သြော်...မြန်မာတွေ ကုသိုလ်တရားတော့မနည်းကြပါဘူး။ဗုဒ္ဓဘာသာ တွေပဲ ဘာသာတရားကိုင်းရိုင်းကြမယ်၊ကုသိုလ်ပြုကြမယ်။ဒါပဲလေ တစ်နေ့တစ်နေ့ ရှင်သန်ရင်း ကိုယ့်တွက်ပါမှာတွေ ပါဆယ်ထုတ်ရမှာပေါ့။မြန်မာတွေ ကုသိုလ်တော့မနည်းဘူး များလွန်းလို့ခက်နေတယ်။လှူစရာနေရာတွေမြန်မာပြည်မှာ အများကြီးပါ။အရမ်းကြီးလျှံပယ်နေတဲ့နေရာတွေမှာပဲ ဝိုင်းအုံပြီးလုပ်မနေကြပါနဲ့။ကုသိုလ်ဆိုတာ လှူတဲ့စိတ်ထားကအဓိကပါ။မိမိရဲ့စိတ် တကယ်ဖြူစင်ပြီး လှူတဲ့အလှူမှန်သမျှ ကုသိုလ်ရပါတယ်။ဟိုလိုအကြီးကြီးလှူမှ၊ဒီလို ဒိတ်ဒိတ်ကြဲ နာမည်ကြီးလှူမှ ကုသိုလ်မဟုတ်ပါဘူး။ကိုယ် လှူနေတာ နာမည်ကြီးဖို့အတွက်လှူနေတာမှမဟုတ်တာ။
ဘုရားတွေသွားပြီး ပန်းတွေကပ်မှ၊ဆီးမီးတွေပူဇော်မှ ကုသိုလ်ရတာမဟုတ်ပါဘူး။နေ့တိုင်းအလုပ်လုပ်ရင်း လှူလို့ရတယ်။အခု ပုံထဲကလို သက်ကြီးသံဃာတော်ကြီးတွေ တစ်အိမ်ဝင်တစ်အိမ်ထွက်၊တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် အလှူခံကြတဲ့အခါ စေတနာပါပါ၊ရိုသေလေးစားစွာ ဂါရဝပြု လှူတန်းကြပါ။ပုံစံက အသက်ကြီးပြီး ကြည်ညိုစရာမကောင်းလို့ ဒီအတိုင်း ပိုက်ဆံလေး တစ်ရာထည့်၊မုန့်လေး တစ်ခု ဗားကရာ လှူလိုက်ကြတယ်။ ရိုသေမှု၊ကြည်ညိုလေးစားမှုတွေ မပါဘဲ ကိုယ့်ဆိုင်ရှေ့လာရပ်လို့ တာမကောင်းလို့ လှူတာမျိုးတွေရှောင်ကြပါ။ ဘုရားရဲ့သားတော်တွေ ကို ဗုဒ္ဓဘာသာ ဝင်များက မလေးစားရင် ဘယ်ဘာသာက လေးစားတော့မှာလည်း သတိရှိပါ။ကိုယ့်ဘာသာကို မြှင့်တင်ရမယ့်အချိန် မိမိကြောင့် ညိုှးနွမ်းတာမျိုးတွေမဖြစ်ပါစေနဲ့။ လှူပြီဆိုကတည်းက သဒ္ဒါ စိတ်တွေ၊လှူချင်တဲ့စိတ်တွေအပြည့်နဲ့ ဂါရ၀ ရှိရှိလှူကြပါလို့တိုက်တွန်းပါရစေ။
@thithisann
Msc 262