The Choice Man (၇)

Words
351
Reading
2 min
Listen
Play
7y

choice.jpg

ကော်နီရဲ့ ရွေးချယ်မှု

လမ်းရဲ့ ထောင့်လေးမှာ ထိုင်နေတဲ့ သူမ
. . . တွန့် ကြေပြီး အရောင်ပြယ်နေပြီ
ဖြစ်တဲ့ ကတ်ထူဆိုင်းဘုတ်(အကူအညီ
တောင်းတဲ့) ပြားလေးကတော့ သူမရှေ့
က မြေပြင်ပေါ်မှာ . . . တစ်နေကုန် မတ်တပ်
ရပ်ပြီး မီးပွုင့်မှာ ရပ်နေတဲ့ ကားတွေကြားထဲ
အရှေ့ လျှောက်လိုက် ၊ အနောက်လျှောက်လိုက်
နဲ့  . . . ကားမောင်းသူအများစုက သူမကို
မတွေ့ သလို ဟန်ဆောင်ပြီး ရှေ့တူရှုသို့ သာ
ကြည့်နေရင်း ဒါမှမဟုတ် မီးပွုင့်စိမ်းတဲ့အထိ
ဖုန်းကြည့်မပျက် နေနေကြတယ်။
အချိန်တွေကုန်လာတာနဲ့  အမျှ တစ်ယောက်
တစ်လေကများ ကားမှန်ပြတင်းလေးဖွင့်လာ
လေမလားဆိုပြီး . . . တစ်ချို့ က သူမကို
တစ်ဒေါ်လာ နှစ်ဒေါ်လာ စပေးသွားကြတယ်။
တစ်ချို့ ကတော့ အကြွေစေ့လေးတွေပေါ့ ။
အခု သူမ ပင်ပန်းနေပါပြီ . . .ပြီးတော့
ဆာလောင်လို့ ပေါ့ . . .အမြဲတမ်း ဆာလောင်
နေတာပါ။ အေးလည်း အေးနေတယ် . . .
သူမ ဝတ်ထားတဲ့ ဂျင်းသားဟာ လည်း
တော်တော်လေးကို ပါးပါတယ် . .
အပေါက်တွေ အဖာတွေဆိုတာကလည်း
ဖက်ရှင် အလှအပအနေနဲ့  လုပ်ထားတာ
မဟုတ်ပါဘူး။ရှပ်အင်္ကျီလက်ကလည်း
တိုလွန်းပါတယ် . . .သူမဝတ်ထားတဲ့
လေဘေးထည် ဂျက်ကက်အင်္ကျီတွေက
နေမဝင်ခင် အချိန်ထိတော့ သူမ အေးခဲ
မသွားအောင် ကာကွယ်ပေးပါတယ်။ဒါပေမယ့်
လည်း အိပ်ပျော်စဉ်မှာ သူမအပေါ်တွားတက်
လာတဲ့ ပိုးကောင် မွှားကောင်တွေက အဲဒီ
အင်္ကျီတွေမှာ အပြည့်ပဲ။ သူမစဉ်းစားမိတယ်
မောင်းနေတဲ့ ကားတစ်စီးရဲ့ အောက်ကို ပြေးဝင်
လိုက်ဖို့  . . . ဒါမျိုးစဉ်းစားမိတာ ပထမဆုံး
အကြိမ်တော့ မဟုတ်ပါဘူး။

