ဒေးဗစ် ရဲ့ ရွေးချယ်မှု
“ဧည့်သည် ရောက်နေတယ် ၊ ထတော့”
ဒေးဗစ်ဗီလာနူးဗား . . . မျက်လုံးတွေပွင့်လာပြီး
အကျဉ်းခန်းအပြင်ဘက်မှာ ရပ်နေတဲ့
အစောင့်ကို ကြည့်လိုက်ပါတယ်။ထွားကျိုင်းသန်မာ
လွန်းတဲ့ အစောင့်ဟာ ထရိုက်တော့မယ့်ပုံမျိုး
နဲ့  ဒေးဗစ်ကို ရွံရှာစက်ဆုပ်သလို ကြည့်နေပါတယ်။
တကယ်လို့ သာ အရေးယူမခံရလောက်ဘူးဆိုရင်
သူ့ ကို အသက်သေလုနီးပါး ဒါမှမဟုတ်တောင်
သေတဲ့အထိ အစောင့်က တွယ်ပစ်လိမ့်မယ်
ဆိုတာ ဒေးဗစ်သိနေပါတယ်။ ထို အစောင့်အနေနဲ့ 
တရားဥပဒေကို ထိန်းသိမ်းပြီးလိုက်နာရမယ့်
အဖွဲ့ အစည်းကဖြစ်နေပေမယ့်လည်း သူ့ ညီမဟာ
သေလုမျောပါးဖြစ်အောင် ကားနဲ့ တိုက်ခံလိုက်ရတယ်။
တိုက်တဲ့သူကလည်း အခု အချုပ်ခန်းထဲမှာရောက်နေတဲ့
အရက်မူးပြီးမောင်းတဲ့သူ . . . ဆိုတာသိခဲ့ရင်
ဒေးဗစ်အနေနဲ့ အစောင့်ကို အထင်လွဲမိမှာမဟုတ်
လောက်ဘူး။ ဒါ့ကြောင့်ပဲ ဒေးဗစ် အချုပ်ခန်းထဲ
ရောက်နေရတာပါ။ ပုံမှန်ဆို အချုပ်ကျနေတဲ့
အကျဉ်းသားတွေ အနေနဲ့  အစောင့်တွေ
မတတ်နိုင်တဲ့ ကိစ္စတွေ လုပ်ပေးရင်း
အစောင့်တွေကို မျက်နှာလိုမျက်နှာရ
လုပ်လို့ ရကြပါတယ်။
ဒေးဗစ်ဟာ ခြေထောက်တွေကို လေးလံစွာ
သယ်ပြီး တံခါးဆီကို တရွတ်တိုက်လျှောက်သွား
ပါတယ်။အစောင့်ဟာ မိုက်ခရိုဖုန်းကနေတစ်ဆင့်
တစ်စုံတစ်ရာ လှမ်းပြောလိုက်ပြီး . . ခဏအကြာ
အချက်ပေးသံမြည်လာပါတယ်။ထို့ နောက်တံခါးကို
ဆွဲဖွင့်လိုက်ပြီး ဒေးဗစ်ရဲ့ အင်္ကျီရင်ဘတ်ကို
ဆွဲကိုင် ခေါ်သွားတာ အရှိန်ပြင်းထန်လွန်းလို့ 
ရှေ့က နံရံတွေကိုတောင် တိုးတိုက်မိပါတော့တယ်။
ဒေးဗစ်လည်း ညည်းညူမိပေမယ့် ပြန်လည်
မတုံ့ ပြန်ဖြစ်ပါဘူး . .။အရင်တစ်ခါ အဲလို
ကလန်ကဆန် လုပ်မိလို့  အခုထိ အတွင်းကြေ
ဒဏ်ရာရနေဆဲ ဖြစ်ပါတယ်။အနည်းဆုံး သူ့ ရဲ့
နံရိုး နှစ်ချောင်းလောက်က သွင်သွင်ကျိုးနေတာတော့
သေချာပါတယ်။ ဒီက အစောင့်ရဲတွေမှာ စာနာသနား
တတ်တဲ့ စိတ်မျိုးမရှိကြတာကို သူသိထားပါတယ်။
“သွားစမ်း”
လို့  အစောင့်က အမိန့်ပေးပြီး အချုပ်ခန်းတစ်လျှောက်
တွန်းထုတ်သွားပါတယ်။
ဒေးဗစ်လည်း ယိုင်တိယိုင်တိုင်နဲ့  ကိုယ့်ကိုကိုယ်
လဲမကျအောင်ထိန်းရင်း ဧည့်တွေ့ ခန်းဆီ
အလျင်အမြန် တရွတ်တိုက်သွားလိုက်ရတယ်။
တံခါးဝရောက်တော့ တံခါးဖွင့်ပေးဖို့  ခဏ
စောင့်နေပါတယ်။ အစောင့်လည်း သူ့ ကို
ကျော်ပြီး တံခါးဖွင့်ပေးရတော့မှာမို့  ထိုးနှက်
တာတွေ ရပ်တန့် လိုက်ပါတယ်။ ပြီးတော့
အခန်းထဲကို မလိုအပ်ပဲ ဆောင့်တွန်းလွှတ်လိုက်
ပြီး နောက်ကနေ တံခါးဆောင့်ပိတ်သံကြားလိုက်
ရပါတယ်။
စားပွဲနောက်မှာ ထိုင်နေတဲ့ လူတစ်ယောက်ကို
ဒေးဗစ် ကြည့်လိုက်မိသည်။သက်လတ်ပိုင်းအရွယ်
သာမန် လူတစ်ယောက်ပုံစံမျိုး . . .အပြာရောင်
ဖျော့ဖျော့ ရှပ်အင်္ကျီနဲ့  မီးခိုးရောင် ကုတ်ကို
ဝတ်ဆင်ထားပြီး . . လည်စီးတော့တပ်မထား
ပါဘူး။ တစ်ခုတည်းသော ထူးခြားမှုကတော့
စားပွဲပေါ်က ငွေရောင်သော့
ဂဏန်းတွဲတွေနဲ့  အနက်ရောင်ပြယ်နေတဲ့
လက်ဆွဲသေတ္တာလေးတစ်လုံး ဖြစ်ပါတယ်။
“ခင်ဗျားက ဘယ်သူလဲ” ဒေးဗစ် မေးလိုက်ပါတယ်။
“ကျနော့်ကို လီယိုနာ့ဒ်လို့ ခေါ်နိုင်ပါတယ် . .
