Image source
အားလုံးပဲ မင်္ဂလာပါ ရှင့်။ကျန်းမာချမ်းသာကြပါစေ။
ဒီနေ့တော့ အိမ်ကိုလွမ်းတဲ့အကြောင်းလေးပြောပြပါရစေ။ကျွန်မအတွက်တော့ အလွမ်းဆိုတာ နေသားကျနေပါပြီ။ငယ်ငယ်တုန်းကတော့ အမနဲ့ခွဲရလို့၊အိမ်ကိုမခွဲနိုင်လို့ဆိုပြီး ငိုခဲ့ဖူးတယ်။ကြီးလာတော့ ဟာသတစ်ခုလိုပဲ။အင်းပေါ့...ဒီလိုသာ ငိုနေရင်ကျွန်မမျက်ရည်တွေ ချောင်းဖြစ်နေလောက်ပြီ။ဘာလို့လဲဆိုတော့ ကျွန်မအိမ်နဲ့ခွဲနေရတာ ၈နှစ်လောက်ရှိပြီ။မကြာမကြာတော့ပြန်ဖြစ်ပါတယ်။ရက်ပိုင်းလောက်ပဲ နေခွင့်ရတော့ ပြန်ရတယ်လို့ကို မထင်မိဘူး။အမေ့ကတော့ ငါ့သမီးတွေနဲ့ အတူတူနေသွားချင်တယ်တဲ့။ကျောင်းနေတုန်းဆိုတော့လည်း ကျောင်းနေလို့ အတူမနေနိုင်။အလုပ်ထဲရောက်ရင်လည်း ပိုလို့တောင်ဝေးသွားမှာလေ။ဘဝအတွက် ရုန်းကန်ရင်း ဒီလိုပဲ ကုန်ဆုံးရမှာပေါ့။
အလွမ်းဆုံးကတော့ အမေ့ကိုပေါ့။အမေ့ဟင်းတွေထမင်းတွေကကို အလွမ်းဆိပ် ပိုပြင်းထန်စေတယ်။လွမ်းလို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ ဖြေသိမ့်ရတာလည်း ကြာပါပြီ။အချိန်ဆိုတာကြီးကို တစ်ခုတစ်လေ မုန်းမျတာ အဲ့တာတွေကြောင့်ပဲ။ဘဝကိုသာ TVတစ်ခုလို controlလုပ်နိုင်ခွင့်ရှိရင် ဘယ်လောက်ကောင်းမလဲဆိုပြိး ရူးမိုက်တဲ့အတွေးတွေ တွေးပြီး ပျော်ခဲ့ဖူးတယ်။
ကလေးဘဝတုန်းက အမေ့ရိုက်မှာကြောက်လို့ ငိုခဲ့ဖူးတယ်။ပြေးခဲ့ဖူးတယ်။အခုကြီးလာတော့ အမေငိုမှာကြောက်တယ်။အမေ့မျက်ရည်တွေ ကြွေမှာစိုးလာတယ်။ကျွန်မ မဟုတ်တွေလုပ်ပြီး၊ကျွန်မမလိမ္မာလို့ ဆိုပြီးတော့လေ။အခုချိန်ထိတော့ ကျွန်မအကောင်းဆုံးဖြတ်သန်းနေတယ်လို့ ကျွန်မထင်မိတယ်။သူတို့တွေ ကျွန်မကြောင့် စိတ်ဆင်းရဲစရာ တစ်စုံတစ်ရာ မပေးခဲ့ဖူးဘူးလေ။အမြဲတမ်းလည်း အဲ့လိုလေး ဖြည့်ဆည်းပေးဖို့ အမြဲတမ်းတွေးမိတယ်။အိမ်ကိုလွမ်းတိုင်း ရေရွတ်မိပေမယ့် အမေကပဲ သတိရလို့ ဖုန်းအမြဲခေါ်တယ်။ကျွန်မ လွမ်းပေမယ့် အမေ့သတိတရ ဖုန်းခေါ်တာကိုပဲ စောင့်တယ်လေ။အိမ်ကိုလွမ်းလေ ပိုပြီး အဆင်ပြေအောင်နေလေ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
@thithisann
Msc 262