အားလုံးပဲ မင်္ဂလာ ပါရှင့်။ကျန်းမာချမ်းသာကြပါစေ။
မနေ့က တင်ရမယ့် နေ့ကို မရေးဖြစ်လိုက်လို့ ဒီနေ့မှာပဲ တင်လိုက်ရလို့ တောင်းပန်ပါတယ်ရှင့်။ကမ္ဘာ့ ဖလားပွဲကြီးလည်း မနေ့ကပဲ ပြီးဆုံးသွားပြီ။ဗိုလ်လုပွဲကြည့်မယ်လို့ စိတ်ကူးပေမယ့် မကြည့်ဖြစ်ဘူး။ဒီလိုပါပဲ ဗိုလ်လုပွဲ ဆိုတဲ့အမျိုးက တစ်သင်းပဲထွက်ပေါ်လေ့ရှိတယ်။အဲ့တော့ ဗိုလ်ဆိုတာလား တစ်သင်းပဲ ဖြစ်ပိုင်ခွင့်ရှိတယ်။ကျွန်မတို့အတွက်ကတော့ ဒီဘောလုံးပွဲ အနိုင်အရှုံးဟာ ဘာတက်ရောက်မှုမှမရှိဘူး နိုင်ရင်နိုင်သွားပြီ၊ရှုံးရင် ရှုံးသွားပြီ။ဒါပဲ နောက်ဆုံး ဟာသတစ်ပုဒ်အနေနဲ့ ပဲကျန်ခဲ့ပေမယ့် တစ်ကယ်ကြိုးစားပြီး ကန်နေတဲ့ အသင်းနှစ်သင်းရဲ့ ခံစားချက်တွေကတော့ ပြောမပြတတ်အောင်ပဲ နိုင်ချင်ကြမှာ အသေအချာပါပဲ။ရှုံးသွားတဲ့အသင်းအနေနဲ့လည်း စိတ်မကောင်းမှုတွေ၊စိတ်ပျက်မှုတွေ၊ဝမ်းနည်းမှုတွေ အလိုလိုဖြစ်လာကြမယ်ဆိုတာ ပြေးကြည့်စရာမလိုပါဘူး။ ပြောချင်တာက ဒီဖလားကို ပိုင်ဆိုင်ခွင့်ရှိတဲ့သူတို့အနေနဲ့ ပိုင်ဆိုင်ရမယ်ဆိုတဲ့အိမ်မက်မက်ခွင့်ရှိလို့ ဒီလိုခံစားချက်တွေ၊ရယူလိုခြင်းတွေ ဖြစ်ပေါ်လာတယ်။ဒီဖလားက ကျွန်မတို့တွေနဲ့ မဆိုင်ဘူးဆိုတဲ့စိတ်ကရှိမေတော့ ...ပြောချင်တာက ဖလားရရ၊မရရ ကျွန်မတို့နိုင်ငံသားတွေ ဝင်ပြိုင်တာ မဟုတ်တော့ ခံစားချက်အဲ့လောက်မရှိကြဘူး။
လောကမှာလည်း အဲ့ဒီလိုပဲ ကျွန်မတို့တွေပြသာနာအကြီးကြီးတွေ ရင်ဆိုင်နေရပေမယ့် ပြသာနာအဲ့လောက်ကြီးပါတယ်လို ဘေးကလူတွေက နားလည်ချင်မှနားလည်လိမ့်မယ်။လူတွေက ကိုယ့်လက်ပူမှ ပူမှန်းသိတဲ့လူတွေက အများကြီးပဲ။တစ်ခါတစ်လေ သူတို့အတွက် နားထောင်ကောင်းတဲ့ ပြဇာတ်တစ်ပုဒ်အဆင့်ပဲရှိတယ်။ဘာကြောင့်လဲဆိုတော့ ဒီပြသာနာရဲ့ အကျိုးဆက်က သူတို့ပေါ်မှာ သက်ရောက်မှုမရှိတော့ ပူပန်ခြင်းမရှိတော့ဘူး။ကိုယ့်အပေါ်မှာသာ ဖြစ်လာမှာဆိုတော့ အပူလုံး ခဲနေသူက ကိုယ်ကလွဲပြီး မည်သူမရှိပါ။ဒါကျွန်မတို့တွေမှာ ဖြစ်တဲ့ပြသာနာပဲရှိသေးတာ။ကျွန်မတို့တွေလည်း သူတို့တွေလိုပဲ သူတို့ဖြစ်နေတဲ့ ပြသာနာအတွက် သူတို့လောက်မပူပင်ဘူးဆိုတာ ကျိန်းသေပါတယ်။
