The Choice Man (၉)

Words
309
Reading
2 min
Listen
Play
7y

choice.jpg

ကော်နီရဲ့ ရွေးချယ်မှု >>>>>>>

သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး
ဟာ လက်ထဲမှာအဝတ်ဆိုင်တစ်ဆိုင်ရဲ့ တံဆိပ်
အမှတ်အသားနဲ့ အိတ်နှစ်လုံးကိုင်ပြီး ဧည့်ခန်းထဲ
ဝင်လာပါတယ်။ လီယိုနာ့ဒ် ထရပ်ပြီး အိတ်တွေကို
တစ်ချက်ကြည့်လိုက်ပါတယ် . . ထို့ နောက်
၎င်း အမျိုးသမီးကို သော့ကဒ်လေးပေးလိုက်ပြီး
ဘယ်အခန်းကိုသွားရမယ်ဆိုတာ ပြောလိုက်ပါတယ်။
ပြီးနောက်သူလည်း ထိုင်ခုံပေါ်မှာ ထိုင်ရင်း
နောက်တစ်ကြီမ် ထပ်စောင့်နေပါတယ် . . . ။

ထိုအမျိုးသမီးပြန်ထွက်လာတဲ့အခါ လီယိုနာဒ့်
သူမကို ငွေရှင်းပေးလိုက်ပါတယ်။ နောက် မိနစ်
အနည်းငယ်အကြာ ကော်နီလည်း ထွက်လာခဲ့ပါတယ်။
ကောင်တာက ဧည့်ကြိုအမျိုးသမီးကတောင် သူမကို
မမှတ်မိသလိုဖြစ်သွားပါတယ်။ဆံပင်တွေကို သေချာ
ဖြီးသင်ထားပြီး ဂျင်း ဂျာကင် အဝတ်အစားသစ်တွေကို
ကြည့်လို့ ကောင်းအောင် ဝတ်ထားပါတယ်။သူမလည်း
သာမန်အတိုင်း လူထဲက လူတစ်ယောက် ဖြစ်နိုင်ပါသေး
တယ် မဟုတ်ပါလား။
လီယိုနာ့ဒ် ဧည့်ကြိုအမျိုးသမီးကို
သော့ကဒ် လှမ်းပေးလိုက်ရင်း ပြောလိုက်ပါတယ်။
“ကျေးဇူးတင်ပါတယ်. . . အခန်းထဲမှာကျန်ခဲ့တာတွေ
ကိုယူပြီး လွင့်ပစ်ပေးပါဗျာ . . ကျနော်တို့ ဒီကို ပြန်မလာ
ဖြစ်တော့ပါဘူး”

ကော်နီလည်း သူ့ နောက်မှာ ကပ်ပါလာရင်း
ဟော်တယ်ကနေ ထွက်လာကြပါတယ်။
ဘလော့တစ်ခုစာလောက် လျှောက်လာအပြီးမှာ
မြို့ ထဲက စားသောက်ဆိုင်လေးတစ်ဆိုင်ကို
ရောက်လာခဲ့ကြပါတယ်။ဆိုင်ကိုလာတဲ့သူ သိပ်မများ
တာကို ကြည့်ရရင် နာမည်မရှိတဲ့ ဆိုင်လေးပဲဖြစ်ပါ
လိမ့်မယ်။ကော်နီအတွက် တံခါးဖွင့်ပေးပြီး နှစ်ယောက်
သား အထဲကို ဝင်လာခဲ့ကြပါတယ်။သူတို့ ကို
နေရာချပေးထားတဲ့ စားပွဲတစ်လုံးမှာ ထိုင်လိုက်ကြပြီး
အစားသောက်တွေ မှာကြပါတယ်။ လီယိုနာ့ဒ်က သူမ
စားချင်တာကြိုက်သလောက်စားဖို့  အားပေးလိုက်ပြီး
သူကိုယ်တိုင်ကတော့ စွပ်ပြုတ်တစ်ပန်းကန်ပဲ မှာ
လိုက်ပါတယ်။
“ရှင် ကျမဆီက ဘာလို ချင်လို့ လဲ”
စားပွဲထိုးထွက်သွားချိန်မှာ ကော်နီက မေးလိုက်
ပါတယ်။ “ရပါတယ် . . မဖြေချင်လည်း
မဖြေပါနဲ့  . . ရှင်ဘာလိုချင်တာကို ကျမသိပါတယ်
.. . ဒါပေမဲ့ အခုဒါတွေက ဘာတွေလုပ်နေတာတုန်း”

