The Choice Man (၄)

Words
723
Reading
4 min
Listen
Play
7y

choice.jpg

အပိုင်း (၁) ၊ အပိုင်း (၂) ၊ အပိုင်း (၃) ဖတ်ရန်

"ကိုယ်ရွေးချယ်ခဲ့တဲ့အရာအစား
တစ်ခြားတစ်ခုကိုသာ ရွေးခဲ့မိမယ်ဆိုရင် ခုချိန်မှာ
တို့ ဘဝတွေ ဘယ်လိုများဖြစ်နေလိမ့်မလဲဆိုတာ
စိတ်ကူးရင်း နာရီတွေ ၊မိနစ်တွေ ၊နေ့ ရက်တွေကို
ဖြတ်သန်းခဲ့ကြတယ် . . . ။ လီဆာဒန်နယယ်လ် . .
ဒီနေ့ တော့ လူအတော်များများမရဖူးတဲ့ ရွေးချယ်ခွင့်
တစ်ခုကို .. . ကိုယ်မင်းကို ပေးမယ် . . .။ မင်းဘဝ
ပြောင်းလဲသွားစေမယ့် အခွင့်အရေးတစ်ခုကို ပေးမှာပါ။”

သူမ မယုံသင်္ကာသလို ပြန်မေးလိုက်ပါတယ် . . ။
“ပြောပါအုံး . . .ဘယ်လိုပြောင်းလဲမယ်ဆိုတာ
. . အတိတ်ကို ဘယ်သူမှ မပြောင်းလဲနိုင်သလို
အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာလည်း ကြိုမသိနိုင်
ဘူးလေ”

နွေးထွေးမှု ကင်းမဲ့တဲ့ အပြုံးနဲ့ ပြုံးလိုက်ရင်း
အောက်ကိုတစ်ချက်ငုံ့ ကာ သူ့ ရဲ့ လက်ဆွဲ
သေတ္တာလေးကို ယူလိုက်ပါတယ် . .။သေတ္တာ
ပေါ်က လျှို့ ဝှက်သော့ဂဏာန်းတွဲတွေကို လှည့်ကာ
ခလုတ်နှိပ်ဖွင့်ပြီး အထဲက မနီလာ
ဖိုင်တွဲတစ်ခုကို ယူပြီးနောက် သေတ္တာကို ပြန်ပိတ်
လိုက်ပါတယ်။ပြီးတော့ သော့ဂဏာန်းတွဲတွေကို
ပြန် လှည့်ပြီး ပြောင်းလိုက်ပါတယ်။ ဖိုင်တွဲကို
သူမဆီ ကမ်းပေးရင်း သေတ္တာကို ပြန်ချထား
လိုက်ပါတယ်။

“ကျမဖွင့်ကြည့်ရမှာလား . . ဘာတွေပါလိမ့်”
လို့ မေးလိုက်ရင်း လီဆာရဲ့ လက်တွေဟာ
နောက်တစ်ကြိမ် တုန်ရီလို့ နေပါတယ်။
လီယိုနာ့ဒ်က ပြောလိုက်တယ်
“အထဲမှာ စာရွက်သုံးရွက်ရှိတယ် . . .
တစ်ရွက်ကတော့ ဘာမှရေးမထားဘူး
စာရွက်အလွတ်ပဲ . . အဲဒါကို ရွေးချယ်မယ်
ဆိုရင် ဘာမှလုပ်စရာမလိုဘူး . . ရိုးရိုးလေးပဲ
ဒီနေရာကနေ ထရပ်ပြီး ထွက်သွားလိုက်ရုံပဲ။
နောက်စာရွက် နှစ်ခုထဲမှာတော့ မင်းရဲ့
ဘဝ အပြောင်းလဲဖြစ်စေခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို
ပြုလုပ်ခဲ့တဲ့ အချိန်နဲ့ ရက်စွဲပါ အဖြစ်အပျက်တွေကို
ရေးထားတယ်။ ဆိုတော့ . . မင်း ပြောင်းလဲပစ်ချင်
ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ရွေးချယ်ပြီး ငါ့ကို
ပြောပြရုံပဲ”