သူမရဲ့ ရှေ့ မှာလူတစ်ယောက် လာရပ်ချိန်အထိ
ထိုလူကို မမြင်မိပါဘူး . . . နက်ပြာရောင်ဘောင်း
ဘီနဲ့ လိုက်ဖက်တဲ့အပေါ်ဝတ် အင်္ကျီကို ဝတ်ထား
ပြီး . . . အပြာရောင်ဖျော့ဖျော့ ရှပ်အင်္ကျီကို
ဝတ်ဆင်ထားပါတယ်။ ညာဘက်လက်ထဲမှာတော့
တောက်ပတဲ့ ငွေရောင် သော့ဂဏာန်းတွေပါတဲ့
လက်ဆွဲသေတ္တာလေးတစ်လုံးကို ကိုင်ထားပါတယ်။
သူ့ အသွင်အပြင်ဟာ ဘာအပိုအလိုမှ ရှိမနေပါဘူး။
အရပ်ရှည်လွန်းသူမဟုတ်ပေမယ့် အရပ်အမောင်း
ကောင်းတဲ့ အထဲမှာပါပြီး အနည်းငယ် သွယ်လျတဲ့
ပုံပေါက်တယ်။ဆံပင်တွေကို သပ်ရပ်စွာ ဖြီးသင်ထား
ပြီး မျက်နှာသွင်ပြင်ကတော့ အမှတ်ထင်ထင်
ချောမောပြီး စွဲဆောင်မှု ရှိတဲ့ထဲတော့ မပါပါဘူး။
သူ့ မျက်လုံးတွေသာလျှင် သိသာထင်ရှားနေခဲ့ပါ
တယ်. . ပြာလဲ့ပြီးဝင်းနေတဲ့ ဒီလိုမျက်လုံးတွေကို
သူမ တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ဒီိမျက်လုံးတွေရဲ့
အကြည့်ဟာ ပြင်းထန်လွန်းလို့  သူမရဲ့ အကျင့်
အတိုင်း မုန့် ဖိုးလေးပေးခဲ့ဖို့  တောင်းဆိုမလို့ တောင်
အသံမထွက်နိုင်ဖြစ်သွားရပါတယ်။
ထိုလူမှ နူးညံ့စွာ ပြောလိုက်ပါတယ် . . .
“ကွန်စတန် ဝီလ်ဆင်”
မေးမြန်းတဲ့ လေသံတော့ မဟုတ်ပါဘူး . . .
“ရှင် . .” သူမပုံမှန်အတိုင်း
ပြန်ဖြေလိုက်ပါတယ်။
ထိုလူက သူမကို တိတ်ဆိတ်စွာပဲ
အချိန်အတန်ကြာ စိုက်ကြည့်နေပါတယ်။
သူမ အနေနဲ့  သူက တစ်စုံတစ်ခုများ
တွေ့ လို့ တွေ့ ငြား စူးစမ်းခံနေရတယ်လို့ 
ခံစားမိပါတယ်။သူမကိုယ်သူမ ချောမောလှပတဲ့
မိန်းကလေး တစ်ယောက်အဖြစ် မစဉ်းစားမိတာ
ကြာပါပြီ ။ဒါပေမယ့် တစ်ချိန်တုန်းကတော့ သူမဟာ
လှပချောမောသူ တစ်ယောက်အဖြစ်
သတ်မှတ်ခြင်း ခံခဲ့ရဖူးပါတယ်။
ယခုအချိန်မှာတော့ သူမကို အဲဒီလို တွေ့ မြင်ဖို့ 
ခက်ခဲနေပါပြီ။ သူမကိုယ်သူမ မှန်ထဲမှာ
တွေ့ ရတဲ့အချိန်မျိုး ၊ ရေအိုင်ထဲမှာ သူမရဲ့
ပုံရိပ်ကို တွေ့ ရတဲ့ အချိန်မျိုးမှာ အရင်တုန်းက
ရှိခဲ့တဲ့ ကိုယ့်မျက်နှာကို မမှတ်မိနိုင်တော့ပါဘူး။
ဆံပင်ကတိုတို ၊ လူကအရိုးပေါ်အရေတင်နဲ့ 
တစ်ကိုယ်လုံးရှုပ်ပွနံစော်နေတဲ့ ပုံစံဖြစ်နေပါပြီ။
မျက်နှာသွင်ပြင်ကလည်း ရာသီဥတုဒဏ်ကြောင့်
ကြမ်းတမ်းလို့ နေပါပြီ။အသားအရေတွေလည်း
ခြောက်သွေ့ ပြီး စားရတဲ့ အစားအသောက်တွေကလည်း
ကျန်းမာရေးနဲ့ မညီညွှတ်တာကြောင့်
သူမရဲ့ ဝမ်းဗိုက်ဟာလည်း ရှိရင်းစွဲထက်
ဖောင်းကားနေပါတယ်။တစ်ခါတစ်လေ
သူမကိုယ်သူမ ခေါင်းနဲ့ ခြေထောက်တပ်ထားတဲ့
မိုးပျံပူဖောင်းကြီးလို ဖြစ်နေပြီလို့ ထင်မိတယ်။
သို့ ပေမယ့်လည်း ဒီအခိုက်အတန့် လေးမှာတော့
ထိုထူးဆန်းတဲ့ လူဟာ သူမကို
တစ်ချိန်တုန်းက အလှပဂေးလေး အဖြစ်
မြင်နေတယ်လို့ ယုံကြည်မိပါတယ်။
“ဒီနေ့ မင်းအတွက် ရွေးချယ်စရာ နှစ်ခု
ပေးမယ်”
နောက်ဆုံးမှာ သူစကားပြောလာပါတယ်။
သူ့ လေသံထဲမှာ ဆွေးမြေ့ နေတဲ့ အရိပ်တွေ
ရှိနေပါတယ်။

ဆက်ရန် . . . . . . .
Translated From “THE CHOICE MAN” by O.H.Reads

thettinaung@thettinaung
MSC - 105

The Choice Man (၇) | Ecency