The Choice Man (၈)

Words
303
Reading
2 min
Listen
Play
7y

choice.jpg

ကော်နီ ရဲ့ ရွေးချယ်မှု

“ဒီနေ့ မင်းအတွက် ရွေးချယ်စရာ နှစ်ခု
ပေးမယ်”
နောက်ဆုံးမှာ သူစကားပြောလာပါတယ်။
သူ့ လေသံထဲမှာ ဆွေးမြေ့ နေတဲ့ အရိပ်တွေ
ရှိနေပါတယ်။
“ပထမတစ်ခုက ကိုယ်နဲ့ လိုက်ခဲ့ဖို့  ဒါမှမဟုတ်
မလိုက်ခဲ့ချင်ဘူးဆိုလည်း ရပါတယ်”

ကော်နီ . . ခဏလောက်တုံ့ ဆိုင်းသွားပါတယ်။
တစ်ခြားအိမ်ခြေယာမဲ့ အမျိုးသမီးတွေဆီက
သူတို့ ကို လာခေါ်တတ်တဲ့ ယောက်ျားတွေ
အကြောင်း ဇာတ်လမ်းတွေ အများကြီး ကြားဖူး
ပါတယ်။အများစုပြောကြတဲ့ ယောက်ျားတွေ
အကြောင်းက ကောင်းတာသိပ်မပါပါဘူး။
တစ်ချို့ တစ်လေကတော့ ငွေစလေး အနဲငယ်
လောက် ရကြပါတယ်။အများစုကတော့
မတော်မတရား အနိုင်ကျင့်ခံခဲ့ရပါတယ်။
ကော်နီ ရှည်ရှည်ဝေးဝေး မစဉ်းစားနိုင်တော့
ပါဘူး။ အေးလည်း အေးစိမ့်နေပြီ . . သူမရဲ့
အရှက်တရားတွေ ပျယ်လွင့်ကုန်တာ လွန်ခဲ့
တဲ့ လပေါင်းများစွာ ကတည်းကပါ။စားစရာ
မဖြစ်စလောက်လေးနဲ့  နွေးထွေးတဲ့ အိပ်ယာ
လေးတစ်ခုအတွက် မတရားစော်ကားမှု
တွေနဲ့  ရင်ဆိုင်ခဲ့ဖူးပြီ . . . . ။
“ဒီဘက်ကို လိုက်ခဲ့” သူလှည့်ထွက်သွားရင်း
ပြောလိုက်ပါတယ်။

ပင်ပန်းနွမ်းနယ်နေတဲ့ သူမရဲ့ ခြေထောက်တွေဟာ
ထင်တာထက် ပိုသွက်နေတဲ့  ထိုလူရည်သန့်
ပုဂ္ဂိုလ်ကို မှီအောင် ကသုတ်ကရက် နောက်က
လိုက်သွားပါတယ်။ သူတို့ အနဲငယ်လျှောက်လာ
ခဲ့ ပြီး မြို့ လယ်နား က မိုတယ်တစ်ခုရှေ့ ကို
ရောက်လာပါတော့တယ်။အထပ်မြင့် အဆောက်
အဦးတွေ ရှိတဲ့ တစ်ခြားမြို့ လယ်ဧရိယာတွေ
ပုံစံမျိုး မရှိပေမယ့် လူတစ်ချို့ အတွက် ဒီနေရာ
လေးကိုပဲ မြို့ လယ်ခေါင်အဖြစ် ထင်မှတ်ကြတာပဲ
မဟုတ်ပါလား။ အနေအထားအရတော့ သူမ
ဘယ်လိုဆက်စခန်းသွှားရမယ်ဆိုတာ
သေချာမြင်နေရပါပြီ။ သူမလည်း အနဲငယ်
စိတ်ကသိကအောက် ဖြစ်စွာနဲ့  သူဖွင့်ပေးတဲ့
တံခါးကနေ ဝင်လာခဲ့ ပြီး နှစ်ယောက်သား
ကောင်တာဆီ ရောက်လာပါတော့တယ်။
ကောင်တာမှ ဧည့်ကြိုကလည်း သူမ
စိတ်ကူးမိသလို အတွေးမျိုးနဲ့ သူတို့ ကို
မနှစ်မျို့ သလို ကြည့်နေပါတယ်။
“အခန်းတစ်ခန်း ၊ မြေညီထပ်က . .သော့နှစ်ချောင်း
ပေး” လီယိုနာ့ဒ် ခပ်ဆတ်ဆတ်လေး ပြောလိုက်
ပါတယ်။
ဧည့်ကြိုက စကားတစ်ခွန်းမှ မပြောပေမယ့်
သူ့ အနေနဲ့ ဒီလိုမိန်းမမျိုးနဲ့ ဘာလာလုပ်တာလဲ
ဆိုတဲ့ သဘောမျိုး စူးစမ်းသလိုကြည့်နေပါတယ်။
သူမကတော့ စကားတစ်ခွန်းမှ မဆိုပဲ လိုအပ်တဲ့
အချက်အလက်များကိုသာ ဖြည့်သွင်းနေပါတယ်။
လီယိုနာ့ဒ်ကတော့ သူရဲ့ မျိုးရိုးနာမည်ကို
စမစ်လို့ ပြောလိုက်ပြီး တစ်ညစာအတွက်
လက်ငင်းငွေချေလိုက်ပါတယ်။ဧည့်စာရင်း
မှတ်တမ်းသွင်းပြီးတဲ့အခါ သူမ
လီယိုနာ့ဒ်ကို ပလပ်စတစ်သော့နှစ်ချောင်း
ပေးလိုက်ပါတယ်။ သူက သူမကို
တစ်ချောင်းပြန်ပေးလိုက်ပြီး . . .
“အခန်းကိုသွားပြီး ၊ ရေချိုး ခေါင်းလျှော်
လုပ်လိုက်အုံး . . . ပြီးရင် မင်းအတွက်
အဝတ်အစားတွေ ရောက်နေလိမ့်မယ် . .
ဝတ်ပြီးတော့ ဒီကို ပြန်လာခဲ့လိုက်”