ကျွန်မစဉ်းစားမိတယ် ကျွန်မတို့တွေ ဘောလုံးကစားသမားတွေလိုပဲ ဘဝအတွက် ကစားနေကြရတယ်လို့ပေါ့။တစ်ဖက်က အသင်းရဲ့ ဂိုးကို သွင်းနိုင်ဖို့ဆိုတာ တကယ့်ဘဝနဲ့ယှဉ်ပြောရင် ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့အတူတူပါ။ကိုယ့်ရဲ့ အသင်းကြီးက ကိုယ့်ရဲ့ မိသားစု တစ်ဖက်အသင်းက လောကဓံ နဲ့ ယှဉ်ပြိုင်တယ်လို့ပဲ တွေးကြည့်ရအောင်။ကိုယ်ကဘောလုံးကို အမြဲတမ်းရနေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ကိုယ့်လိုပဲ တစ်ဖက်ကလည်း ကြိုးစားမယ်ဆိုတာ မမေ့ပါနဲ့။ကိုယ်က ကိုယ့်ရည်မှန်းချက်ကို အောင်မြင်အောင်ကြိုးစားနေပေမယ့် အတားအဆီးတွေကို အကြိတ်အနယ် ကျော်ဖြတ်ပြီးမှ ရနိုင်မှာဖြစ်ပါတယ်။ဒါတောင် သေချာလားဆိုတော့ မသေချာပါဘူး။ဂိုးပေါက်နားရောက်ပေမယ့် ဂိုးချင်မှဂိုးမှာကိုနော..။ကိုယ့်ဆီကို ဘောလုံးရောက်လာပြီဆိုတာကို အခွင့်အရေးတစ်ခုရောက်လာတယ်လို့ မှတ်ယူကြည့်ပါ။အဲ့ဒီအခွင့်အရေးဆိုတာ ကံကောင်းလို့ အလိုလိုရောက်လာတတ်သလို၊အတင်းပြေးလုပြီးမှ လည်း ရတတ်တယ်။အဓိကက ရပြီဆိုတာနဲ့ ဥာဏ်ပရိယာယ်သုံးရမယ်၊ကြိုးစားမှုရှိရမယ်၊အတားအဆီးကို ကွေ့ရှောင်နိုင်ရမယ်၊ထိပ်တိုက်တွေ့ရင် အခွင့်အရေးကို ဆုံးရှုံးမသွားအောင် ထိန်းထားရမယ် ထွက်လမ်းတွေ့မှ ဂိုးပေါက်ဆီ လုံ့လနဲ့ ဆွဲသွားရမယ်။ဂိုးပေါက်နားမှာလည်း နောက်ခံအတားအဆီးတွေက ကင်းအပြည့်နဲ့ ကျွန်မတို့ ရည်မှန်းချက်မအောင်မြင်ရအောင် ဖြစ်သလို နည်းနဲ့ ကာကွယ်ကြမှာပဲ။
ကိုယ်က ရှေ့တန်းမှာ ကြိုးစားနေပေမယ့် နောက်တန်းက ကိုယ့်မိသားစုကလည်း ပံ့ပိုးဖို့လိုအပ်တယ်။အတိုက်အခိုက် အတားဆီးတွေကို ရှင်းထုတ်နိုင်ရမယ်။အခွင့်အရေးရပြီဆိုတာ နဲ့ ကိုယ့်ဆီကို အရောက် လက်ဆင့်ကမ်းနိုင်မှ ကိုယ့်မိသားစု ဘဝက လှပတော့မှာပေါ့။တဖက်က လောကဓံကို လှောင်ရယ်နိုင်တော့မှာပေါ့။တဖက်က လောကဓံက ဘယ်လို အချိန်မှာ ဘယ်လို အင်အားမျိုးနဲ့ရောက်လာရောက်လာ ခံတပ်အားကောင်းတဲ့ မိသားစု ရှိနေရင် နောက်တန်းက စိတ်ချရတာပေါ့။ကိုယ်ကတော့ အခွင့်အရေးကို အရယူပြီး အင်တိုက်အားတိုက် ကြိုးစားပြီး လုံးပမ်းနေရင်းနဲ့ အောက်ဘောတွေ၊လွန်ဘောတွေ ဖြစ်သွားတတ်တယ်။အဲ့လိုအချိန်မျိုးမှာ တစ်ဖက်အသင်းက ကိုယ့်ထက်ခြေတစ်လှမ်း သာသွားပြီ၊ကိုယ့်ကို ထိုးနှက်ဖို့ အခွင့်အရေးရသွားပြီ။ဒါပေမယ့် ကျွန်မတို့တွေ ဝီရိယ၊ဇွဲ၊လုံ့လတွေ သုံးပြီး ပြန်လည်ရယူပိုင်ခွင့်ရှိတယ်ဆိုတာ မှတ်ထားပါ။
