သည်းခံခြင်းဟူသည်​...

Words
200
Reading
1 min
Listen
Play
8y

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာ ချမ်းသာ ကြပါ​စေ။

ဒီ​နေ့​တော့ သည်းခံစိတ်​ထားတဲ့သူ​တွေနဲ့ယ​နေ့​ခေတ်​လူ​တွေရဲ့ကြား ဖြစ်​ပျက်​ပုံနဲ့ပတ်​သက်​ပြီးတင်​ပြချင်​ပါတယ်​။ခန္တီ ဆို​သော သည်းခံတတ်​တဲ့ စိတ်​သည်​ လူတိုင်းတွင်​မရှိနိုင်​​ပေ။အ​တော်​ပင်​ အဆင့်​မြှင့်​​သော စကားလုံးဖြစ်​သည်​ဟုဆိုရ​ပေမည်​။ကျွန်​မအသက်​ နဲ့အမျှ​တွေ့ခဲ့ဖူး​သော သူတိုင်းသည်းခံစိတ်​နည်းကြသည်​။အပြည့်​အဝသည်းခံရမည်​ဟု​ပြောလျှင်​ ဘုရားမှတစ်​ပါး မည်​သူမှမလုပ်​နိုင်​​ပေ။လူတစ်​ဦးနဲ့တစ်​ဦးကြား​ပေါင်းသင်းဆက်​ဆံ​ရေးခိုင်​ခံဖို့အတွက်​ သည်းခံစိတ်​သည်​အ​ရေးကြီးသည်​။သည်းခံစိတ်​မထားလျှင်​​ရေရှည်​လက်​တွဲရန်​မဖြစ်​နိုင်​​ပေ။

IMG_20180802_170726.JPG
Image source

အခု​ခေတ်​လူငယ်​အချို့သည်​ သည်းခံစိတ်​ကို သိပ်​နားမလည်​ပုံရသည်​။သူ့တို့ကိုယ်​၌ သည်းခံတတ်​သူကြီးဟု ယူဆ​သော်​လည်း ဆတ်​ဆတ်​ထိမခံတတ်​သူများဖြစ်​​နေကြသည်​။ သည်းခံစိတ်​တိုသည်​မှာ မိမိအ​ပေါ်၌မိမိအလိုမကြသည်​များ လုပ်​လာသူကိုခွင့်​လွှတ်​​ပေးနိုင်​ခြင်း၊ မိမိ​စေတနာအား ​ဝေဒနာလို့မြင်​သူကို ခွင့်​လွှတ်​​ပေးနိုင်​ခြင်း စသည့်​ ခွင့်​လွှတ်​မှုနဲ့ဆိုင်​သည်​။ တစ်​ဖက်​သားကိုနားလည်​​သော မျက်​လုံးနဲ့ကြည့်​တတ်​ဖို့ဆိုလိုခြင်းဖြစ်​သည်​။ ​အချို့ကိစ္စအ​သေး​လေးများ အားမိမိကခွင့်​လွှတ်​​ပေးလိုက်​သည်​ကို သည်းခံခြင်းဟုမဆိုသာ​ပေ။ ဤအရာကိုလူတိုင်းခွင့်​လွှတ်​​ပေးနိုင်​သည်​။မိမိအ​ပေါ် ထိခိုက်​မှုတစ်​စုံတစ်​ရာရှိ​မေပယ့်​ အပစ်​မမြင်​ ခွင့်​လွှတ်​​ပေးတာမျိုးကိုမှ သည်းခံသည်​ဟု​ပြောလို့ရသည်​မဟုတ်​ပါ​လော။

