ကျမအ​ကြောင်း တစ်​​စေ့တစ်​​စောင်း
Words
166
Reading
1 min
9y
Listen to this post
~1 min
image
အားလုံးပဲ မင်္ဂလာပါရှင်
ကျ​မနာမည်​ thuzarlin@thuzarlin ထက်​မြတ်​တဲ့ မိန်းမဆိုတာ စိတ်​ဆတ်​ပြီး မဟုတ်​မခံ ရဲရင့်​တတ်​​ပေမယ့်​ ဖြူစင်​တဲ့စိတ်​နှလုံးနဲ့ ဘယ်​သူ့ကိုမှ မ​ကောက်​ကျစ်တတ်ဖူး​ ဒေါသရှိချင်​ရှိမယ်​.ဆင်​ခြင်​တတ်​လို့ တာမရှည်​တတ်​ဖူး မဟုတ်​ရင်​မခံပဲ ဒိုးဒိုး​ဒေါက်​​ဒေါက်​​ပြောချလိုက်​​ပေမယ့်​ ရင်​ထဲ အငြိုးအ​တေး မထားတတ်​ဖူး။
ကျ​မနာမည်​ thuzarlin@thuzarlin စမတ်​ကျခါ ရဲရင့်​သွက်​လက်​​ပေမယ့်​ ကလက်​တတ်​တက်​.ဟန်​ပန်​ တစ်​စက်​မရှိပဲ တည်​ကြည်​ခန့်​ငြားတယ်​ အမှတ်​ထားလို့ ပြတ်​သားတတ်​​ပေမယ့်​ ​တော်​တန်​ရုံ​လောက်​နဲ့​တော့ စကား အကျ​အနကောက်​လို့ စိတ်​ဆိုးစိတ်​​ကောက်​ မလုပ်​တတ်​ဖူး သူတထူး​ပေးတဲ့ နာကျင်​ခြင်း​ကိုလည်း သူ့ နှလုံးသားထဲ အကြာကြီးလက်​ခံ သိမ်းပိုက်​လို့ စိတ်​ရှုပ်​ မခံတတ်​ဖူး။
ကျ​မနာမည်​ thuzarlin@thuzarlin မိန်းမသားတစ်​​ယောက်​ဟာ ထက်​မြတ်​​လေ​လေ.အထီးကျန်​​လေ​လေပါ ဘာလို့ဆို ထက်​မြတ်​ပြီး.အရည်​အချင်းရှိတဲ့ ​ယောက်​ကျားတစ်​​ယောက်​အနား မိန်းမသားအများချဉ်းကပ်​တတ်​​ပေမယ့်​ သိပ်​​တော်​ သိပ်​ထက်​တဲ့ မိန်းမသားအား ​တော်​တန်​ရုံ​ယောက်​ကျားများ အနားလာ မသီရဲတာဟာ ဘယ်​သူမှငြင်းဆန်​လို့ မရပါဖူး ဒါဟာ ဘာလဲဆိုရင်​ မြန်​မာလူမျိုးပီပီ ​ရှေးထုံးနဲ့အညီ လင်​သားကို.ဘုရားလို ကိုးကွယ်​ခံချင်​တဲ့ စိတ်​​ကြောင့်​ပါပဲ ​ယောက်​ကျားအ​တော်​များများဟာ ဘယ်​ မိန်းမသား​ရှေ့​မှောက်​မှ ဒူး​ထောက်​​မော့ဖူးရမယ့်​ အလုပ်​မျိုး မလုပ်​ချင်​ကြပါဘူး ဒါဟာ မှားတယ်​လို့​တော့ မဆိုနိုင်​ပါဖူး ​ခေတ်​အဆက်​ဆက်​.အခွင့်​ထူးခံ ​ထောင်​ပိုင်​ကြီးများအဖြစ်​ ​ယောက်​ကျား အ​တော်​များများ.စံစားလာခဲ့ကြတာ သူတို့မျက်​မြင်​မို့ပါပဲ အဲ့အတွက်​ မက်​​ပေမယ့်​ သို့ မဟုတ်
ချစ်​​ပေမယ့်​ မဖြစ်​နိုင်​ဖူးလို့ သ​ဘောပိုက်​ ခပ်​မိုက်​မိုက်​စတိုင်​နဲ့ သိပ်​လှပြီး ထက်​မြတ်​တဲ့ မိန်းမသား​တွေအနားက ​ရှောင်​ခွာသွားလိုက်ကြတာပါ ဒါ​ပေမယ့်​ သူတို့မသိတဲ့အချက်​ တစ်​ချက်​ရှိတာကို​တော့ သူတို့ မသိမမြင်​ကြပါဖူး ပိန်း​လေ မမြင်​​လေ စာမတတ်​​လေ မဖတ်​တတ်​​လေ.ဆိုသလိုပါပဲ ဒါဟာ ဘယ်လိုအချက်​​လဲဆိုရင်​​တော့ ထက်​မြတ်​တဲ့ သူတို့ရဲ့နှလုံးသားမှာ သာမာန်​.မိန်းမသား​တွေထက်​ ချစ်​တတ်​ပြီး သစွာတရားကို အလွန်​ အ​လေးထားတယ်​ဆိုတာပါပဲ။
ကျ​မနာမည်​ thuzarlin@thuzarlin ရိုးသား​ပေမယ့်​ နိုးကြားတက်​ကြွတယ်​ အလှမမက်​​ပေမယ့်​ စိတ်​ဓာတ်​က သိပ်​လှတယ်​ ထက်​မြတ်​​လေ​လေ ဘဝအတွက်​ ရည်​မှန်းချက်​ကြီး​လေ​လေ အချိန်​​တွေ အလကား​ပေး.ချစ်​သူကို အ​ပျော်​ ကစားဖို့​ဝေး ​နောင်​​ရေးပါမှ တသက်​စာ​တွေးလို့ ချစ်​တတ်​ကြသူ ​တွေမို့ အထီးကျန်​ရပါ​စေ တ​နေ့​နေ့ တချိန်​ချိန်​ ထိုက်​တန်​သူတွက် အလွန်​​လေးမြတ်​တဲ့ သူတို့ရဲ့အချစ်​​တွေ.ပုံ​အော​ပေးဖို့ အဆင်​သင့်​ဖြစ်​​နေတတ်​ပါ​သေးတယ်​ အားလုံးကို ​ကျေးဇူးတင်​ပါတယ်​ရှင်​။
thuzarlin@thuzarlin
ကျမအ​ကြောင်း တစ်​​စေ့တစ်​​စောင်း | Ecency