Mobile legends and me

Words
198
Reading
1 min
Listen
Play
8y

ML လို့ ခေါ်တဲ့ Mobile legends Game ကို
ဆော့လာတာ နှစ်နှစ်ပြည့်တော့မည်။ဒါနဲ့ပါဆို
ဒုတိယမြောက်အကောင့် ရှိသွားပြီ။ ပထမအကောင့်
က ယောက်ဖဖြစ်သူထံ လာဘ်ထိုးလိုက်ရသည်။
အခုဆော့နေတဲ့ အကောင့်လည်းမဆိုး emblem
Level တော်တော်မြင့်နေပြီ။ အရင်တုန်းကတော့
Fighter တို့  MM တို့ကိုကိုင်ရတာ ကြိုက်သည်။
အဲ့ကောင်တွေက ကိုယ်သာပြီဆိုလို့ ကတော့
Tripple Kill တို့  Maniac တို့ မြိုင်မြိုင်ဆိုင်ဆိုင်
ရှိလှသည်။ Fighter ထဲမှာ အကြိုက်ဆုံးက
Alucard - item စုံလို့ ကတော့ ခုတ်ချက်တွေက
ရန်သူတွေ အပြုံလိုက် ပါသွားနိုင်သည်။ MM ထဲ
မှာတော့ Bruno ကိုကြိုက်သည်။တိုက်စစ်ကို
လိုက်အားဖြည့်နိုင်သလို အန္တာရာယ်ရှိလာရင်လည်း
ပြေးလို့ လွယ်သည်။Durability ကတော့အားနည်း
လှသည်။

ဒါပေမယ့် ခုနောက်ပိုင်းတော့ Mage/Support
ဖြစ်တဲ့ nana ကိုပဲအကြိုက်ကိုင်ဆော့ဖြစ်သည်။
Fighter ကိုင်ရတာလောက် အရသာမရှိပေမယ့်
မိမိရဲ့ Team ကိုထိထိရောက်ရောက် Support
ပေးနိုင်သည်။ Rank Mode လိုမျိုး ခိုကပ်လို့
မရပဲ တိုက်ရတဲ့အချိန်မှာ Team Work မှန်လို့ 
ကတော့ အနိုင်သေချာပေါက်ပါပဲ။ zilong တို့
ဒေါကြီးမောကြီးပြေး လာတဲ့အခါ ခြုံထဲကနေ
Ambush လုပ်လိုက်ရင် ခုန်ဆွခုန်ဆွဖြစ်ပြီး
တစ်ခါတည်းတန်းပြေးတော့တာ။ group fight
လုပ်တဲ့အခါ nana ရဲ့ level 3 spell က
တော်တော်အလုပ်ဖြစ်ပါတယ်။

ML မှာအကြိုက်ဆုံး စာသားလေးတစ်ခုကို
ပြောပြချင်ပါသည်။ Instant Message ထဲ
မှစာသားလေးဖြစ်သည်။ “Be Low Key
And Farm” ဆိုသည့် စာသားလေးဖြစ်သည်။
တိုက်ပွဲအစမှာ တစ်ယောက်နဲ့တစ်ယောက်
ပြောကြသည့် စကားလုံးဖြစ်သည်။ Farm
တယ်ဆိုတာ ကျနော်သိသလောက်ပြောရရင်
Jungle Monster တွေကို လိုက်သတ်ခြင်း
ဖြစ်သည်။ Jungle Monster တွေကို
သတ်ခြင်းအားဖြင့် မိမိရဲ့ တိုက်ပွဲတွင်း
Level တက်နိုင်သလို item စုံတာ ပိုမြန်
သည်။ မိမိရဲ့ အသင်းဖော်တွေအတွက်ပါ
အကျိုးရှိသည်။ “Be Low Key And Farm”
ဆိုတာ တိုက်ပွဲအစပိုင်းမှာ တစ်ဖက် ရန်သူ
Hero တွေနဲ့ ထိပ်တိုက်ရင်မဆိုင်ပဲ ခံစစ်ဆော့
Farm ပြီး Item စုံအောင်လုပ်ကြပါလို့ ပြောတာ
ဖြစ်ပါတယ်။ တိုက်ပွဲအစပဲရှိသေးတယ်
သိပ် အစွမ်းအစမပြကြနဲ့အုံး လို့ ပြောတာဖြစ်ပါတယ်။
အဲဒီသဘောတရားလေးက ကျနော်တို့ ရဲ့
လက်တွေ့ ဘဝမှာလည်း အသုံးဝင်မယ်လို့
ထင်ပါတယ်။ အလုပ်ခွင်ထဲမှာပဲဖြစ်ဖြစ်
ကျောင်းသားဘဝ မှာပဲ ဖြစ်ဖြစ် မိမိတို့ ရဲ့
ရည်မှန်းချက် မရောက်မချင်း သက်ဆိုင်ရာ
ဝမ်းစာကို အရင်ဖြည့်ဆည်းနိုင်ပါမှ
ရေရှည်အောင်မြင်မှုကို ထိန်းသိမ်းနိုင်
မှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
thettinaung@thettinaung
MSC - 105