အားလုံးပဲ မင်္ဂလာပါ ရှင့်။ကျန်းမာချမ်းသာ ကြပါစေ။
ဒီနေ့တော့ စာရေးစရာစဉ်းစားနေတုန်း စိတ်ထဲဝင်လာတာတစ်ခုက ခြံနီးနားချင်း အန်တီကြီးရဲ့ အသံပါ။သူတို့ မိသားစုတွေ ဆင်းရဲတာတော့ ကျွန်မအမြင်ပါပဲ။ အဆင်မပြေသံတွေအမြဲတမ်းကြားနေရတယ်။စိတ်မကောင်းဖြစ်ယုံကလွဲ၍ ကျွန်မမတတ်နိုင်ပါ။ကလေးငယ်လေး နှစ်ယောက်ရှိတယ်။ပထမတန်းလောက်တော့ ရောက်ပြီထင်တယ်။နေ့တိုင်းကျောင်းပို့၊ကျောင်းပြန် မြင်နေရတယ်။သူတို့မိသားစုလေးကို သနားမိတဲ့ စိတ်ကြောင့် သတိထားမိလာတာတော့ ဝင်ခံပါတယ်။နောက်သတိထားမိတာ တစ်ခုရှိသေးတယ်။အဲ့ဒါက ဘာလဲဆိုတော့...အန်တီကြီးရဲ့ စကားပြောကြမ်းတမ်းတာ။ကလေးတွေကို အော်ခေါ်တာကအစ ဆဲဆိုပြီးခေါ်တတ်တယ်။မနက်ဆိုလည်း အန်တီရဲ့ သူ့သားတွေပေါ် ဆဲဆိုသံက ကျွန်မအတွက် Alamတစ်ခုလို့ဖြစ်နေတော့တယ်။
နောက်ပြီး အန်တီနဲ့ဘယ်လိုတော်စပ်လဲတော့မသိဘူး အမတစ်ယောက် အဝင်အထွက်ရှိတာမြင်ဖူးတယ။သူ့မှာလည်း သမီးလေးတွေသားလေးတွေရှိတယ်။သူလည်း ဒီအတိုင်းပဲ ဆဲဆိုတာက စတော့တာပဲ စကားပြောရင်။ကလေးတွေငေါက်တယ်ဆိုတာ ငေါက်သင့်တယ်၊ဆူသင့်တယ်။ဒါပေမယ့် နည်းလမ်းမှန်သင့်တယ်။ကလေးဆိုတာ ဖြူစင်တယ်၊သန့်ရှင်းတယ် ။သူတို့ စိတ်ထဲမှာ ဘာမှမရှိသေးဘူး အသိဆိုတဲ့အရာက။ဒါကို လူကြီးတွေက သတိထားခြင်ဆင်သင့်တယ်။ဒီကလေး ဘာမှမသိဘဲနဲ့ ဘာတွေလုပ်နေတာလဲ။တော်တော်ပြောရတယ်။စတဲ့ မာန်တာငေါက်တာတွေကြားဖူးတယ်။မှန်ပါတယ်။မသိတာကို သိအောင်ပြောပေးရမယ်။သူတို့အသိတွေထဲရောက်အောင် ရိုက်တစ်ခါ ခြောက်တစ်လှည့် နဲ့သွင်းပေးရမယ်။
Image source
သွင်းတဲ့နေရာမှာလည်းနည်းမှန်ဖို့လိုတယ်။ လက်ဦးဆရာ မည်ထိုက်စွာ ပုပ္ဗစတိရမိနဲ့ဖ ဆိုတဲ့ စကားပုံကြားဖူးကြမှာပါ။အဲ့ဒါအမှန်ကန်ပဲ။ကလေးတွေ မွေးလာပြီ စကားမပြောတတ်ဘူး။ဘာမှမလုပ်တတ်ဘူး။ဒါပေမယ့် အချိန်ကြာလာပြီးကြီးပြင်းလာရင်တော့ ပြောတတ်သွားတာပဲ။လုပ်တတ်သွားတာပဲမဟုတ်လား။ဒါသူတို့ပတ်ဝန်းကျင်ကို သင်ယူပြီးမှ ရလာတဲ့ အသိတွေပေါ့။ဒါကြောင့်ပြောတာ အသိတွေထဲ ရောက်အောင်သွင်းတဲ့နေရာမှာ နည်းမှန်ဖို့လို့တယ်လို့လေ။မိဘကဆဲဆိုနေရင် အဲ့မိသားစုကကြီးပြင်းလာတဲ့ ကလေး ဆဲဆိုဖို့ဝန်မလေးဘူး။မိဘက ကြမ်းတမ်းတယ်ဆိုရင် အဲ့မိဘရဲ့ကလေးတွေ ကြမ်းတမ်းရိုင်းပြဖို့ ဝန်မလေးဘူး။
