အားလုံးပဲ မင်္ဂလာပါ ရှင့်။ကျန်းမာချမ်းသာကြပါစေ။
မနေ့က pro တင်ရက်ရောက်ခဲ့ပေမယ့် မတင်ခဲ့ဘူး။ကျောင်းမှာ presentationရှိလို့ ဆိုပြီး ခွင့်ယူခဲ့တယ်။ကံမကောင်းတာက proလည်းမတင်လိုက်ရ presentation လည်း မပြခဲ့ရသေးဘူး။ဘာမှအဖတ်မတင်ဘူး ဖြစ်သွားတယ်။တစ်ခါတစ်လေ ကိုယ်ကအစီအစဉ်တကျ planတွေ ချထားခဲ့ပေမယ့် တကယ်ဖြစ်မလာတာတွေ အများကြီးကြုံဖူးတယ်။အားခဲရင် အားလွဲတယ်လို့ ပြောတာနေမယ်။တစ်ခုခုကို လုပ်မယ်လို့ အားခဲထားလိုက် လွဲတော့တာပဲ။ဒါကျွန်မကံပဲလားတော့ မပြောတတ်ဘူး။
ကျွန်မတွေးမိတယ် ကျွန်မထင်တာတွေနဲ့ လက်တွေ့က တခြားဖြစ်တာတွေ များတယ်။ကိစ္စတစ်ခုခုပဲဖြစ်ဖြစ် ကျွန်မအမှားလုပ်လိုက်တယ်။အဲ့အမှားကလည်း တဖက်ကခွင့်မလွှတ်နိုင်တဲ့အမှားမျိုးထဲပါတယ်။တွေးပြီး တကယ်ကို စိုးရိမ်ခဲ့ဖူးတယ်။သူဘက်က ဘယ်လိုတုံ့ပြန်မလဲ၊သူငါ့ကို ဘယ်လိုထင်မလဲ ...အမျိုးမျိုးသော မေးခွန်းတွေ ကျွန်မတစ်ယောက်တည်း ပြောင်းဆန်နေအောင်တွေးပြီး ကြောက်နေပေမယ့် တကယ့်လက်တွေ့ကျ တလွဲပဲ။ထင်ထားသလောက် တစ်ဘက်က မပေါက်ကွဲဘူး။
အခုလည်းကျွန်မထင်ခဲ့တယ် ဒီနေ့ presentationလည်းပြီးပြီဆိုတော့ စာလည်းဖြောင့်ဖြောင့်ရေးလို့ရပြီ ၊ဇာတ်ကားလည်း နောက်ဆန်တင်းစရာမလိုဘဲ ကြည့်လို့ရပြီဆိုပြီး ထင်ခဲ့တာ။အခုတော့ တလွဲဖြစ်ပြန်ရော။ဘဝဆိုတာတွေနဲ့ ရင်ဆိုင်တဲ့အချိန်တွေမှာလည်း အဲ့လိုမဖြစ်ဘူးလို့ လောကကြီးက အာမ မခံနိုင်ဘူးလေ။ဒုက္ခဆိုတာက ကျွန်မတို့လက်တစ်ကမ်းမှာလေ အချိန်အခါမရွေးလာနိုင်တယ်။ကျွန်မတို့ မဖိတ်ခေါ်ဘူးနော်။ဒါပေမယ့် သူ့အချိန်ရောက်ပြီဆိုရင်တော့ သူက မပျက်မကွက်ရောက်လာမှာ။အဲ့အချိန်ကျ ဒုက္ခ ကို ကောင်းကောင်းကြီးကြိုဆိုစရာမလိုဘူး။ဒါပေမယ့် ကောင်းကောင်းပြန်လွှတ်ဖို့တော့ လိုအပ်လိမ့်မယ်ထင်တယ်။မဟုတ်ရင် သူပြန်လာနိုင်တယ်။ဒါကြောင့် ကောင်းကောင်း မဆီကြိုချင်နေပါ ကောင်းကောင်းပြန်လွှတ်ဖို့တော့ သတိရပါ။
မနေ့မတင်လိုက်ရလို့ စိတ်ပြေတင်သွားသည်။အလွဲတွေ အလွဲတွေ ရှိချင်သလောက်ရှိပါစေ...ဖြစ်ချင်သလောက်ဖြစ်လာပါစေ ...အကောင်းဆုံးကိုတော့ ပြန်ယူရမယ်လေ။အခုလည်း ဒီစာလေးကို လက်ဆောင်အဖြစ် ပြန်ယူလိုက်တဲ့သဘောပေါ့နော်...။
အားလုံးကို ကျေးဇူးတင်ပါတယ်။ အခက်ခဲတွေ ကျော်လွှားနိုင်ပါစေ။
@thithisann
Msc 262