“ရှင် နောက်ပြောင်နေတာတော့ မဟုတ်ပါဘူးနော်
. . . ဒါကတကယ်တမ်း မဖြစ်နိုင်ဘူး . . ကျမရဲ့
အတိတ်ကို ပြောင်းလဲပစ်ဖို့ ကျမရွေးချယ်လို့ ရတယ်
ဆိုပြီးပြောနေတာကတော့ မဖြစ်နိုင်တဲ့ကိစ္စပဲ”

လို့ ရယ်မောရင်း စကားလက်စသတ်လိုက်ပါတယ်။
သူကတော့ စကားတစ်ခွန်းမှ မပြောသလို
ရယ်လည်းမရယ်ပါဘူး။ လီဆာရဲ့ မယုံသလို
ပြုံးနေတဲ့ အပြုံးတွေဟာ တစ်ဖြည်းဖြည်း
ပျောက်ကွယ်သွားပါတယ်။ သူမရဲ့ လက်အစုံ
ဟာလည်း တုန်ယင်လွန်းလို့  ဖိုင်တွဲကိုဖွင့်ဖို့ 
သုံးကြိမ်လောက်တောင်ကြိုးစားလိုက်ရတယ်။
နောက်ဆုံး သူမဖွင့်လိုက်တဲ့အချိန်မှာ
စာရွက် နှစ်ရွက်က အောက်ကို လျှောကျသွား
လို့ ပြန်ကောက်ယူလိုက်ရပါတယ်။

ပြီးတော့ စာရွက်တစ်ရွက် ဖတ်ကြည့်နေစဉ်မှာ
“အို . . ဘုရားရေ . .” လို့ ရေရွတ်မိသွားတယ်။
စာရွက်ထဲမှာ သူမ အထက်တန်း
တက်စဉ်ကာလက ရက်စွဲတစ်ခု . . .
သူမရဲ့ သူငယ်ချင်းနှစ်ယောက်က
ကျောင်းရဲ့ ပန်းပွားအကအဖွဲ့ မှာ
ပါဝင်ကြဖို့  ပြောဆိုနေခဲ့တယ်။
တစ်နေကုန် သူတို့ ဒီကိစ္စကိုပဲ ပြောပြီး
ပန်းပွားအက က ဘယ်လိုပျော်စရာကောင်း
ကြောင်း ခဏခဏ ပြောနေလို့ 
လီဆာလည်း နားကြားပြင်းကပ်လာပြီး
မနာလိုသလိုလည်း ဖြစ်လာပါတယ်။
အဲဒါနဲ့ လီဆာ လည်းအကအဖွဲ့ မှာ
သူ မပါဖို့ ဆုံးဖြတ်လိုက်တယ်။
သူမရဲ့ သူငယ်ချင်း နှစ်ယောက်လည်း
လီဆာရဲ့ ဆုံးဖြတ်ချက်အတိုင်းလိုက်လုပ်
ဖြစ်သွားတယ်။ ဒါပေမယ့် သူတို့ လည်း
နောက်ပိုင်း ဒီကိစ္စနဲ့ ပတ်သက်ပြီး လီဆာနဲ့
အတိုက်အခံဖြစ်ရသလို နောင်တတွေ
ရနေကြတယ်လို့  လီဆာကိုယ်တိုင်လည်း
ခံစားမိခဲ့တယ်။

ဒုတိယ စာရွက်ထဲမှာတော့ သူမ ကောလိပ်ကျောင်း
စတက်စဉ်က နေ့ စွဲတစ်ခုပါ ။အဲဒီနေ့ မှာ တက္ကသိုလ်
ကျောင်းသူများ သမဂ္ဂ က အဖွဲ့ ဝင်သစ်လက်ခံပွဲလုပ်ဖို့ 
သူမကို ဖိတ်ကြားခဲ့တာပါ။ သူမလည်း သွားဖြစ်ပါတယ်။
ပါတီပွဲမှာ အပျော်လွန်ပြီး အရက်တွေ အများကြီး
သောက်ဖြစ်ခဲ့ပြီး နားလန်မထူနိုင်အောင် မူးနေခဲ့တယ်။
သူမ အိပ်ဆောင်ကို ပြန်တဲ့လမ်းမှာ သုံးကြိမ်တောင်
အန်ခဲ့ရတယ်။နောက်တော့ အိပ်ယာပေါ်ရောက်ပြီး
အိပ်ပျော်သွားလိုက်တာ မနက်ခင်း အတန်းချိန်တောင်
လွတ်ခဲ့ရတယ်။အကျိုးဆက်အဖြစ် နှစ်လယ်စာမေးပွဲမှာ
အရေးပါတဲ့ သင်ခန်းစာတွေနဲ့ လွဲချော်ခဲ့တယ်။အဲဒီလိုနဲ့ 
သူမလည်း စာမေးပွဲမကျဖို့ အရေး လွတ်သွားတဲ့အတန်း
ကို နောက်ကျပြီးမှ ပြန်တက်ခဲ့ရတယ်။လေးနှစ်နဲ့ ဘွဲ့ ရ
နိုင်ဖို့ အတွက် အဲ့ဒီနှစ်နွေရာသီမှာ သူမအဖို့ တော့
အဆိုပါ သင်ခန်းစာအတန်းကို ပြန်တက်ခဲ့လိုက်ရတယ်။