IMG_20180802_170815.JPG
Image source

သည်းခံစိတ်​ထားသူ၏စိတ်​နှလုံးသည်​ ​အေးချမ်းသည်​။အမြဲတမ်း​ပျော်​​နေရတတ်​သည်​။သည်းခံစိတ်​မရှိသူ၏စိတ်​ထဲတွင်​ မိမိအား ဤကဲ့သို့လုပ်​သွားသည်​၊​ကျောသွားသည်​ဟု ​တွေးကာ စိတ်​မချမ်းမသာ ဖြစ်​ကြရသည်​။မိမိ၏​ပျော်​ရွှင်​စရာအချိန်​များကို စိတ်​ဆင်းရဲမှုနဲ့ လဲပစ်​​နေကြသည်​။ လူတစ်​​ယောက်​အ​ပေါ်တွင်​ ကိုယ်​ချင်းစာစိတ်​ထားလျှင်​ နားလည်​မှုပိုရှိသွားသည်​။နားလည်​မှုရှိလျှင်​ အပစ်​မမြင်​တတ်​​တော့​ပေ။ ဤတွင်​ကား သည်းခံခြင်းအစ ဖြစ်​သည်​။ တစ်​ခုခုဆို ကိုယ့်​ထက်​သာသွားသည်​၊ကိုယ်​ကအ​ကောင်း​ပြောတာ သူကတစ်​မျိုးထင်​တယ်​၊ငါမကြိုက်​ပါဘူးဆိုတာကို ငါ့အ​ပေါ်လုပ်​သွားတာ စ​သော ​ဒေါသတရားများနဲ့ ချည်​​နှောင်​ပစ်​ကြသည်​။ဤသည်​ကား သည်းခံခြင်းနဲ့​ဝေးကွာသွား​တော့သည်​။

IMG_20180802_170739.JPG
Image source

ယ​နေ့​ခေတ်​လူငယ်​အချို့သည်​ သည်းခံခြင်းကို မထားတာ​ကောင်းသည်​ဟု ယူဆကြသည်​။အ​ကြောင်းမှာ သည်းခံလျှင်​​ခေါင်း​ပေါ်တက်​ကြသည်​ ဟု ​ပြောကြသည်​။အမှန်​ပင်​ သည်းခံစိတ်​ထားသူများအ​ပေါ်၌လွယ်​လွယ်​ကူကူ အနိုင်​ယူကြသည်​။အားမနာ လျှာမကျိုး လုပ်​ရက်​ကြသည်​။ကိုယ်​အဆင်​​ပြေလျှင်​ပြီး​ရော့ ညှာတာမှုကင်းပြုကျင့်​လာကြသည်​။ ပြသာနာတက်​တာခြင်းတူ​သော်​ညားလည်း သည်းခံတတ်​သူအား ပို၍ ဖိအား​ပေး​ပြောဆိုကြသည်​။ဤအချက်​များသည်​ သည်းခံတတ်​သူအ​ပေါ်အနိုင်​ကျင့်​ ​ခေါင်း​ပေါ်တက်​​နေကြခြင်းပင်​ဖြစ်​သည်​။ သူကဘာမှမ​ပြောဘူး သူ့ဆို ငါဘာမဆိုလုပ်​ရဲတယ်​၊ခိုင်းရဲတယ်​။သူကသည်းမခံဘူးဟ သူကို​တော့ ငါမ​ပြောရဲဘူး၊ငါ​ကြောက်​တယ်​ စ​သော စကားလုံးအသုံးနှုန်းကိုကြည့်​ယုံဖြင့်​ သည်းခံတတ်​သူအ​ပေါ်အနိုင်​ယူဖို့ဝန်​မ​လေး​ခြေ။ဤအတွက်​​ကြောင့်​လည်း သည်းခံလျှင်​​ခေါင်း​ပေါ်တက်​သည်​ဟု ယူဆသွားကြဖြသ်​​ပေမယ်​။

IMG_20180802_170828.JPG
Image source

သို့​သော်​ မိမိ၏သည်းခံစိတ်​ ကို​တော့ မ​ဖျောက်​ပစ်​ကြပါနဲ့လို့​တောင်းတိုပါရ​စေ။အခုလို ရမ်​မက်​​လောဘကြီး​သော ယ​နေ့​ခေတ်​ကြီးမှာ လူဖြစ်​လာကြ​သော သူ​တွေကြားမှာ မိမိသည်​ သည်းခံစိတ်​ထားတတ်​ပြီးစိတ်​​ကောင်းနှလုံး​ကောင်းကိုပိုင်​ဆိုင်​သူဖြစ်​​နေသည်​မှာ ဂုဏ်​ပုဒ်​တစ်​ခုပင်​ဖြစ်​သည်​။ဤစိတ်​ဓာတ်​မျိုး ပိုင်​ဆိုင်​ထား​သော မိမိသည်​ ချမ်းသာခြင်းအစစ် ​နေ့တိုင်းခံစား၊စံစားရသည်​မဟုတ်​ပါ​လော။ လူတိုင်းအ​ပေါ်တွင်​ အပစ်​မမြင်​ နားလည်​​ပေးတတ်​ခြင်းသည်​ လည်း မင်္ဂလာ ထဲကမင်္ဂလာတစ်​ခုဖြစ်​သည်​ မဟုတ်​ပါ​လော။

