ပြုခဲ့​သော ... ကုသိုလ်

Words
67
Reading
1 min
Listen
Play
8y

FB_IMG_1532752412599.jpg
Image source

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာ ချမ်းသာ ကြပါ​စေ။

မ​နေ့က ဝါဆိုလပြည့်​​နေ​ဆို​တော့ ဘုရားသွား၊​ကျောင်းသွား​တွေ အများဆုံးရက်​တစ်​ရက်​​ပေါ့။အားလုံးက ကုသိုလ်​ယူ တရားပွားများကြတဲ့ရက်​ဆိုလည်း မမှားပါဘူး။တချို့လည်း သူငယ်​ချင်း​တွေစုပြီး ​ကျောင်းပိတ်​ရက်​မှာ အပြတ်​ကဲ​နေကြမှာ​ပေါ့​လေ။အားလုံးရဲ့​အားလပ်​ရက် ဆို​တော့ တစ်​ခုခု​တော့ လုပ်​ဖြစ်​မယ်​ထင်​ပါတယ်​။ကျွန်​မက​တော့ ဘယ်​မှ မသွားဘဲနဲ့ ဘုန်းကြီး ​ကျောင်းကို ဆွမ်းကပ်​ဖို့ သူငယ်​ချင်း​တွေနဲ့အတူ တစ်​မနက်​လုံး လုံးပန်းခဲ့တယ်​။ရွာထဲက ဘုန်းကြီး ​ကျောင်း​လေး​ရောက်​ဖူးသွားတာ​ပေါ့။ဘုန်းကြီး​ကျောင်းကြီးကလည်း အကြီးကြီး ဓာတ်​ပုံရိုက်​စရာ​တွေကလည်း​ပေါဆို​တော့ ဓာတ်​ဖမ်းခဲ့ပြန်​​တယ်​​လေ။ဘုန်းကြီး​ကျောင်းသွားပြီး ကုသိုလ်​ ယူရင်း ဓာတ်​ဖမ်းရင်း။

အခြား​နေ့​တွေမတူ ပင်​ပန်းခဲ့​ပေမယ့်​ စိတ်​ကြည်​နူးတယ်​။အခုလို ကုသိုလ်​ ​လေး​တွေ သိပ်​မလုပ်​ဖြစ်​တာ ဝန်​ခံပါတယ်​။ ​နေ့ထူး​နေမြတ်​လည်းဖြစ်​ ​ကျောင်းလည်းပိတ်​ နှစ်​ခုလုံး တိုက်​သွား​တော့ လုပ်​ဖြစ်​ခဲ့ပြီ​လေ။ကိုယ်​ပြုခဲ့တဲ့ ကုသိုလ်​ နည်းနည်းများများ ​တွေးပြီး ကြည်​နူးစိတ်​ဝင်​မိတယ်​။ပင်​ပန်းရကျိုးလည်းနပ်​တယ်​​လေ။ဆွမ်းပို့တဲ့အကျိုး​ရော သီလ​စောင့်​တည်​တဲ့ အကျိုး​ရော နှစ်​ခုလုံးရတယ်​။ ကျွန်​မပြုခဲ့သမျှ ကုသိုလ်​ အညီအမျှ ရကြပါ​စေလို့ ​မေတ္တာ ပို့သရင်း အဆုံးသတ်​လိုက်​ပါတယ်​။

အားလုံးကို ​ကျေးဇူးတင်​ပါတယ်​။
thithisann@thithisann
Msc 262