နွံ

Words
66
Reading
1 min
Listen
Play
7y

တစ်ခါတစ်လေ စိတ်သက်သာရာရကြောင်း
ရင့်ကျက်စေတဲ့ အတွေးအမြင်လေးတစ်ခု
ရဖို့  အချိန်တွေတိုက်စားပြီးမှ သိမြင်ခဲ့ရတယ်။
တစ်ချို့ ဒဏ်ရာတွေဟာ ချက်ချင်းမကျက်ပါဘူး။
အချိန်ဆိုတဲ့ ဆေးနဲ့မှ တဖြည်းဖြည်းချင်း
သက်သာပျောက်ကင်းလေ့ရှိတယ်။
အဲဒီဒဏ်ရာဟာ နာကျင်မှန်းသိပေမယ့်
မစွန့် လွှတ်ချင်ခဲ့ဘူး . . . ဒဏ်ရာမပါပဲ
ရှင်သန်ဖို့  နည်းလမ်းကို တွေ့ ပေမယ့်
ခြေချဖို့ လုံးဝစိတ်မကူးမိဘူး။ နွံအိုင်ထဲမှာ
ရုန်းထွက်မရတဲ့ လူတစ်ယောက်လိုပဲ
တစ်ချိန်ချိန်တော့ အဆင်ပြေသွားမှာဆိုပြီး
ဒဏ်ရာကိုမွေးမြူနေခဲ့တယ်။
တစ်ခါတစ်လေ စက်ရုပ်တစ်ရုပ်ရဲ့ ဘဝက
ပိုကောင်းနေလားလို့  . . . ။အချိန်ကိုချုံ့ ပြစ်ရ
မှာလား . . . နေရာပြောင်းပြီး ရှင်သန်ရမှာလား
. . . ။ ကံတရား နဲ့ အချိန်က စကားပြောလာတဲ့
အခါ နားထောင်ကြည့်ကြတာပေါ့။

နွံ | Ecency