ကိုယ်ရဲ့ရည်မှန်းချက်တွေ အောင်ပြီလို့ သဘောထားပေမယ့် ကံကြမ္မာ ကကြပြုစားတတ်တယ်။ကိုယ့်သွင်းတဲ့ဂိုးတိုင်းအမြဲတမ်းဝင်ပါတယ်လို့ ယူဆလို့မရဘူး။ဂိုးတိုင်မှန်ပြီး ပြန်ဆန်ထွက်လာတတ်တယ်။ဂိုးအပေါ်ကကျော်ပြီးလည်း ဂိုးလွန်ဘောဖြစ်သွားတတ်တယ်။ တစ်ဖက်အသင်းရဲ့ အခြေအနေကိုကြည့်ပြီး ပရိယာယ်သုံးပြီိး သွင်းသင့်ရင်သွင်းရမယ်။ကိုယ်က ဘောလုံးရလိုဇောနဲ့ တစ်ဖက်အသင်းကို မဟုတ်မမှန်တာ လုပ်ပြီိး လုယူမယ်လို့လည်း တွေးမထားပါနဲ့။အနီကတ်ပြပြီး လောကကြီးက ခင်ဗျားကို ဘောင်အပြင်ထုတ်နိုင်တယ်ဆိုတာ ခေါင်းထဲထည့်ထားပါ။အဲ့ကြမှ ခင်ဗျားပြန်ပြီး ယှဉ်ပြိုင်ဖို့ အခွင့်အရေးမရှိတော့ဘူး။နောင်တတွေနဲ့ ဘောင်အပြင်ကနေပဲ သူများတွေကို ကြည့်နေရလိမ့်မယ်။ဒါကြောင့် သမာသမတ် ကျတဲ့နည်းကို သုံးပြီး ရည်မှန်းချက်ကို ပြီးမြောက်အောင်လုပ်ဆောင်ပါ။
ဘောလုံးပွဲတစ်ပွဲမှာ အချိန်အကန်အသတ်ရှိတယ်။အဲ့လိုပဲ ဘဝဘောလုံးကစားတဲ့ အခုမှာလည်း အချိန်အကန့်အသတ်ရှိတယ်။ဘောလုံးပွဲက တော့ မိနစ်၉၀ ခင်ဗျားဘဝဘောလုံးပွဲကတော့ ခင်ဗျား အသက်ရှင်နေသ၍ပါပဲ။ မိနစ်၉၀အတွင်းမှာ ဂိုးပေါင်းမြောက်များစွာ သွင်းပိုင်ခွင့်ရှိသလို ခင်ဗျားမသေသ၍ ရည်မှန်းချက်တွေ တစ်ခုပြီး တစ်ခု အောင်မြင်နိုင်တယ်။အဓိကက ကြိုးစားဖို့ပါပဲ။နောက်တန်း အဆင့်က မိသားစုတွေက ခင်ဗျားကို ပံ့ပိုးပေးပေမယ့် ခင်ဗျားက လောဘကြီးပြီး အဆင့်ကျော်ပြီး စောင့်နေရင်တော့ သေချာပြီ ခင်ဗျား လူကျွန်ဘောအဖမ်းခံရပြီ။ အဲ့လို အခြေအနေမှာဆို ဟိုက်ဖက်အသင်းက အသာဆီးရသွားပြီ ခင်ဗျားမိသားစုမှာ တစ်ကနေပြန်ပြီး စရတတ်တယ်။ ဒါကြောင့် တစ်ဆင့်ချင်းပဲသွားပါ။ လောဘမကြီးပါနဲ့။
ခင်ဗျားကို အားပေးတဲ့ ပတ်ဝန်ကျင် ပရိတ်သတ်ရှိသလို အမြင်ကပ်နေတဲ့ လူတွေလည်း ရှိကြမှာပါ။သူတို့တွေ အားပေးတယ် အားမပေးဘူးဆိုတာ ခင်ဗျားရဲ့ ရည်မှန်းချက်နဲ့ မဆိုင်ပါဘူး။ရည်မှန်းချက်အောင် ဖို့သာ အရင်လုပ်ပြလိုက် ခင်ဗျားနောက်က လက်ခုပ်သံတွေ အလိုလို လိုဏ်သံထွက်လာလိမ့်မယ်။ အရေးကြီးတာက ခင်ဗျားကြိုးစားရမယ်၊ရိုးသားရမယ်။
ကဲ...ဘဝဘောလုံးပွဲကြီးပြီးခါနီးပြီ ခင်ဗျား ဂိုးပြတ်လည်း နိုင်ထားပြီဆို ရင်တော့ သေချာပြီ ခင်ဗျားဘဝဘောလုံးကွင်းကြီးထဲ က ကောင်းကောင်းထွက်သွားနိုင်မယ်ဆိုတာပဲ။ခင်ဗျား အဆုံးသတ်လှရင် ခင်ဗျား နည်းလမ်းတွေ လိုက်ပြီးအတုယူသုံးကြမယ့် လူတွေအများကြီးပါ။အဲ့အထဲမှာ တချိန်က ခင်ဗျားကို မမြင်မကြည်တဲ့ သူတွေတောင် ပါနိုင်တယ်။ အဓိကက ဘာလဲ သိတယ်မဟုတ်လား.. ..........
အားလုံးကို ကျေးဇူးတင်ပါတယ်။
@thithisann
Author Thi Thi San
Msc 262