ဒါတွေ သူတို့ပတ်ဝန်းကျင် ခင်ဗျားတို့ မိဘတွေဆီက မသိမသာ သင်ယူပြီးတတ်မြောက်နေကြတာလေ။သူတို့ပတ်ဝန်းကျင်ရဲ့အရောင်ကို လိုက်ပြီး ပြောင်းလာကြမှာ။သူတို့နှလုံးသားတွေ သိမ့်မွှေ့မှုတွေနဲ့ဝေးကွားသွားကြမှာ။မြေးစဉ်မြေးဆက် အဲ့ပညာတွေ တတ်မြောက်ကုန်ကြမှာ။ဒါကြောင့်သတိထားပါ။သားသမီးလက်အောက်ငယ်သားတွေကို ဆိုဆုံးမတဲ့အခါ ညင်ညင်သာသာ လေးနဲ့ကိစ္စပြီးသွားရင် ပိုမကောင်းဘူးလား။ပတ်ဝန်းကျင်တောင် ကိုယ့်ပြသာနာ မသိတော့ဘူး။ဒါကြောင့် သတိထားဖို့လိုတယ်။ကလေးတွေဆိုတာ သင်ရတာလွယ်တယ်။သူတို့နှလုံးသားထဲထိစွဲနေတတ်ကြတယ်။ဒါကြောင့် ငယ်ငယ်လေးကတည်းက ပုံဖော်ပေးဖို့လိုတယ်။သူတို့လေးတွေကြီးပြင်းလာတဲ့အခါ လူပုံအလယ်မှာ အရှက်တကွဲအကျိုးနည်း မဖြစ်ရလေအောင် ငယ်ကတည်းက ပျိုးထောင်ပေးဖို့လိုတယ်။သူတို့လေးတွေရဲ့အပြောအဆို အပြုအမူတွေက ခင်ဗျားတို့မိဘတွေရဲ့ အပြောအဆိုအပြုမူတွေပါပဲ။
Image source
ခင်ဗျားတို့ဘယ်လိုရှိတယ်ဆိုတာ သားသမီးတွေကိုကြည့်ပြီး မှန်းဆလို့ရတယ်။အခုခေတ်ကောင်မလေးတွေကောင်လေးတွေလည်း ဆဲတာကို ဂုဏ်တစ်ခုလို့များ သတ်မှတ်နေကြလားမသိ။Facebookပေါ်လည်း ဆဲတာပဲ။အပြင်မှာတွေ့လို့နှုတ်ဆက်တောင် အဆဲကစတယ်။ဆဲရတာ သူတို့ဝန်မလေးကြတော့ဘူး။ပါးစပ်ကလည်းယဉ်နေပြီ နားကလည်းမစိမ်းတော့ဘူး။အဲ့လိုကြီးမပြောပါနဲ့ ထောက်ပြရင်တောင် အမယ်လေး ဒါလေးကပါးမွှားရှိတယ်။ဘာမှဖြစ်ဘူး။အဲ့ဒါကပြောနေကျ။သူကအဲ့လိုအပြောနဲ့မှတန်တာ။အဲ့လိုတွေပြောနေကြတာကို မရှက်မိကြဘူး။သေချာစဉ်းစားကြည့် အတော်ပင်ရှက်စရာကောင်းတယ်။ရိုးရိုးလေးနဲ့ပြီးသွားမယ့် စကားကို အကြီးတကျယ်ဆဲဆိုပြီး ပြီးမြောက်ချင်ကြတယ်။မင်္ဂလာရှိမယ့်စကားလေး သုံနှုန်းဖို့ကြတော့ ပါးစပ်ကမထွက်ဘူး။ပြောစမရှိဘူးတဲ့။တကယ် ပုံပျက်ပြီး ရှက်စရာကောင်းတာကြတော့ အကျင့်ဖြစ်နေပြီတဲ့။သေချာစဉ်းစားပါ။သတိထားဆင်ခြင်ပါ။
Image source
တစ်ခါတစ်လေ ကျွန်မတွေးမိတယ် နိုင်ငံခြားသားတွေ တို့မြန်မာစာမတတ်တာပဲကောင်းတယ်လို့ပေါ့။သူတို့များတတ်နေရင် တို့မြန်မာတွေ ဘယ်လိုဆဲတယ်ဆိုတာ တွေသိကုန်ဒုက္ခပဲ။ကိုယ့်နိုင်ငံလူတွေ ဘယ်လောက်ထိ လူမှုဆက်ဆံရေး ပျက်ပြားနေလည်း မသိတာပဲကောင်းမယ်။ဒါကြောင့် သူတို့တွေ တို့မြန်မာစာ အလေးထားပြီး အရမ်းကြီးစိတ်ဝင်တစားမသင်ကြတာပဲကောင်းပါတယ်။ရေးထားတဲ့postတွေ ပေးထားတဲ့မန့်တွေ ဖတ်ပြီး မလာချင်ပဲ စိတ်ပျက်သွားမှာကြောက်တယ်။အနုပညာရှင်တွေ မကြိုက်တော့ဘူးဆိုရင် သူတို့တွေ follow လုပ်ပြီး တင်သမျှ postအောက်မှာ အရှက်မရှိဆဲတာတွေမန့်ကြတယ်။ကိစ္စတစ်ခုခု