The Choice Man (၃)

Words
574
Reading
3 min
Listen
Play
7y

choice.jpg

အပိုင်း (၁) ၊ အပိုင်း (၂) ဖတ်ရန်
ကောင်တာမှ လူငယ်လေးက
“ခင်ဗျားတို့ တရားရုံးတော်ဘက်က လာခဲ့ကြတာလား”
လီယိုနာ့ဒ်က ဘာမှမထူးခြားတဲ့ လေသံနဲ့ 
“ဟုတ်တယ်”
“ဘာဖြစ်ကြတာလဲ ၊ ဗုံးပေါက်သွားတာလား”
“ဟုတ်တယ် . . . လူအများကြီးရဲ့ ဘဝတွေ ပြောင်းလဲကုန်ပြီ”
ခုနက လေသံအတိုင်း သူပြန်ဖြေလိုက်တယ်။
အဆိုပါ လူငယ်လည်း အသံတိတ်သွားပြီး
လုပ်စရာရှိတာတွေကို စက်ရုပ်တစ်ရုပ်လို
လုပ်နေတော့တယ်။လီဆာလည်း လီယိုနာဒ့်ကို
လူထူးဆန်းတစ်ယောက်လို ငေးကြည့်နေမိတယ်။
သူကတော့ ဘာကိုမှ သတိမပြုမိတဲ့ အမူအရာနဲ့ 
ကော်ဖီနဲ့မုန့် ရတဲ့အခါ ငါးဒေါ်လာ မုန့်ဖိုးပေးပြီး
စားပွဲဆီကို လျှောက်သွားပါတယ်။ လီဆာကတော့
အံ့သြမှင်သက်စွာ နောက်ကနေ လိုက်ပါသွားတယ်။
သူမရှေ့ စားပွဲပေါ်မှာ ပေါင်မုန့်ကိုချပေးရင်း . .
“မင်း ငှက်ပျောသီးအရသာ ပေါင်မုန့် ကြိုက်မယ်လို့  ထင်တယ်” “ အင်း . . ကြိုက်တယ် . . ရှင်ဘယ်လိုသိတာလဲ ဒါနဲ့ . . နေပါအုံး ရှင်ကဘယ်သူလဲ” “ကိုယ့်ကို လီယိုနာ့ဒ်လို့  ခေါ်နိုင်ပါတယ်” “ဟုတ်တယ်လေ . . . ရှင်ပြောခဲ့သားပဲ . . ရှင့်ရဲ့ သရုပ်မှန်က ဘာလဲ . . . ပြီးတော့ ဗုံးအကြောင်းကို ဘယ်လိုလုပ်သိတာလဲ” “ကိုယ့်အကြောင်းနဲ့ ကိုယ်သိတာတွေကို မင်းကို ပြောပြပြီးသားပဲ” လို့ ပြတ်တောင်းစွာ
ပြောလိုက်ပြီးမှ “မင်းအတွက်နဲ့ ကိုယ်ဒီမှာ ရောက်နေတာပါ . . . ခုနက ဖြစ်ရပ်မှာ အသက်အန္တရာယ်က လွတ်ခဲ့ပြီဖြစ်လို့  စိတ်လွတ်လက်လွတ် လေး နေလိုက်ပါလား . . . ခုနအဖြစ်ကို ပြန်စဉ်းစားနေရင်တော့ စိတ်ကောင်းမှာ မဟုတ်ဘူး ဒါပေမယ့် အေးအေးသက်သာ နေလိုက်ပါကွာ” “ ကျမဘယ်လိုလို့  အေးအေး နေလို့ ရမလဲ ကျမကျ အသက်ရှင်ပြီး တစ်ခြားလူတွေကတော့ သေကြရတယ်” “မင်းစိတ်ထဲမှာ အနည်းအကျဉ်း ကြောက်လန့်နေတာ ကလွဲလို့  အသက်ဘေးက လက်မတင်လေး လွတ်မြောက်ခဲ့ ပြီပဲ . .တကယ်လို့ မင်းသာ ဒီနေ့ ရုံးခန်းထဲမှာရှိနေခဲ့မယ်ဆိုရင် သေခြင်းတရားကို လှည့်စားခဲ့တယ်ဆိုပြီး ဒီလောက်ထိ ခံစားရမှာ မဟုတ်ဘူးလေ” “အဲဒီလို အကြင်နာကင်းကင်းနဲ့ တွေးမယ် ဆိုရင်တော့ ရှင်ပြောတာမှန်ပါတယ်” “အင်း . . ရက်စက်တယ်ဆိုတဲ့ စဉ်းစား ပုံမျိုးနဲ့ ဆိုလည်း ကိုယ်လက်ခံနိုင်ပါတယ် . . ဒါပေမယ့်လည်း ဒီနေ့ ကတော့ မင်းအတွက်ပဲ . . . လီဆာဒန်နယယ်လ် ဒီတစ်နေ့ တော့ မင်းအတွက် ဖြေရှင်းရမယ့်အရာတွေက ဘာလုပ်ခဲ့ရင် ဘာဖြစ်မလဲဆိုတဲ့ကိစ္စတွေပါပဲ” “ဟုတ်ပါပြီ . . . တကယ်လို့  ကျမသာရှင်နဲ့  လိုက်မလာခဲ့ဘူးဆိုရင်ရော ကျမဘာဖြစ်မှာလဲ” “ကျေးဇူးပြုပြီး ကော်ဖီတွေ မအေးခင် သောက်လိုက်ပါအုံး” သူ့ ဆီက ဘာအဖြေမှ