နောက်​ဆုံးအကြံ​ပေးချင်​တာက​တော့ မိမိသည်​ သည်းခံ တတ်​သူဖြစ်​​ပေမယ့်​အဆိပ်​ရှိသည်​ကို​တော့ လူ​တွေသိ​အောင်​ပြသရမည်​။ဤ​နေရာတွင်​ ပုံပြင်​တစ်​ပုဒ်​သတိရသွားမိသည်​။ရ​သေ့ကြီးက အရမ်းဆိုးသွမ်းပြီိး ​သောင်းကျန်း​နေတဲ့​မြွေဆိုးကို အခြားသူများ​အ​ပေါ် သည်းခံပြီး ​မေတ္တာ ထားခြင်းဟာ အင်​မတန်​မွန်​မြတ်​လှ​ကြောင်း ဆုံးမစကားဆိုပြီးကတည်းက ​ပြောင်ူလဲသွား​သော ​မြွေဆိုးခင်​ဗျ အားလုံးရဲ့ ကစားစရာအရုပ်​တစ်​ရုပ်​သဖွယ်​အဖြင့်​ အနိုင်​ကျင့်​ခံရသည်​။ သူသည်းခံ​သော်​လည်း လူတို့သည်​ အခွင့်​​ကောင်းယူပြီး အနိုင်​ကျင့်​သည်​ကို ရ​သေ့အားပြန်​​ပြောပြရာ ရ​သေ့မှ ထပ်​၍ဆုံးမစကားဆိုသည်​မှာ သည်းခံလိုက်​ပါလို့ပဲ ဆုံးမတာ ပြန်​မတုံ့ပြန်​ရဘူးလို့ မဆိုလိုဘူးတဲ့​လေ။ဤစကားအဓိပ္ပါယ်​မှာ မိမိ​မြွေ အဆိပ်​ရှိတယ်​ဆိုတာ​တော့ သိ​အောင်​ အ​မောက်​​ထောင်​ပြသင့်​တာ​ပေါ့။

IMG_20180802_170802.JPG
Image source

အမှန်​ပင်​ ဤကဲ့သို့မတုံ့ပြန်​လျှင်​ အနိုင်​ကျင့်​ခံရမည်​။အနှိမ်​ခံရမည်​။မိမိတန်​ဖိုး အလကားအဖြစ်​သတ်​မှတ်​ခံရမည်​။အခု​ခေတ်​သည်​ ပို၍ပင်​ဆိုး​သေးသည်​။သည်းခံမှုအ​ပေါ် အခွင့်​​ရေးယူပြီး အသုံးချသူများ ​ပေါများလှသည်​။သည်းခံလျှင်​​ခေါင်း​ပေါ်တက်​ထိုင်​ဖို့ ဝန်​မ​လေး​ချေ။ဒါ​ကြောင့်​ သည်းခံပါ။တန်​ဖိုး​သော သူတစ်​ပါးသိပါ​စေ။ ကူညီပါ ။အနှိမ်​​တော့ မခံပါနဲ့။နားလည်​မှုထားပါ။အသုံးချမခံပါနဲ့။သူတစ်​ပါး​ကြောင့်​ မိမိ​ကောင်း​သော စိတ်​အားမ​ပြောင်းလဲမိပါ​စေနဲ့။မိမိသည်​ ခွင့်​လွှတ်​နားလည်​​ပေးတတ်​သူဖြစ်​သလို မိမိတွင်​ အဆိပ်​ရှိသည်​ကိုလည်း မခြားသူများသိပါ​စေ။အရာရာတွင်​ ကန့်​သတ်​ချက်​ရှိသည်​။ကန့်​သတ်​ချက်​ထက်​​ကျော်​​သော ကိစ္စများအား သည်းခံစိတ်​ ထားလျှင်​နုံအား​သော အတန်းစားထဲတွင်​ စာရင်းသွင်းခံရတတ်​သည်​။ဒါ​ကြောင့်​ သည်းခံမှုအား အ​ကြောင်းပြု၍ အနိုင်​ကျင့်​မခံပါနဲ့။နုံအတယ်​လို့ အထင်​မခံပါနဲ့။

အားလုံးကို ​ကျေးဇူးတင်​ပါတယ်​။
thithisann@thithisann
Author Thi Thi San
Msc 262

သည်းခံခြင်းဟူသည်​... | Ecency