မကြိုက်တော့ဘူးဆို ဆဲpostတွေတင်ကြတယ်။သူ့သူငယ်ချင်းတွေကလည်း ထောက်ခံပြီး ဆဲမန့်တွေပေးကြတယ်။သူတို့တွေ အချင်းချင်းစည်းလုံးနေကြတယ်။မကောင်းတဲ့ အသိုက်မြုံကြီး ထဲမှာပေါ့။ကိုယ့်စကားက ကိုယ့်ရဲ့အသိုင်းဝိုင်းတွေကို ထိခိုက်မှန်းမသိ၊ကိုယ့်အဆင့်ဘယ်ရောက်မှန်းမသိ လွတ်လပ်စွာ ဆဲဆိုနေကြတာ တွေ ဆင်ခြင်ကြပါလို့ပြောပါရစေ။
ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ယဉ်ကျေးတဲ့လူမျိုးတွေပါ။ဝတ်စားဆင်ယင်မှုကအစ ကမ္ဘာ မှာ ယဉ်ကျေးပြီး သိမ့်မွေ့ဆုံးသော လူမျိုးတွေပါ။အပြောအဆိုကလည်း နူးညံ့ တဲ့မြန်မာလူမျိုးတွေဆိုတာ မေ့နေကြရော့လား။ကောင်းသော အကျင့်၊ကောင်းသော ဓလေ့တွေအစား မကောင်းတာတွေ အစားထိုးနေကြတယ်။ကောင်းတာတွေလုပ်ရမှာရှက်ပြီး မဟုတ်တာတွေ၊မလုပ်သင့်တာတွေကြတော့ အတုခိုးကြတယ်။တီထွင်ပြီး အဆန်းတကျယ်ပြု နေကြတယ်။ဒီအပြောအဆိုလေးတွေက ဘာမှဖြစ်မသွားလောက်ပါဘူး၊ဒီအပြုမူလေးတွေက ဘယ်လောက်ထိသက်ရောက်သွားမှာ မိုလို့လဲ ဆိုပြီးပေါ့ပေါ့ဆဆ အလွယ်တကူ မနေကြပါနဲ့။ဘယ်အရာမှ တကြိမ်တည်းနဲ့အကြီးတကျယ် ဖြစ်သွားပျက်ဆီးသွားတယ်ဆိုတာ ရှားပါတယ်။ဒါပေမယ့် တဖြည်းဖြည်းနဲ့သက်ရောက်မှုရှိတယ်ဆိုတာတော့ တွေးထားပါ။အကျင့်တစ်ခုဆိုတာ လုပ်ယူလို့ရတယ်။အကျင့်ဖြစ်နေရင်လည်း ဖျောက်ဖျက်လို့ရပါတယ်။မိမိကိုယ်၌ကသာ ကောင်းသောဘက်သို့ မူတည်ပြီး တဖြည်ဖြည်းရွေ့သွားပါ။အချိန်က စကားပြောလာပါလိမ့်မယ်။
အားလုံးပဲ သတိထားဆင်ခြင်ကြပါ။ကောင်းသော အကျင့်လေးတွေမွေးမြူကြပါ။မရှက်မကြောက်ပြုမူနေတာတွေကို သတိထားပြီး ပြောင်းလဲဖို့လိုပါတယ်။စကားတစ်ခွန်းဆိုတာ ကိုယ့်အဆင့်အတန်းကို ဖော်ပြတာပဲ။စကားပြောပုံကိုကြည့်ပြီး လူတစ်ယောက်ရဲ့ အဆင့်အတန်းကို ပြောနိုင်တယ်။ကြမ်းတမ်းဖို့လည်း မလိုဘူး၊ဆဲဆိုပြီးပြောနေဖို့လည်း မလိုဘူး။အဓိကက ကိုယ်ကရှောင်ဖို့အဓိကပါ။ဒီလို စကားလုံးတွေကို ပြောဆိုနေမယ့်အစား ပုံမှန်ယဉ်ယဉ်ကျေးကျေးလေးနဲ့ အဆုံးသတ်လိုက်ပါ။ကိုယ့်ပါးစပ်က ထွက်တဲ့စကားက ဘယ်လောက်တန်ဖိုးရှိပြီး သိမ်မွေ့လဲဆိုတာ သက်သေပြလိုက်ပါ။ချိုသာသော စကားကို ပြောခြင်းသည် မင်္ဂလာတစ်ပါးမည်၏တဲ့။နေ့ရက်တိုင်းမှာ မင်္ဂလာ တွေရှိနေအောင် ကျင့်သုံးလိုက်စမ်းပါ။
မြန်မာစာသည် ဒို့စာ
မြန်မာစကားသည် ဒို့စကား
ဒို့ပြည်ကို ချစ်ပါ....
ဒို့စာကို လေးစားပါ...
အားလုံးကို ကျေးဇူးတင်ပါတယ်။
@thithisann
Author ThiThiSan
Msc 262