အားလုံးပဲ မင်္ဂလာပါ ရှင့်။ကျန်းမာချမ်းသာ ကြပါစေ။
ဒီတစ်ပတ်တော့ proရက်ရောက်လာပြန်ပြီဆိုတော့ မရေးမဖြစ်ရေးရအုံးမယ်လေ။ဟိုနေ့ proပြီးကတည်းက daily postတောင် မတင်ပဲ နားထားတာဆိုတော့ ဒီနေ့ တော့ အတိုးချတင်ရအုံးမယ်။ဒီနေ့ တနင်္ဂနွေ ဆိုတော့ အားလုံးရဲ့ အားလပ်ရက်ပေါ့နော်။ဒီလို အားလပ်တဲ့ အချိန်တွေမှာ သူငယ်ချင်းတစ်တွေ သွားကြ၊လာကြနဲ့တစ်နေကုန်ကဲနေကြသူတွေလည်း ရှိကြမှာပါ။ဒီရက်ကလေး နားတာကို လည်ရမှာပေါ့ အပြစ် မမြင်ပါဘူးလေ။တချို့လည်း မိသားစု အတွက် အချိန်ပေးရလို့ ဘယ်မှမသွားဘဲ အိမ်တွင်းပုန်းနေကြမယ် ထင်ပါတယ်။ဒါလည်း ကိုယ့်အတွက်အမြတ်ပဲလေ။ဗိုက်ဆာရင် ထစားလိုက်။TVလေး ကြည့်လိုက်။အိပ်ချင်ရင် သွားအိပ်လိုက်နဲ့ ဇိမ်ကြနေမှာ အသေအချာပါ။အားလုံးမှာတော့ ကိုယ်ဆီ ပျော်ရွှင်မှုတွေလည်း ရှိကြသလို စိတ်ဆင်းရဲရမယ့် အကြောင်းတွေလည်း ရှိကြမှာပါ။ဒါကတော့ ကိုယ့်အကြောင်းကိုယ်ကို ဘယ်တတ်နိုင်မလဲ။
Image crd:facebook
အခုလိုအားလပ်ရက်မှာ လူငယ်လူရွယ်လေးတွေ ပြောရရင် Uniကျောင်းသူလေးတွေ၊အလုပ်ဝင်မကြာသေးတဲ့ ကောင်မလေးတွေအတွက် တော့ အပျော်ကြီးပျော်ပြီး လျှောက်လည်နေကြလိမ့်မယ်ထင်တယ်။ဒီကျွန်မတို့ ကျောင်းဘက်ကတော့ အစီစီလည်ကြတယ်။လည်တာကို မပြောလိုပါပေမယ့် အပျော်လွန်တာကတော့ မကောင်းဘူးပေါ့နော်။ဒီလိုရက်မှာ ရုပ်ရှင်တွေ အုပ်စုလိုက်ကြည့်မယ်၊ဘုရားတွေ အဖွဲ့လိုက် သွားဖူးကြမယ်။အားလုံးက အဖွဲ့လိုက် ဝုန်းနေကြမှာ မြင်ယောင်မိသေးတယ်။ဒါပေမယ့် မဟုတ်တဲ့နေရာတွေမှာ လူရာဝင်တယ်လို့ ထင်နေကြတဲ့ ကောင်မလေးတွေအတွက်တော့ စိတ်မကောင်းဖြစ်မိတယ်။အခုခေတ် ကောင်မလေးတွေက ဟိုတုန်းကလိုမဟုတ်တော့ဘူး။ယောကျာ်းတွေနဲ့တန်းတူ ရင်ဘောင်တန်းနေကြတဲ့ခေတ်ဆိုတော့ ပြောရမှာတော့ အားနာတယ်။
