To my all firend.

Words
57
Reading
1 min
Listen
Play
8y

သို့ မိတ်ဆွေ
image
သင်၏ အပေါ်စီးပြောသော စကားကို
မနာတတ်၍ မဟုတ်ပါ ။
ကျွန်ုပ် မိတ်မပျက်လို၍သာ
နှုတ်ပိတ်လိုက်ခြင်းဖြစ်သည် ။

သင်၏ လူလည်ကျသော လုပ်ရပ်ကို
မသိ၍ မဟုတ်ပါ ။
ကိုယ့်တစ်ကိုယ်ရည် အေးချမ်းလို၍သာ
မသိဟန်ဆောင်ပေးခြင်း ဖြစ်သည် ။

သင်၏ အတ္တကြီးသော အကျင့်ကို
ကြိုက်လွန်း၍ မဟုတ်ပါ ။
နှစ်ဦးနှစ်ဖက် အမုန်းမပွားလို၍သာ
ဖြည့်တွေးပြီး ဆက်ဆံနေခြင်း ဖြစ်သည် ။

ကျွန်ုပ် သင့်အပေါ်သည်းခံတိုင်း
ထပ်စော်ကားလို့ရသည်ဟု
မမှတ်စေချင်သလို

အလျှော့ပေးတိုင်း
'အ'လိုက်တာလို့လည်း မမြင်စေချင်ပါ ။

သူတစ်ပါးအပေါ်
စိတ်ယုတ်မာတွေ မွေးလွန်းတဲ့သူတွေဟာ
ရေရှည် လူမွေးလူရောင် မပြောင်ကြောင်းနဲ့
ခံရရင် နှစ်ဆခံရတတ်ရကြောင်း
နားလည်ထား၍သာ ဖြစ်သည် ။

Credit to အေးရိပ်

To my all firend. | Ecency