ထပ်မရတော့မယ့် ပုံမျိုးနဲ့ သူပြန်ပြောလိုက်တယ်။
လီဆာ ကော်ဖီခွက်ကို လှမ်းကိုင်လိုက်တော့
သူမလက်တွေတုန်ယင်နေတယ် . . အဲဒါနဲ့ 
ပေါင်မုန့်ကိုပဲ ယူလိုက်ပြီး တစ်ဖဲ့ဖဲ့ စားပြီး
မျိုချလိုက်ပါတယ်။အဲဒီတော့မှ ကော်ဖီခွက်ကို
ကိုင်ပြီး တစ်ငုံလောက် သောက်နိုင်တော့တယ်။
လီယိုနာဒ့်ကတော့ ဘာမှမထူးခြားတဲ့ဟန်နဲ့ 
ပတ်ဝန်းကျင်ကို ငေးရင်း သူ့ ကော်ဖီကို သောက်
နေခဲ့တယ်။လီဆာအနေနဲ့ လည်း သူ့ အပေါ်
ဘာသံသယမှ မဝင်မိတော့တာကို သူမကို
သူမ အံအားသင့်မိတယ်။
သူမရဲ့ ပေါင်မုန့်လည်းကုန်လို့  ကော်ဖီလည်း
ကုန်ခါနီးမှာ “ ကဲ . . ကောင်းပြီလေ အကယ်၍ ဘာဖြစ်ရင် ဘာဖြစ်မှာလဲဆိုတာ ပြောပြပါအုံး”
သူ ကော်ဖီခွက်ကို ချလိုက်ပြီး သူမကို
မျက်နှာချင်းဆိုင်လိုက်တယ် . . .
ခန္ဓာကိုယ် လွင့်ထွက်သွားမတတ်
ပြင်းထန်လွန်းတဲ့ သူ့ ရဲ့ငေးစိုက်ကြည့်မှုကြောင့်
သူမအတွက် အဲဒီအခိုက်အတန့် လေးက
အသက်ရှူဖို့ တောင် ရုန်းကန်နေရသလိုပဲ . . .
“ကိုယ်ကရွေးချယ်မှုတွေနဲ့ အလုပ်လုပ်တာပါ”
နူးညံ့ကြည်လင်တဲ့ လေသံနဲ့ သူဆက်ပြောပါတယ်
. . . “ ဒါကတော့ လူတွေအကုန်လုံးပါပဲ . . ဒီနေ့ ဘာအဝတ်အစားဝတ်မယ် . . ဘာစားမယ် အီးမေးလ် ဝင်လာရင် ဘယ်အချိန် စာပြန်မယ် . . စသဖြင့်ပေါ့လေ အဲဒီဆုံးဖြတ်ချက် အများစုဟာ တစ်ခုနဲ့ တစ်ခု ကြောင်းကျိုးဆက်စပ်နေကြတယ် ဒါပေမဲ့ တစ်ချို့ ဆုံးဖြတ်ချက်လေးတွေက တို့ ရဲ့ ဘဝ အစီအစဉ်တွေကို ပြောင်းလဲပစ်လိုက်တယ်”
လီဆာလည်း သောက်လက်စကို ခက်ခက်ခဲခဲ
မျိုချလိုက်ရတယ် . . . သူ့ ရဲ့စကားတွေက
အတွေးထဲမှာ ပဲ့တင်ထပ် လို့ နေပါတယ်။
သူဆက်ပြောတယ် “အများအားဖြင့်ပေါ့လေ ကိုယ်တို့ ရွေးချယ်လိုက်မိတဲ့ အရာက ဘယ်အတိုင်းအတာ တစ်ခုအထိရောက်သွား နိုင်တယ်ဆိုတာ မသိနိုင်ဘူး . . . မင်း မနက်အိပ်ယာထဖို့  alarm ပေးထားပေမယ့် Alarm ကိုရပ်ပြီး အကြိမ်ကြိမ် မှေးအိပ်နေမယ် ပြီတော့ အိမ်ကနေ နောက်ကျမှ ထွက်လာမယ် ဆိုရင် မင်းအနေနဲ့  ရုံးချိန်ကလွန်သွားပြီးဖြစ်တယ်။ အဲဒီအတွက် ရုံးချိန်မီရေး အလောတကြီးမောင်းနေတဲ့ ကားတစ်စီးစီးနဲ့  မင်းရဲ့ကားလည်း ငြိမိစရာအကြောင်းမရှိ တော့ဘူး . . . အဲဒီအကျိုးဆက်အရ မင်းကိုယ်တိုင်
လည်း ဒုက္ခိတဖြစ်ရမယ့် အရေးက ရှောင်လွဲနိုင်ကောင်းဖြစ်လိမ့်မယ်။