ဒါပေမယ့် မပြောရင်လည်း မကောင်းဘူးဖြစ်နေပြန်တော့ မနေနိုင်တဲ့ ကျွန်မကပဲ ပြောလိုက်တော့မယ်။အပျော်အပါး..အပျော်အပါးနဲ့ ....အဲ့ခေါင်းစဉ်အောက်မှာ အတော်လေး ပျက်စီးနေကြတာတွေ့ရတော့ စိတ်မကောင်းဖြစ်မိတယ်။ထန်းတောဆိုတဲ့ နေရာမျိုးဆိုတာ ယောက်ျား သားကြီးတွေပဲ ရှိကြမယ့်နေရာမျိုး မဟုတ်ပါလော။အခုတော့ဖြစ် မိန်းကလေးတွေ အဖွဲ့လိုက် ထန်းတောမှာ ထိုင်နေကြပြီ။ထန်းရည်တွေ သောက်နေကြပြီ။အဲ့လိုတွေ လုပ်ရမှ အပျော်တွေလို့ ထင်နေကြလေသလော။ပြောလိုက်ရင် အခုခေတ်က မိန်းကလေးနဲ့ ယောကျာ်း လေး ရင်ဘောင်တန်းတဲ့ ခေတ်တဲ့။နားလည်မှုတွေ လွဲနေကြပြီ။
သူများနှစ်သစ်ကူးလည်း ကောင်မလေးတွေသောက်ကြတယ်။Happy newyear ဆိုလည်း သောက်ကြတာပဲ။ကျောင်းမှာ ယဉ်စည်းကမ်း၊လမ်းစည်းကမ်းဟောပြောပွဲလာတုန်းက accident ဖြစ်တဲ့ပုံတွေ ပြတော့ ကောင်မလေးတွေ လမ်းမှာ မူးပြီး လဲနေကြတာ ရုပ်ပျက်ဆင်းပျက် ပုံတွေကို မြင်လိုက်ရတော့ မိန်းကလေးတွေ အတော်ပျက်စီးနေကြပြီလို့ တွေးမိတယ်။တစ်ခုခုပွဲရှိရင် ယောက်ျား လေးတွေလို သောက်ပြီး မူးနေကြတာ ရှက်စရာကောင်းတယ်။
Image crd:facebook
အသိစိတ်တွေ ပြောင်းပြန်ဖြစ်နေကြပြီ။ဒါလားမြန်မာ...အယဉ်ကျေးဆုံး လူမျိုး၊အရှက်သိက္ခာ အရှိဆုံး လူမျိုး။အခုတော့ ထန်းတောမှာ အပျိုလေးတွေ မူးနေကြပြီ။မရောက်သင့်တဲ့နေရာတွေကို သွားနေကြပြီ။မသောက်သင့်တဲ့ အရည်တွေ မော့နေကြပြီ။မြတ်စွာဘုရား ဟောကြားသော တရားများအား လိုက်နာမှု မရှိကြတော့ဘူးလား??ထိန်းသိမ်းပါ။စောင့်တည်ကြပါ။ခေတ်ကပြောင်းနေတာလား လူတွေက ပြောင်းနေတာလား သတိထားပါ။ခေတ်ကြီးပြောင်းနေပြီဆိုပြီး အရင်က စိတ်မကူးဖူးသော အရာများအား နှစ်နှစ်ခြိုက်ခြိုက် လုပ်နေကြပြီ။စိတ်ကူးမယဉ်ဖူးသော နေရာများမှာ ရောက်နေကြပြီ။မိန်းကတွေ တော်တော်များများ လိုက်နာမှုမှားနေကြသည်။
Image crd:facebook
မြန်မာ့ယဉ်ကျေးမှုဆိုတာ စာရွက်ပေါ်က စာလုံးလေးသာသာပဲရှိတော့တယ်။အားလုံးက ပြောင်းလဲနေကြပြီ၊ပြောင်းလဲလိုက်ကြပြီ။နည်းပညာတိုးတက်မှုပေါ် လိုက်ပြီး ခက်ဗျားတို့ပြောင်းစရာမလိုပါဘူး။အခုက ခေတ်ကပြောင်းနေတာမဟုတ်ဘူး။လူကပြောင်းနေတာ။KTVဆိုတာ မြန်မာတွေအတွက် ဘယ်လိုမှမအပ်စပ်တဲ့နေရာပါ။သို့သော် အပေါဆုံး