စာရွက်မှာပါတာတွေ အကုန်ဖတ်ပြီးနောက် သူမက
မေးပါတယ် . .
“ဒါတွေက ကျမဘဝကို ပြောင်းလဲစေခဲ့တာလား
ကျမဘဝရဲ့ အရေးပါဆုံး အခိုက်အတန့် တွေလို့ 
ဆိုလိုချင်တာလား”

“ဒါတွေက မင်းရဲ့အခုလက်ရှိဘဝကို ဖြစ်ပေါ်စေ
ခဲ့တဲ့ အကြောင်းတွေပဲလေ”

သူနောက်တစ်ဖန် သူမနဲ့ မျက်လုံးချင်းဆုံပြီး
စူးနစ်သွားအောင်စိုက်ကြည့်ရင်း
“မင်းရွေးချယ်ထားတဲ့ စာရွက်ကိုချန်ပြီး
ကျန်တဲ့ နှစ်ရွက်ကို ဖိုင်တွဲထဲ ပြန်ထည့်လိုက်ပါ”

“ပြီးတော့ ဘာဖြစ်မှာလဲ ၊ ပြောစမ်းပါအုံး . . .
ကျမဘဝတစ်ခုလုံး နောက်ကြောင်းပြန်သွားပြီး
ပြန်စမယ်ပေါ့ . . ဟုတ်လား”

သူပြန်မဖြေပါဘူး . . .
“ ဒါကတော့ . . . ဟာသပါပဲရှင် . .
ဘယ်လိုလူမျိုးကမှ ရှင်ပြောသလို
မလုပ်နိုင်ဘူး”

“ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ဖို့ ပျက်ကွက်ခြင်းဟာ
မင်းအတွက် အဆုံးဖြတ်ခံရဖို့ ဖြစ်လာစေမှာပဲ”

သူလေးနက်စွာ ပြောလိုက်တယ် . .
“မင်းအတွက့် အကြံညဏ် လေး နဲနဲ
နဲ့ သတိပြုစရာတစ်ခု ကို ငါပေးချင်တယ်
. . .မင်းအနေနဲ့ ဘာကိုရွေးချယ်လိုက်ပါစေ
နောက်ကြောင်းပြန်လှည့်လို့ ရမှာမဟုတ်ဘူး
ပြီးတော့ ကိုယ့်ကိုလည်း နောက်တစ်ကြိမ်ထပ်တွေ့ 
ရတော့မှာ မဟုတ်ဘူး ။ လက်ရှိအချိန် အခိုက်အတန့် 
လေးဆိုတာလည်း မင်းရဲ့မှတ်ညဏ်ထဲမှာ ရှိတော့
မှာ မဟုတ်တဲ့အပြင် အခုအချိန်အထိ ရှင်သန်လာခဲ့တဲ့
မင်း ဘဝရဲ့ အစိတ်အပိုင်းဟာလည်း ရှိတော့မှာ
မဟုတ်ဘူး။မင်းရွေးချယ်လိုက်တဲ့ ဘဝရဲ့
အတွေ့ အကြုံတွေပဲ မင်းမှာရှိနေလိမ့်မယ်။
ကောင်းတာရော ဆိုးတောရော အရာရာတိုင်းပဲ
ဆိုပါတော့။ကဲ . . . အခုမင်းဆုံးဖြတ်ချက်တစ်ခုကို
ချမှတ်ရတော့မယ်။”