နောက်တစ်မျိုး ပြောရမယ်ဆိုရင်ပေါ့လေ . . . တစ်စုံတစ်ယောက်ကို ဘာမျှော်လင့်ချက်မှ မထားပဲ ငွေလေး အနည်းအကျဉ်း အကူအညီပေးလိုက်မယ် . . အဲဒါလေးက သူတို့ အတွက် မျှော်လင့်ချက်ရောင်ခြည်လေး ဖြစ်သွားပြီး ဘဝကိုအရှုံးမပေးပဲ ဆက်လက်လျှောက်လှမ်း သွားလိမ့်မယ် . . .နှစ်အနည်းငယ်ကြာတဲ့အချိန်မှာ သူတို့ မှာ အလုပ်အကိုင်ကောင်းကောင်းနဲ့  မိသားစုဘဝလေးလည်း ရှိနေမယ် . . . နောက်တော့ သူတို့တွေရဲ့ ကလေးတစ်ယောက်ယောက်ဟာလည်း ကြီးပြင်းလာပြီး သုတေသန သိပ္ပံပညာရှင်ကြီးဖြစ်လို့  ကုသရခက်ခဲတဲ့ ရောဂါတစ်ခုအတွက် ကာကွယ်ဆေးကို ဖော်ထုတ်နိုင်လိမ့်မယ် ဆိုပါတော့ . . . . . . . . အဲဒီလိုမဟုတ်ပဲ မင်းဆီသူတို့ အကူညီလာတောင်းတဲ့အချိန် မင်းကလည်း အလုပ်တွေရှုပ်နေမယ် . . . ပြီးတော့ ဒါ ငါ့ကိစ္စမဟုတ်ဘူးဆိုပြီး ငြင်းလွတ်လိုက်မယ်ဆိုရင် . . . အဲဒီလူရဲ့ ဘဝမှာ မျှော်လင့်ချက်တွေ ပျောက်ဆုံးပြီး မူးယစ်ဆေးစွဲသူ တစ်ယောက်ဖြစ်လာနိုင်တယ် . . . သူ့ ရဲ့ဆေးဖိုးအတွက် အိမ်တစ်အိမ်ကို ဖောက်ထွင်း နေတဲ့အချိန် အဖမ်းခံလိုက်ရမယ် . . . နှစ်ရှည်လများ ထောင်ထဲမှာ ကုန်ဆုံးခဲ့ပြီး ပြန်လွတ်လာတော့လည်း လူသတ်မှု ကျူးလွန်မိပြန်တယ် . . . ။”
လီဆာရဲ့ခေါင်းထဲက အသံတစ်သံက (သူမရဲ့
သိစိတ်ပေပဲလား) တိုးတိုးလေးပြောပြနေတယ်
သူပြောတာတွေက စိတ်ကူးယဉ်ဖြစ်နိုင်ချေတွေပါပဲ
လို့ ဆိုပြီး . . . အဲဒီအသံအတိုင်း ယုံကြည်ချင်မိတယ်. . .
ဒါပေမယ့် မကြာခင်က ဖြစ်ခဲ့တဲ့ အဖြစ်တွေကို
ပြန်တွေးမိရင်း သူပြောခဲ့တာတွေက သူမနဲ့ ရင်းနှီးသလို
ဖြစ်နေတာကို တွေ့ လိုက်ရတယ်။