အဆောက်အဦးက KTVပါ။ငွေဆိုတဲ့ခေါင်းစဉ်အောက်မှာ နစ်မြုပ် နေကြတဲ့ တို့မြန်မာ အမျိုးသမီးတွေ သနားမိတယ်။မလုပ်လည်းမစားရ။လုပ်လည်း ဂုဏ်သိက္ခာဆိုတာ ဘာလဲမေးရတော့မယ့်အဖြစ်။အပန်းဖြေတာ KTVတစ်ခုပဲ ဖြေလို့ရတာ မဟုတ်ပါဘူး။အခြား နည်းလမ်းတွေရှိပါတယ်။မကောင်းသော လုပ်ရပ်တွေကို နှစ်ဦးနှစ်ဖက် အတိုင်ပေါက်ညီညီနဲ့ ဘဝကို ဖျက်စီးနေကြတယ်။မြန်မာကို ဖျက်စီးနေကြတယ်။
Image crd:facebook
ကလေးငယ်ငယ်လေးတွေ အသက်၁၂နှစ်အရွာ်လောက်ကလေးတွေကလည်း ဆေးလိပ်လေး တဖွာဖွာ၊ကွမ်းလေး တဖျစ်ဖျစ်နဲ့ နေရမှ စတိုင်ကြတယ်ထင်နေကြသလား??အံ့သြမိတယ် ။ဘယ်လိုအတွေးတွေ ဘယ်သူက ရိုက်သွင်းပေးလိုက်သလဲ ကလေးရယ်။ဆိုင်ကယ်တောင် ကောင်းကောင်းမနိုင်သေးတဲ့ ကလေးက ဆိုင်ကယ် စီးတာ ကြမ်းပြီး အသံကျယ်ကျယ်မှ စီးချင်ကြတယ်။အရွယ်ရောက်ပြီးသား လူပျိုတွေလို လိုက်ကျင့်နေကြတယ်။ကောင်းသော အတုတွေမခိုးဘဲ မကောင်းတဲ့အရာကြ တစ်ပုံစံတည်း ဖြစ်အောင် ထွင်းထုနေကြတယ်။ပညာမရှာဘဲ အလုပ်ကြမ်းလုပ်ရတယ် ဆိုပြီး အရွ့ယ်ရောက်ပြီ မှတ်ယူနေသလော။စကားပြောပုံက ဆရာကြီးလိုလို နေပုံထိုင်ပုံက ကလေးနဲ့မတူ ။လမ်းမှာ ကောင်မလေးတွေများ မတွေ့လိုက်နဲ့ ပါးစပ် ကစည်းမစောင့် ဟိုဟိုဒီဒီလိုက်စနေရကြပြီ။အရွယ်က ကလေးပဲရှိသော်လည်း အမူအကျင့်က အရွယ်ရောက်ပြီသားလိုပဲ ကျင့်နေကြတာ မြင်တော့ ဘယ်သူ့ကို အပြစ်တင်ရမလဲ မသိတော့ဘူး။
Image crd:facebook
အရင်တုန်းက Internetဆိုတာ ဖြူလားမဲလား မသိခဲ့ဘူး။အားလုံးက ပျော်ပျော်ပါးပါး ကလေးတွေစုပြိး ကစားနည်းပေါင်းစုံကစားခဲ့ကြတယ်။ကလေးဘဝရဲ့ အရသာကို မြိန်ရေရှက်ရေ ခံစားခဲ့ဖူးတယ်။အခုခေတ်များ မဟုတ်ပေါင် ကလေးငယ်ငယ်ကအစ ဖုန်းကြည့်နေပြီ။ဂိမ်းဆော့ဖို့ အားသန်နေကြတော့သည်။ကျောင်းစာလည်း သေချာမလုပ်၊ပျော်ပျော်ပါးပါးကစားတာလည်း မရှိနဲ့ နည်းပညာရဲ့ နှိပ်စက်ခြင်းကို ခံစားနေကြရပြီ။ဆယ်တန်း ကျောင်းသူတွေ၊ကျောင်းသားတွေ Accတွေ ဖွင့်ပြီး FBပေါ် ပလူပျံ အောင် ပုံတွေတင်ကြ၊မန့်ကြနဲ့ အဟုတ်ကြီးဟုတ်နေကြတာ။မဟုတ်တဲ့ အရာတွေပေါ်မှာ အဟုတ်ထင်ပြီး အုံခဲနေကြတာ။ဘာတွေရလဲ??ဘာတွေဖြစ်လာလဲ??သုံးသပ်ကြပါ။