ထိုင်ပါအုံး . . ကျနော် အချိန်အကြာကြီး
မယူပါဘူး”
ဒေးဗစ် ခုံတစ်လုံးကိုဆွဲယူလိုက်ပြီး ထိုင်ချ
လိုက်ပါတယ်။
“ခင်ဗျားက ကျနော့် ရှေ့ နေအသစ်လား . .
ဟိုတစ်ယောက်ကတော့ ကျနော်အယူခံဝင်
တာကို အလိုမရှိဘူးတဲ့ဗျာ”
“ဒေးဗစ် ၊ ခင်ဗျားအမှုအတွက် ကျနော်လာတာ
မဟုတ်ဘူး . . ခင်ဗျားဟာ မိတ်ဆွေတွေနဲ့ အတူ
အပြင်မှာရှိနေခဲ့တယ် . . . အိမ်ပြန်ဖို့ အရေး
အလေးမထားပဲ . . အရက်သောက်ဖို့ ပဲ စိတ်ပါ
နေခဲ့တယ် . . နောက်တော့ ခင်ဗျားကားဟာ
မီးနီကို ဖြတ်မောင်းမိပြီး ငယ်ရွယ်ချောမောတဲ့
အမျိုးသမီးလေး တစ်ယောက်ကို တိုက်မိလိုက်တယ်
. . . အဲဒီမိန်းကလေးဟာ နောက်တစ်ပတ်ဆိုရင်ပဲ
မင်္ဂလာဆောင်တော့မှာ . . အခုတော့ ရခဲ့တဲ့
ဒဏ်ရာတွေကြောင့် သူခမျာ သေရတော့မယ်။
ကျနော်အခု ခင်ဗျားရဲ့ ပြစ်ဒဏ်လျော့ပေါ့အောင်
လုပ်ပေးမှာ မဟုတ်သလို ခင်ဗျား အပြစ်ဝန်ခံ
အောင် ညှိုနှိုင်းဖို့ လည်း မဟုတ်ပါဘူး။”
ဒေးဗစ် လက်တွေနဲ့ မျက်နှာကို အုပ်ထားလိုက်မိ
ပါတယ်။အရက်ရှိန်ကြောင့် အဲဒီညက အဖြစ်တွေ
မှတ်ညဏ်မှာ ဝေဝါးနေပေမယ့်လည်း သူ့ ကားနဲ့ 
တိုက်မိတော့မယ့်အချိန်မှာ ထိုကားကို ရှင်းရှင်း
လင်းလင်း မြင်လိုက်ရပါသေးတယ်။သူ့ ကိုယ်သူ
လည်း မုန်းတီးမိပါတယ်။အခန်းအပြင်ဘက်မှာ
စောင့်နေတဲ့ အစောင့်ကို သွားပြီးတိုက်ခိုက်လိုက်ရင်
ဘာဖြစ်မလဲဆိုတာ စဉ်းစားလိုက်မိပါတယ်။
သူကိုယ်တိုင် အသတ်ခံသွားရမှာတော့သေချာပါ
တယ်။ဒါလည်း သင့်တော်တဲ့ အဆုံးသတ်တစ်ခု
ပဲ မဟုတ်လား။
“ခင်ဗျား . . ကျနော့်ကို ကူညီဖို့ မဟုတ်ရင်
ဒီကိုဘာလာလုပ်တာလဲ . . . ကျနော့်ဆီက
ဘာလိုချင်လို့လဲ” ရှုံးနိမ့်နေတဲ့ လေသံနဲ့ 
သူမေးလိုက်ပါတယ်။ “ကျနော့်အတွက် တရားမ
မှုတွေများ ရှိနေလို့ လား”
ဒေးဗစ် . . ဘာတုံ့ပြန်မှုမှ မကြားရတဲ့အခါ
သူ့ လက်တွေကို မျက်နှာက ခွာပြီး မော့ကြည့်
လိုက်မိပါတယ်။ လီယိုနာ့ဒ်က သူ့ ကို စိုက်ကြည့်
နေတာ တွေ့ ရပါတယ်။အစောင့်က သူ့ ကို ကြည့်
နေကျပုံစံအတိုင်း စိုက်ကြည့်နေတဲ့ အတွက်
ဒေးဗစ်လည်း သိမ့်သိမ့်တုန်အောင် လန့် သွား
ရပါတော့တယ်။
လီယိုနာ့ဒ်က ကြည်လင် နူးညံ့တဲ့ လေသံနဲ့ 
စကားစပြောပါတယ် . . .
“ကျနော်က ရွေးချယ်မှုတွေနဲ့  အလုပ်လုပ်တဲ့
လူတစ်ယောက်ပါ”
ဆက်ရန် . . . . .
Translated From “THE CHOICE MAN” by O.H.Reads
@thettinaung
MSC - 105