ကျွန်နော်ရဲ့အကောင့်ဖွင့် ပို့စ်စတင်ပြီး တင်ပြလိုက်တဲ့ ပထမဆုံးပိုစ့်သည် မိတ်ဆက်စာဖြစ်ရမည်ဟု သဘောပေါက်နားလည်ထားပါတယ်။လွန်ခဲ့တဲ့ နှစ်ရက်သုံရက်လောက်က မိတ်ဆက်စာမရေးတက်ရေးတက်နဲ့ လိုရင်းတိုရှင်းလောက် ရေးသားတင်ပြဖြစ်ခဲ့ပါတယ်။ကျွန်နော်ရေးသားတင်ပြလိုက်သော ကျွန်နော်၏မိတ်ဆက်ပိုစ့်အောက်မှာ စေတနာရှင်အချို့က အကြံဥာဏ်တွေကို ပေးလာခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ အကြံပေးကာ ကော်မန့်ချပေးလာသော ထိုသူတို့အား ကျွန်နော်အနေအဖြင့် အထးးကျေးဇူးတင်ရှိပါကြောင်း ဤနေရာကနေ ပြောကြားတင်ပြလိုက်ပါတယ်ခင်ဗျာ။
ကျွန်နော်အနေဖြင့် ပွင့်ပွင့်လင်းလင်းပြောရလျှင် စာရေးပို့စ်တင်ရင် ဒေါ်လာရမည်ဆိုလို့သာ ဝါသနာအရ စိတ်အားထက်သန်နေမိတာပါ။ကျွန်နော်တို့မြန်မာနိုင်ငံမှာ အင်တာနက်ဖြတ်တောက်ခြင်းကို ခံစားနေရပါတယ်။အင်တာနက်ကို မည်သည့်အချိန်မှ ပြန်လည်သုံးစွဲခွင့်ရမည်ကို အချိန်ကာလအတိအကျမသိရှိရသေးပါဘူး။အင်တာနက်မရရှိတော့ အွန်လိုင်းနဲ့ပတ်သက်သော အလုပ်ကိစ္စမှန်သမျှ ဘာတစ်ခုမှ လုပ်ကိုင်ဆောင်ရွက်လို့မရဘူးပေါ့ဗျာ။လိုင်းသုံးစွဲလို့မရရှိနိုင်တော့ ကျွန်နော်စိတ်အားထက်သန်စွာလုပ်ကိုင်ချင်နေတဲ့ စာရေးပြီးပို့စ်တင်သောအလုပ်ကို လုပ်လို့မရ သိပ့်ကိုခက်ခဲလွန်းလှပါတယ်။အင်တာနက်ဖြတ်တောက်ခြင်းခံထားရတော့ ကျွန်နော်တ်ု့မြန်မာပြည်မှာ ဝိုင်ဖိုင်ဆိုတာကြီးကို အဓိက အားကိုးအားထားပြုနေကြရပါတယ်။ဒါပေမဲ့ ကျွန်နော်မှာ ဝိုင်ဖိုင်စက်မရှိဖြစ်နေပါတယ်။
ဒီနေရာမှာ စာဖတ်သူမိတ်ဆွေတို့အနေ့ဖြင့် တွေးကောင်းတွေးနိုင်ပါလိမ့်မယ်။
မင်းတို့မြန်မာပြည်မှာ အင်တာနက်ပိတ်ခြင်းကိုခံထားရတယ်ပြောတယ်။မင်းမှာ ဝိုင်ဖိုင်စက်မရှိဘူးလဲပြောတယ်။ဒီလိုဆိုတော့ မင်းကဘယ်လိုစာရေးပြီးပိုစ်တင်နိုင်ဖို့ အွန်လိုင်းပေါ်တက်လို့ ရနေတာလဲလို့ မိတ်ဆွေတို့အနေဖြင့် မေးကောင်းမေးကြပါလိမ့်မယ်။ဟုတ်ကဲ့ ကျွန်နော်ရဲ့မဟာအခက်ခဲကိုဖြေရှင်းပြရလျှင် အင်တာနက်မရရှိတော့ ဘာမှလုပ်ကိုင်လို့မရပေမယ့်လဲ ဝိုင်ဖိုင်စက်မရှိတော့ ဝိုင်ဖိုင်လိုင်းရရှိမည့်နေရာကိုသွားရပါတယ်။ပထမဦးစွာအနေဖြင့် စာရေးပြီးပို့စ်တင်ပြနိုင်ဖို့အရေး အိမ်မှစာထိုင်ရေးရပါတယ်။စာရေးလို့ပြီးဆုံးပြီဆိုလျှင်တော့ ကျွန်နော်နေထိုင်တဲ့ရပ်ကွက်ထဲမှာရှိတဲ့ ဝိုင်ဖိုင်ရရှိနိုင်မည့် တည်နေရာကိုရှာဖွေသွားရောက်ရပါတယ်။လိုင်းရရှိသည့်နေရာရောက်ရှိခဲ့ရင် အေးအေးဆေးဆေး ပို့စ်တင်လို့မလွယ်ကူနိုင်ခဲ့ပါဘူး။အဓိကပြသနာအကြောင်းရင်းကတော့ ဝိုင်ဖိုင်လိုင်းမကောင်းခြင်းကြောင့်ဖြစ်ပါတယ်။လိုင်းမကောင်းတော့ စာရေးပိုစ့်တင်သည့်ဆိုဒ်ကို ဖွင့်ရတာအလွန်ခက်ခဲ့ပါတယ်။အချိန်အတော်ကြာစွာစောင့်တော့မှဆိုဒ်ကပွင့်လာပြီး ရေးထားတဲ့စာကိုဆိုဒ်ပေါ်ရောက်ဖို့အတွက်ပို့စ်တင်သည့်အလုပ်ကို ဆက်လက်လုပ်ဆောင်ပါတယ်။ဝိုင်ဖိုင်လိုင်းမကောင်းခြင်းကြောင့်ကျွန်နော်ရေးတင်သည့်ပိုစ့်ကိုဆိုဒ်ထဲရောက်ဖို့ သုံးခါလေးခါပြန်တင်မှဆိုဒ်ထဲသို့အောင်မြင်စွာရောက်ရှိသွားသည့်အချိန်မှာ စိတ်၏ပျော်ရွှင်ကျေနပ်ခြင်းများ ရရှိခဲ့ရပါကြောင်း ပြောကြားရင်းနဲ့ ကျွန်နော်ရေးသားချက်ကို ဒီမှာရပ်နားလိုက်ပါရစေခင်ဗျာ........။
author: @thurawinkyaw
photo images: unsplash.com