သူမရဲ့ အဝတ်အစားအသစ်တွေကို ကိုင်ပြရင်း ဆက်
ပြောပါတယ် . . “ကျမကို လှတပတ ပုံစံဖြစ်အောင်
လို့ လား . . ဒါမှမဟုတ် တခြားအကြောင်းကြောင့်
လား”
. . . ။
“မင်းကို ပြောထားတဲ့ ကိစ္စကလွဲလို့ 
ကိုယ် မင်းဆီက ဘာမှစိတ်မဝင်စားပါဘူး . . .
အဝတ်အစားအသစ်ဝယ်ပေးတာ ၊ အစားအသောက်
တွေကျွေးတာကလည်း ခက်ခဲကြမ်းတမ်းတဲ့
အခြေအနေမှာ ဆုံးဖြတ်ချက်တွေ မချလိုက်စေချင်
လို့ ပဲ။ သူတစ်ပါးရဲ့ နိမ့်ကျတဲ့ အခြေအနေကို
အသားစီးယူတတ်တဲ့လူ အဖြစ် ကိုယ်အပြော
မခံရတော့ဘူးပေါ့။”

လို့  သူခပ်မာမာလေး ပြောလိုက်ပါတယ်။
“ဘယ်သူတွေက ပြောကြမှာလဲ”
သူအဖြေပြန်မပေးပဲ စားပွဲတစ်ဖက်မှာရှိတဲ့
သူမကို အဓိပ္ပာယ်ဖော်ရခက်တဲ့ မျက်လုံးပြာကြီး
တွေနဲ့ စိုက်ကြည့်နေလိုက်တော့ . . .သူမလည်း
တုန်ခနဲ ဖြစ်သွားရပါတော့တယ်။
ဒီအချိန်မှာ သူမမှာထားတဲ့ အသားသုပ်လည်း
ရောက်လာပါပြီ။
“ကျေးဇူးပြုပြီး စားလိုက်ပါအုံး”
ပြောပြီး သူတစ်ခြားကို လှည့်ငေးနေလိုက်ပါတယ်။
မိနစ်အနည်းငယ်လောက်ကြာတော့ စားစရာတွေ
ရောက်လာပါတယ် ။ ကော်နီစားသောက်နေတုန်းမှာ
လီယိုနာ့ဒ် ကတော့ ခပ်မဆိတ်ပဲနေနေပါတယ်။
သူမ စားလို့ သောက်လို့ အပြီး သူ့ ရဲ့ စိုက်ငေး
ကြည့်တာနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ခုနက စားလိုက်
ရတဲ့ တန်းဖိုးကြီးအရသာရှိလှတဲ့ အစားအသောက်
တွေဟာ ရုတ်တရက်ကြီး အရသာခြောက်ခမ်းသွား
ရပါတော့တယ်။
“ကိုယ်က ရွေးချယ်မှုတွေနဲ့ အလုပ်လုပ်တယ် . .
တို့ လူသားတွေ အားလုံးပါပဲ . .ရွေးချယ်မှုနဲ့ 
အလုပ်လုပ်ကြတာ . . .ဘယ်အလုပ်အကိုင်
ကို လုပ်ကြမယ် . . ဘယ်သူနဲ့ လက်ထပ်မယ် . .
မူးယစ်ဆေးလေးကို နဲနဲလောက်တော့
သုံးကြည့်အုံးမှ . . . စသဖြင့်ပေါ့”

လီယိုနာ့ဒ် ကြည်လင်နူးညံ့တဲ့ လေသံနဲ့
ပြောလိုက်ပါတယ်။
ကော်နီကတော့ ခုနကစားလိုက်တဲ့ အစား
အသောက်တွေ လည်ချောင်းထဲကပ်နေလို့ 
မနဲ မျိုချနေရတယ်။
“တစ်ချို့ ကိုယ်ရွေးချယ်မိတဲ့ အရာတွေကြောင့်
ဘဝမှာ အဓိပ္ပာယ်မရှိတဲ့ အကျိုးဆက်တွေ
ဖြစ်လာတတ်တယ်”

ဆက်ရန် . . . . . . .
Translated From “THE CHOICE MAN” by O.H.Reads
thettinaung@thettinaung
MSC - 105