောက်အယှက် ကျွန်မ မပေးချင်တော့လို့။

မမျှော်လင့်တော့တာမဟုတ်ဘူး ကိုယ့်အတွက်
မဟုတ်မှန်းသိလာခဲ့လို့ အလိုက်သင့်စွာ ကျွန်မ
နေပေးတတ်လာလို့။

ပိုင်ဆိုင်ဖို့မကြိုးစားတော့တာမဟုတ်ဘူး ကိုယ့်အနား
မနေချင်တော့တဲ့ လူတစ်ယောက်ကို ကျွန်မ
ထပ်ပြီးထွေးပွေ့ မထားချင်တော့လို့။

တစ်ချို့အရာတွေက ရှေ့ဆက်ဖို့ကြိုးစားတိုင်း
နောင်တတရားတွေက အမြဲတမ်းရှိနေတတ်တာမျိုးမို့
ရင်နာနာနဲ့ လက်လွတ်ခဲ့ရတဲ့ အခိုက်အတန့်တွေလည်း
ကျွန်မ ကြုံခဲ့ရဖူးတယ်။

#မိုးရည် စက်များ
ရှင်သိစေဖို့ | Ecency