Image crd:facebook
အတော်လေး ကို ပျက်စီးနေကြပြီ။သူများနိုင်ငံတွေ တစ်နေ့တစ်ခြား ဒီရေအလား တိုးတက်နေတဲ့ခေတ်မှာ တို့မြန်မာတွေက ဒီရေအလား ပျက်စီးနေကြပြီ။နည်းပညာ၊ခေတ်စနစ်အောက်မှာ ဒဏ်မခံနိုင်ကြတော့ဘူး။ကျရှုံးနေကြပြီ။လုပ်သင့်တဲ့ စာအုပ်စာပေလိုက်စားတာမျိုးကြ လိုက်စားသူ လက်ချိုးရေလို့ရသည်။အားလုံးက အပြုသဘောဆောင်သည့် ဘက်ကို ရွေးနေကြတာ သတိမထားမိတာများလား??ပျက်စီးခြင်း(အပြုသဘော)။အရူးအမူးဖြစ်လုပ်အောင် သုံးနေကြတာတွေ ရပ်သင့်နေပြီ။အချိန်တွေကို အကျိုးရှိရှိ အသုံးချဖို့ ရောက်ခဲ့တာကြပါပြီ။အခုထိ ပြောင်းလဲသော ရာခိုင်နှုန်း နည်းနေသည်။
နေချင်လိုက်တာ အဆင့်မြင့်မြင့်၊စားချက်လိုက်တာ အကောင်းစားတွေ၊ဝတ်ချက်လိုက်တဲ့ Brandအကောင်းစားတွေ။ခင်ဗျားတာ တကယ်လိုချင်တာ မှန်ရင် ခင်ဗျားကိုယ်တိုင် လုပ်ယူလို့ရတယ်။ခင်ဗျား စားချင်တဲ့ အစားစာတွေ၊ဝတ်ချင်တဲ့ အကောင်းစားအဝတ်တွေ တစ်နေ့ ခင်ဗျားကိုယ်တိုင် မထုတ်နိုင်ဘူးလို့ ဘယ်သူမှမပြောနိုင်ဘူး။ခင်ဗျားလုပ်ရင် ဘာမဆိုဖြစ်နိုင်တယ်။တကယ်ပြင်းပြတဲ့ စိတ်ဆန္ဒလေးတော့ ရှိဖို့လိုတယ်။ကျွန်မတောင် ခင်ဗျား ကုမ္ပဏီ ကထုတ်တဲ့ အစားစာတွေ၊အဝတ်အထည်တွေ တစ်နေ့ ဝယ်ယူပြီး ဝတ်နေချင်ဝတ်နေရမှာ။ကျွန်မက မြန်မာက ထုတ်တဲ့ Qualityကိုပဲကြိုက်တာ။အခုတော့ ထိုင်း၊ယိုးဒယား တွေပဲ brandရှိတော့ မြန်မာဆိုတာ qualityကောင်းတဲ့ ပစ္စည်း တွေ မထုတ်ကြတော့ဘူးလား။ကုန်ကြမ်းတွေ ပေါပြီး ကုန်ချောအဖြစ်သို့ မပြောင်းနိုင်ကြတော့ဘူးလား??ကိုယ့် ကုန်ကြမ်းနဲ့ကိုယ် ကိုယ့်နိုင်ငံမှာပဲ ကြီးပွားအောင်နေလို့ရတယ်နော်။အဓိကက ပြင်းပြတဲ့ ဆန္ဒလေးပဲ ရှိဖို့လိုတာပါ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Image crd:Facebook
@thithisann
Author ThiThiSan
Msc 262