အားလုံပဲ မင်္ဂလာပါ ရှင့်။ကျန်းမာ ချမ်းသာကြပါစေ။
ဒီနေ့တော့ သူငယ်ချင်းတွေနဲ့ video call ပြောပြီးခဏအကြာ အရင်တုန်းကအကြောင်းတွေက အတွေးထဲ နေရာယူလာတော့တယ်။သူတို့နဲ့ခွဲရတာ ၁နှစ်တောင်မပြည့်သေးပေမယ့် စိတ်ထဲတော့ အတော်ကြာနေပြီလို့ခံစားရတယ်။သြော် ....သူငယ်ချင်းတွေ ငါနင်တို့ကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။နင်တို့တွေ အလုပ်ခွင်အသီးသီးမှာ တာဝန်ကိုယ်ဆီ နဲ့ ဘဝအတွက်ကြိုးစားနေချိန်မှာ နင့်သူငယ်ချင်းငါကတော့ နောက်တစ်ဆင့်တက်လှမ်းဖို့ ပညာတွေဆက်လက်ဆည်းပူးနေရတာပေါ့။ငါတို့တွေ ကိုယ်ဆီလမ်းတွေ ရွေးပြီး လျှောက်လှမ်းခွင့်ပေးလိုက်တဲ့ လောကကြီးကို ငါကတော့ ကျေးဇူးမတင်ဘူး။အတူလျှောက်လှမ်းဖူးပြီးမှ ဒီလို ခွဲရက်တယ်ဆိုပြီး မကျေနပ်ဘူး။ဒါပေမယ့် ဘဝဆိုတာ အဲ့လိုပဲ ဆိုတာ ငါသိနေပါပြီ။ငါတို့တွေ တွေ့ဆုံခဲ့တာ တစ်နေ့ ခွဲခွာဖို့အတွက်ဆိုတာ ငါကောင်းကောင်းကြီးသဘောပေါက်နေပြီ။
Image source
ဟိုအရင် ပထမနှစ်ရောက်စက တို့တွေ တို့တွေ စကားတွေမပြောရဲ မခေါ်ရဲနဲ့ တစ်ယောက်နဲ့တစ်ယောက် အကြည့်လေးတွေနဲ့ပဲ ခင်ခဲ့ကြတယ်။သိပ်မကြာလိုက်ပါဘူး ညီမအရင်းတွေလို ပုခုံးကိုယ်ဆီဖက်ပြီး ကျောင်းတော်ကြီးဆီ သွားခဲ့ကြတယ်။စာတွေနားမလည်လို့ အတင်းလိုက်မေးပြီး အသံကျယ်ကြီးနဲ့ စာတွေကျက်ခဲ့ကြသေးတယ်နော်။စိတ်သဘောထာမတိုက်ဆိုင်လို့ တစ်ယောက်နဲ့တစ်ယောက် အမြင်တွေစောင်းလည်း ခဏပါပဲ မနေနိုင်ဘူးဆိုပြီး အတူတူဖက်ပြီး ငိုခဲ့ရသေးတယ်။ရုပ်ရှင်တွေအတူတူကြည့်ဖို့ ကျောင်းတွေလစ်လို့ ဆရာမကြ ခေါ်ပြီးသတိပေးတော့ တို့တွေ စိတ်မကောင်းမဖြစ်ဘဲ အတူတူ ရယ်ခဲ့ကြသေးတယ်။အဲ့အချိန်တုန်းက တို့တွေပြောခဲ့တဲ့ စကားလေးတောင် အခုထိကြားယောင်နေတုန်း ဘာတဲ့ "ဘယ်လောက်ဆူဆူ တို့သူငယ်ချင်းတွေ အတူတူသွားခဲ့လာခဲ့ရရင်ကို ကျေနပ်တာ" ဆိုပြီးလေ ။တို့တွေအတော်ဆိုးခဲ့ကြတယ်။ကျောင်းကဆရာမတွေနဲ့ ကျောင်းဘောလုံးပွဲတွေ အပြိုင်အားပေးလို့ ရန်တွေသတ်ခဲ့ကြသေးတယ်နော်။အဲ့တုန်းကနင်တို့တွေ ကက်ကက်လန် ရန်တွေ့တဲ့ပုံရိပ်တွေက အခုချိန်ငါ့အတွက် ချစ်စရာပုံရိပ်တစ်ခု အဖြစ် လောကကြီးက ချီးမြှင့်ထားလေသလား....ရယ်နေမိတယ်။
ဘာပဲဖြစ်ဖြစ် ငါကတော့ ယနေ့ခေတ်ကမ္ဘာကြီးကို ကျေးဇူးတင်မိတယ်။ဘာလို့လဲဆိုတော့ တို့တွေလူချင်းဝေးပေမယ့် အချိန်မရွေး ခေါ်နိုင်တယ်၊ပြောနိုင်တယ်။အနေဝေးလို့ သွေးအေးစရာအကြောင်းမရှိတော့ဘူးပေါ့။ငါနင်တို့ကို သတိရလို့ ဒီစာလေးကို ရေးနေပေမယ့် နင်တို့တွေ သိကြမှာမဟုတ်ဘူး။ဒါပေမယ့် ငါကျေနပ်ပါတယ်....အနည်းဆုံးတော့ ငါသတိရနေတာ ဒီsteemit က အကိုတွေ၊အမတွေ၊ဆရာတွေကို ရင်ဖွင့်ခွင့်ရလို့လေ။ကံကောင်းလို့ ဒီစာလေးတွေ့ဖြစ်ကြရင် ငါနင်တို့တွေနဲ့ ပျော်ခဲ့ဖူးတဲ့ အချိန်တွေ၊စိတ်ဆိုးစိတ်ကောက် ခဲ့ဖူးတဲ့ အခိုက်အတန့်တွေကို ငါသတိတရရှိနေတယ်ဆိုတာ နင်တို့မြင်ပါစေ။
Facebookပေါ်တင်ဖို့လည်း ငါစိတ်မကူးပါဘူး နင်တို့တွေ ငါ့လိုခံစားပြီး စိတ်မကောင်းမဖြစ်စေချင်ဘူး။ဒီအတိုင်းလေး မသိမသာလေး တစ်ထောင့်တစ်နေရာက လွမ်းနေရတာကိုပဲ ငါကျေနပ်မိတယ်။ ငါခံစားမိတယ်...ဒီလို ခံစားချက်တွေက ဖွင့်ဟမှ သိတာမဟုတ်ဘူး အလိုလို သိနေကြတဲ့ သဘာဝခံစားချက်တွေလေ။ငါအာမခံရဲတယ် နင်တို့တွေလည်း ငါ့လို သတိရနေမယ်လို့လေ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
@thithisann
Msc 262