“ကျမက မရွေးဘူးဆိုရင်ရော . .
ဒီမှာပဲ ဒီအတိုင်းထိုင်နေမယ်ဆိုရင်ရော”

“ဒါလည်း ရွေးချယ်မှုတစ်ခုပဲလေ”
စာရွက်အလွတ်ကို ညွှန်ပြရင်း သူပြောလိုက်တယ်။
သူမ ခုနက စာရွက်နှစ်ရွက်ကို ပြန်ကြည့်လိုက်တယ်
. . ခေါင်းထဲကအသံက နောက်တစ်ဖန် စကားစ
ပြောပါတယ် . . . သူမဟာ လက်ရှိသူမအတိုင်း
အဆင်ပြေနေခဲ့တာပဲ . .ကြုံခဲ့ဖူးတဲ့ အတွေ့ အကြုံ
တွေဟာ လက်ရှိ သူမဆိုတဲ့ ပုဂ္ဂိုလ်ကို ဖြစ်စေခဲ့တယ်
. . အတွေ့ အကြုံတွေကို ပြောင်းလဲလိုက်ခြင်းဟာ
လက်ရှိအချိန်မှာရှိတဲ့ မိမိကို ပြောင်းလဲစေလိမ့်မယ်။
သူမ မကြာခဏတော့စဉ်းစားခဲ့ဖူးပါတယ် . .
တကယ်လို့ သာ ပန်းပွားအကအဖွဲ့ ထဲမှာ
ပါဝင်ခဲ့ရင် ဘဝကဘယ်လိုများဖြစ်နေလိမ့်မလဲ
ဆိုတာ . . ကျောင်းမှာပိုပြီး နာမည်ကြီးလာမယ်
ပြီးတော့ ပျော်စရာ အထူးအခွင့်အရေးတွေလည်း
ရခဲ့လိမ့်မယ်။ နောက်တစ်ခုက သူမသာ
အဲဒီနှစ်နွေရာသီမှာ အတန်းပြန်မတက်ခဲ့ရဘူးဆိုရင်
သူငယ်ချင်းတွေနဲ့ အတူ ဥရောပကို
သွားလည်ဖို့  အခွင့်အရေး ရခဲ့လိမ့်မယ်။
ဘယ်လိုကံအကြောင်းတရားတွေကြောင့်
ဒီလောက်နာကျင်ဖွယ်ကောင်းတဲ့ အတွေ့ အကြုံ
တွေကို ကြုံတွေ့ ခဲ့ရတာလဲ။ အဲဒီလိုတွေသာ
မကြုံခဲ့ရရင် သူမရဲ့ ဘဝဟာ ပိုပြီး စိတ်ချမ်းသာ
စရာ ကောင်းမယ်မဟုတ်လား။ သို့ ပေမယ့်လည်း . . .
“ဒီတစ်ခုကို ရွေးမယ်”
သူမဖြေလိုက်ပါတယ် . . .
လီယိုနာ့ဒ်လည်း တခြားစာရွက်နှစ်ခုကို
ယူလိုက်ပြီး လက်ဆွဲသေတ္တာထဲ ထည့်လိုက်ပါတယ်။
သူ မတ်တပ်ရပ်ပြီးတော့ ပြောလိုက်တယ် . .
“နှုတ်ဆက်ခဲ့ပါတယ် လီဆာ ၊ ကိုယ်တို့ တွေ နောက်ထပ်
တွေ့ ရတော့မှာ မဟုတ်ဘူး . . .”