သူမမျက်လုံးတွေ ဝိုင်းစက်သွားပြီး
“ရှင်က . .လိုက်မလာဘူးလား” . .
သူစိတ်များပြောင်းသွားလားဆိုတဲ့
စိုးရွံ့ စိတ်နဲ့ မေးလိုက်ပါတယ်။
“နိုး . . . ဒီမှာပဲ ရှိနေမယ် . . အချိန်အရမ်း
မကြာစေနဲ့  ဒါပေမယ့် မင်းကိုယ်မင်း သေချာ
သန့် ရှင်းအောင်လုပ်ခဲ့”

ကော်နီထွက်သွားတဲ့အခါ သူ့ ကိုထူးဆန်းစွာ
ကြည့်နေတဲ့ ဧည့်ကြိုမိန်းကလေးလက်လှည့်ပြီး
“ဒီမှာ . . အများသုံးဖုန်းရှိလားခင်ဗျ”
ယဉ်ကျေးစွာမေးလိုက်ပါတယ်။
သူမ ဧည့်ခန်းထဲက ခုံလေးပေါ်မှာတင်ထားတဲ့
တယ်လီဖုန်းကို ညွှန်ပြလိုက်ပါတယ်။ လီယိုနာ့ဒ် လည်း
ဖုန်းအနားသွားပြီး နံပါတ်တစ်ခုကို ခေါ်ကာ
စကားအနဲငယ်ပြောပြီး နောက် ဖုန်းပြန်ချထား
လိုက်ပါတယ်။ပြီးတော့ ထိုင်ခုံပေါ်မှာထိုင်စောင့်
နေလိုက်ပါတယ်။ လေးဆယ့်ငါးမိနစ်လောက်
အကြာမှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး
ဟာ လက်ထဲမှာအဝတ်ဆိုင်တစ်ဆိုင်ရဲ့ တံဆိပ်
အမှတ်အသားနဲ့ အိတ်နှစ်လုံးကိုင်ပြီး ဧည့်ခန်းထဲ
ဝင်လာပါတယ်။ လီယိုနာ့ဒ် ထရပ်ပြီး အိတ်တွေကို
တစ်ချက်ကြည့်လိုက်ပါတယ် . . ထို့ နောက်
၎င်း အမျိုးသမီးကို သော့ကဒ်လေးပေးလိုက်ပြီး
ဘယ်အခန်းကိုသွားရမယ်ဆိုတာ ပြောလိုက်ပါတယ်။

ဆက်ရန် . . . . . . .
Translated From “THE CHOICE MAN” by O.H.Reads
thettinaung@thettinaung
MSC - 105