ဤဘဝတွင်

Words
30
Reading
1 min
Listen
Play
5y

အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ မျက်လှည့်ပမာ တွေ့မြဲသာတည်း။
ဘဝသည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသော မှောင်သော
အောင်သော ရှုံးသော
မုန်းသော ချစ်သော
သစ်သော ဟောင်းသော
ပူသော အေးသော
နုသော ကြမ်းသော
စောကြောစိတ်ဖြာ မနေပါပေ။
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘဝ အားမာန်ပြရင်း
ရုန်းရကန်ရမည်တကား။
thunthun@thunthun

ဤဘဝတွင် | Ecency