လီဆာ တစ်ယောက် တခုခုပြန်ပြောဖို့ လုပ်နေတုန်း
သူမ ပျောက်ကွယ်သွားခဲ့ပါတယ်။
လေအဝှေ့ မှာ လွင့်ထွက်သွားတဲ့ စာရွက်လေးကို
အမျိုးသမီးတစ်ယောက်ရဲ့ လက်တစ်ဖက်က
ဖမ်းယူလိုက်ပြီး စားပွဲပေါ်ကို တင်ထားလိုက်ပါတယ်။
အနားမှာ အခုလေးတင် ရောက်လာတဲ့
ထို အမျိုးသမီးက စာရွက်လေးကို ဖတ်ကြည့်
လိုက်ပါတယ်။ သူမပုံစံက အရပ်ရှည်ရှည်
အတန်အသင့်ညိုတဲ့ အသားအရေ နဲ့ 
ကောက်ကွေးနေတဲ့ အနက်ရောင် ဆံကေသာ
တွေ ရှိပါတယ်။

“ သူမအတွက် လွယ်ကူတဲ့ ဘဝတော့မဟုတ်ဘူး”

နက်ရှိုင်းပြီး အသံသြဇာနဲ့ ပြည့်ဝတဲ့ အဆိုပါ
အမျိုးသမီးပြောလိုက်ပါတယ်။သူမရဲ့ လက်ဆွဲ
သေတ္တာကို ဖွင့်လိုက်ပြီး အထဲကနေ စာရွက်
အပိုင်းလေး တစ်ခုထုတ်လိုက်ပါတယ်။ထိုစာရွက်
အပိုင်းလေးရဲ့ ပုံစံက ချည်မျှင်နမူနာပြ စာရွက်လို
အောက်ကနေ အရောင်စုံ ချည်မျှဉ်တန်းလေးတွေ
တွဲထားပါတယ်။စုစုပေါင်း နှစ်ဒါဇင်လောက်ရှိတဲ့
ချည်မျှဉ်လေးတွေဟာ ပုံစံအမျိုးမျိုးနဲ့  အထုံးလေး
တွေ ချည်ထားပြီး အတိုအရှည်မျိုးစုံပါဝင်ပါတယ်။

လီယိုနာဒ့် သူမဆီမှ အဆိုပါ ချည်မျှဉ်ထုံးလေး
တွေပါတဲ့ စာရွက်ကို ဂရုတစိုက်နဲ့ ယူလိုက်ပြီး သေတ္တာ
ထဲ ထည့်ကာ သော့ဂဏာန်းတွဲတွေကို လှည့်ပိတ်လိုက်
ပါတယ်။

“ဘယ်အရာမှ မတည်မြဲပါဘူးလေ”
သူပြတ်တောင်းစွာ ပြောလိုက်ပါတယ်။
အမျိုးသမီးက နှုတ်ခမ်းတွန့် ရုံလေးပြုံးလိုက်ပြီး

_“ထိုက်တန်ရဲ့လား ၊ လီယိုနာ့ဒ်ရေ . .”

“အသက်ပေါင်းများစွာကို ကယ်တင်ရမယ်ဆိုရင်
ရော ခင်ဗျားဘာလုပ်မလဲ”_

တရားရုံးတော်အပြင်ဘက်က ပြန့် ကျဲနေတဲ့
ခန္ဓာကိုယ်တွေနဲ့  အရေးပေါ်ကားတွေစုပြုံနေတဲ့ 
လမ်းပေါ်ကို ရည်ညွှန်းရင်း သူပြန်မေးလိုက်ပါတယ်။

_“ပိုကောင်းတဲ့ အရာဆိုရင်ရော ၊ အခုဟာက
နှလုံးသားကင်းမဲ့လွန်းပါတယ်”

“ပိုကောင်းတဲ့အရာဆိုတာကို ကျနော်မယုံကြည်
ပါဘူး ၊ မာကီရှာ ! ဒါကိုခင်ဗျားလည်း သိပါတယ်”

“တခြားနည်းလမ်းတွေ ရှိမှာပါလေ”

“မဟုတ်သေးဘူး ၊ ကျနော့် ဆန္ဒကြောင့်လုပ်နေတာ
မဟုတ်ဘူးလေ”_
ဝင်းလက်နေတဲ့ မျက်လုံးတွေနဲ့ 
တစ်ချက်ကြည့်လိုက်ရင်း
သူပြန်ဖြေလိုက်ပါတယ် . . . .။

ဤတွင် လီဆာရဲ့ ရွေးချယ်မှု ပြီးသွားပါပြီ။ နောက်အပိုင်းများ
ဆက်လက်ရေးသားပါအုံးမည်။ ဆက်ရန် . . . . .

Translated From “THE CHOICE MAN” by O.H.Reads

thettinaung@thettinaung
MSC - 105

The Choice Man (၄) | Ecency