လီယိုနာ့ဒ်က ဆက်ပြောတယ် . . “တစ်ခါတစ်ရံမှာ အတိတ်ကို ပြန်တွေးကြည့်လိုက်ရင် . . .အရင်က ပြုလုပ်ခဲ့ဖူးတဲ့ ဆုံးဖြတ်ချက်လေးတစ်ခုကြောင့် ကိုယ်တို့ ဘဝတွေ အရာရာတိုင်း ပြောင်းလဲသွား ခဲ့တယ်ဆိုတာ တွေ့ ရမှာပေါ့ . . .ပြီးတော့ နောင်တတွေ ရခဲ့ကြတယ် . . ကိုယ်ရွေးချယ်ခဲ့တဲ့အရာအစား တစ်ခြားတစ်ခုကိုသာ ရွေးခဲ့မိမယ်ဆိုရင် ခုချိန်မှာ တို့ ဘဝတွေ ဘယ်လိုများဖြစ်နေလိမ့်မလဲဆိုတာ စိတ်ကူးရင်း နာရီတွေ ၊မိနစ်တွေ ၊နေ့ ရက်တွေကို ဖြတ်သန်းခဲ့ကြတယ် . . . ။ လီဆာဒန်နယယ်လ် . . ဒီနေ့ တော့ လူအတော်များများမရဖူးတဲ့ ရွေးချယ်ခွင့် တစ်ခုကို .. . ကိုယ်မင်းကို ပေးမယ် . . .။ မင်းဘဝ ပြောင်းလဲသွားစေမယ့် အခွင့်အရေးတစ်ခုကို ပေးမှာပါ။”

ဆက်ရန် . . . .
Translated From “THE CHOICE MAN” by O.H.Reads

@thettinaung
MSC – 105

The Choice Man (၃) | Ecency