စက်မောင်းခြင်း

Words
237
Reading
2 min
Listen
Play
8y

Steemit ပေါ်မှာ ဆောင်းပါးတွေ ပုံမှန်ရေးဖို့ 
ဆိုပြီးအားခဲထားကာမှ ပြီးခဲ့တဲ့ အပတ်ကစလို့ 
အလုပ်မှာ အတော်လေးတိုင်ပတ်ပြီး ခေါင်းမဖော်
နိုင်ဖြစ်ခဲ့ရပါတယ်။ ကျနော့် အလုပ်နဲ့ ပတ်သက်ပြီး
ပြောရရင် ဓာတ်ငွေ့ နဲ့လျှပ်စစ်ဓာတ်အားထုတ်လုပ်
ပေးတဲ့စက်ရုံ မှာ အလုပ်လုပ်ပါတယ်။ ဖြစ်ပုံက
နွေရာသီ လည်းရောက်လာပြီဆိုတော့ ရေအားလျှပ်စစ်
စက်ရုံတွေက ရေချွေတာပြီးမောင်း ၊ ကျနော်တို့ လို
ဓာတ်ငွေ့  တာဘိုင်စက်တွေကို ဝန်အားအပြည့်
ထုတ်ပြီးမောင်းပေးကြရတာပါ။ တစ်နှစ်ထက်
တစ်နှစ် ပြည်သူတွေရဲ့ တိုးတက်လာတဲ့ ဓာတ်အား
သုံးစွဲမှုတွေကို လိုက်မီအောင် မနည်းကိုထုတ်လုပ်နေ
ရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။
ကျနော်တို့ စက်ရုံမှာက တာဘိုင်စက် (၂) လုံးရှိပါတယ်။
တစ်လုံးကို (၂၅ MW) ထုတ်လုပ်နိုင်ပါတယ်။
နွေရာသီရောက်ပြီဆိုတော့ ကျနော်တို့ စက်ရုံထက်
ဓာတ်အားပိုမို ထုတ်နိုင်တဲ့ စက်ရုံကြီးတွေ ဝန်အား
အပြည့်ထုတ်နိုင်ဖို့  ကျနော်တို့ ရဲ့ စက်တစ်လုံးစာ
ဓာတ်ငွေ့ ခွဲတမ်းကို သူတို့ ကိုပေးလိုက်ရပါတယ်။
အဲဒီလို ဖြစ်တော့ ကျနော်တို့ စက်ရုံအတွက်
စက်တစ်လုံးစာပဲ လည်ဖို့ ဓာတ်ငွေ့ ပမာဏ
ရပါတယ်။ ကျန်တဲ့ စက်တစ်လုံးကိုတော့ ဒီဇာယ်ဆီနဲ့ 
မောင်းနှင်ရဖို့ ဖြစ်လာပါတယ်။တိုင်ပတ်တယ်ဆိုတာ
အဲဒီမှာ စတွေ့ ရတော့တာပါပဲ။ ခါတိုင်း ဓာတ်ငွေ့ နဲ့ 
မောင်းနေရတဲ့ စက်တွေဟာ ဒီဇယ်ဆီနဲ့ လည်း
မောင်းရမယ်ဆိုရော ပြင်ဆင်ရတာတွေ အများကြီးပါ။
အဲဒီလိုနဲ့  ဒီဇယ်နဲ့ မောင်းရမယ့် စက်ကို မောင်းတော့
မယ်လို့ လည်း လုပ်ရော စက်ကတော့ နှိုးတယ်ပေါ့လေ။
ဒါပေမယ့် အပတ်ရေ ၅၀၀၀ rpm လောက်လည်း
ရောက်ရော ထိုးရပ်သွားပါလေရော . . .။ကဲ . . .
စစ်စရာရှိတာတွေ စစ်ပြီးနောက်တစ်ကြိမ်ပြန်မောင်း
ရော . . . ခုနကလိုပဲ ပြန်ရပ်သွားပြန်ပါတယ်။
စက်မလည်နိုင်တဲ့အတွက် ထုံးစံအတိုင်း အကြိမ်းခံ
အဆဲခံရတာပေါ့လေ ။ ကျနော်တို့ လည်း စက်ရဲ့
အပြင်ပိုင်း စစ်ဆေးစရာတွေ အပြန်အလှန်စစ်ပြီး
အားလုံးက OK နေပါတယ်။ ဘာကြောင့်ဖြစ်ရလဲ
ဆိုတာတော့ ဘဲဥအစရှာမရ ဖြစ်နေခဲ့ပါတယ်။
နောက်ဆုံးနည်းလမ်းတစ်ခုပဲ ရှိပါတော့တယ်။
ဒီဇယ်နော်ဇယ်တွေကို ဖြုတ်ပြီးစစ်ဖို့ ပါပဲ။

ကျနော်တို့ 
ရဲ့ ဓာတ်အားပေးတဲ့ စက်တစ်လုံးမှာဆိုရင် မီးလောင်
ကျွမ်းတဲ့ အခန်း (၁၀) ခန်းရှိပါတယ်။ အဲဒီအခန်း တွေကို
လောင်စာပေးဖို့  ဓာတ်ငွေ့ နော်ဇယ် (၁၀) ခုနဲ့  ဒီဇယ်
နော်ဇယ် (၁၀) ခုစီရှိပါတယ်။ အခုကတော့ ဒီဇယ်နော်ဇယ်
တွေကို ဖြုတ်စစ်ခဲ့ရပါတယ်။ အဖြုတ်အတပ် နေ့ တစ်ပိုင်း
လောက်နဲ့ ပြီးဖို့  လူအင်အား(၁၂) ယောက်လောက်
အသုံးပြုခဲ့ရပါတယ်။ နော်ဇယ် အဟောင်းတွေ ဖြုတ်ပြီး
စစ်လိုက်တဲ့ အခါမှာ နော်ဇယ် (၃) လုံးက ထိပ်ပိုင်းတွေ
မီးလောင်ပြီး အရည်ပျော်နေတာကို တွေ့ ခဲ့ရပါတယ်။

အဲလို ဆိုးဆိုးရွားရွား ပျက်စီးနေလို့  အဲဒီ နော်ဇယ်တွေ
ကနေ ဆီပန်းတဲ့ အခါ မှာ ဆီပမာဏကို ညီအောင်
မပန်းနိုင်တော့ပဲ စက်ကလည်း အလိုအလျောက်ကာ
ကွယ်မှုတွေအရ ရပ်တန့် ပေးခဲ့တာပဲဖြစ်ပါတယ်။
အခုတော့ နော်ဇယ်အသစ်လေးနဲ့  အဲဒီစက်လည်း
ဂျောင်းဂျောင်းပြေးအောင် မောင်းနှင်လည်ပတ်ပြီး
ဓာတ်အားထုတ်နေပါပြီ။

thettinaung@thettinaung
MSC-105

စက်မောင်းခြင်း | Ecency