ယခုအချိန်အခါဟာဖြင့် နှစ်တစ်နှစ်
ကုန်ဆုံးလို့  နှစ်သစ်ကို ကူးပြောင်း
တော့မယ့် အခါသမယပဲ ဖြစ်ပါတယ်။
နှစ်ကုန်တော့မယ်ဆိုတော့ ပြက္ခဒိန်ကို
ကြည့်လိုက်ရင် ဒီလ ၂၉ ရက်နေ့ က
စလို့  နောက်လ ၁ ရက်နေ့ ထိ ရုံးပိတ်
ရက် (၄) ရက် ဆက်တိုက်ပိတ်မှာ
ဖြစ်ပါတယ်။ဒီလို အချိန်အခါမျိုးမှာ
ကိုယ့်ရဲ့ မိသားစု ၊ မိတ်ဆွေအပေါင်း
အသင်းတွေနဲ့  ပင်လယ်ကမ်းခြေလို
တစ်နေရာရာကို သွားအပန်းဖြေဖို့ 
ပြင်ဆင်နေကြပြီလား . . . ။ကမ်းစပ်
ကိုပြေးဝင်လာတဲ့  ရေလှိုင်းလေးတွေ
ရဲ့ အသံကိုနားဆင်ရင်း စိတ်ရောကိုယ်ပါ
အပန်းဖြေဖို့ အဆင်သင့်ဖြစ်နေပြီလား။
ဒါဆိုရင်တော့ အန္တရာယ်ရှိတဲ့ လှိုင်း
တွေကို သတိထားဖို့  အကြံပြုလိုက်ပါ
ရစေ . . ။ အခုပြောမှာက ဆူနာမီလို
လှိုင်းအကြီးကြီးတွေ အကြောင်းပြော
မှာ မဟုတ်ပါဘူး။ သဘာဝဖြစ်စဉ်တစ်ခု
ဖြစ်တဲ့ Square Waves လေးထောင့်ပုံ
လှိုင်းတွေအကြောင်းပြောပြမှာပါ။
အဲဒီလှိုင်းတွေကို Cross Seas လို့ 
ခေါ်ဝေါ်ကြပြီး အရပ်မျက်နှာ
အသီးသီးက လှိုင်းတွေအချင်းချင်း
တိုက်မိတဲ့အခါပင်လယ်သမုဒ္ဒရာထက်မှာ
လေးထောင့်ပုံစံ အကွက်လေးတွေ
ဖြစ်ပေါ်လာကြပါတယ်။
မိတ်ဆွေတို့ အနေနဲ့ အဲဒီလှိုင်းတွေ
ကို မြင်ဖူးချင်မှ မြင်ဖူးပါလိမ့်မယ် . . .
တစ်ချို့ ဆိုကြားတောင်ကြားဖူးမှာ
မဟုတ်လောက်ပါဘူး ။ ဒါပေမယ့်
အဲဒီ Square Waves တွေအမှန်
တကယ် ရှိပါတယ် . . . ပြီးတော့
အရမ်း အန္တရာယ်ကြီးတဲ့ လှိုင်းတွေပါ။
အဲဒီလှိုင်းတွေကို ကြည့်လိုက်ရင်
လှပခမ်းနားပြီး နှစ်သက်စဖွယ်ပုံစံ
ရှိပါတယ် . . သိပ္ပံစိတ်ကူးယဉ်
ဇာတ်ကား ကိုကြည့်နေရသလို
ဖြစ်ပါလိမ့်မယ် ။ ဒါပေမယ့် လှိုင်းတွေ
ကြားထဲမှာ ရှိနေတဲ့ အရာဝထ္ထုတွေ
အဖို့ တော့ အစိပ်စိပ်အမွှာမွှာ ကွဲကြေ
ရမယ့် အခိုက်အတန့် ပါပဲ။
အမြင်အားဖြင့်တော့ အဲဒီရေလှိုင်းတွေ
ဟာ စိုးစဉ်းမျှ အန္တရာယ်ရှိတဲ့ပုံမပေါ်
ပါဘူး။အဆိုပါ Cross Seas ဖြစ်ပေါ်လေ့
ရှိတဲ့ နေရာက ဒေသခံတွေ အနေနဲ့ 
လည်း Square Waves တွေက
အန္တရာယ်ရှိတယ်ဆိုတာ လက်သင့်ခံ
ကြမှာမဟုတ်ပါဘူး။
ပုံမှန်ရာသီဥတု အခြေအနေမှာ
လှိုင်းတွေဟာ လေတိုက်ခတ်ရာ
ဦးတည်ရာ တစ်ခုတည်းကို
ရွေ့ လျားတတ်ကြပါတယ်။
ရုတ်တရက်လေလမ်းကြောင်း
ပြောင်းသွားတဲ့အခါ လေစီးကြောင်း
အသစ်က ဦးတည်ရာမတူတဲ့
လှိုင်းတွေကို ဖြစ်ပေါ်စေပြီး
အန္တရာယ်ရှိတဲ့ လေးထောင့်ပုံ
လှိုင်းတွေ ဖြစ်ပေါ်စေပါတော့တယ်။
၎င်းတို့ ဟာ ရေမျက်နှာပြင်ပေါ်
မှာတော့ ကြည့်လိုက်ရင်
အန္တရာယ်မရှိတဲ့ ပုံပါပဲ ။ဒါပေမယ့်
ရေအောက်မှာတော့ အင်မတန်
အားကောင်းတဲ့ ရေစီးကြောင်းတွေ
က သင်္ဘောကြီးတွေကို မှောက်ပစ်
နိုင်စွမ်းရှိပြီး လေထဲကို လွင့်ထွက်
သွားအောင် လုပ်နိုင်စွမ်းရှိပါတယ်။
သင်္ဘောတွေ လှေတွေအနေနဲ့ 
ရေစီးကြောင်းတွေကို ထိပ်တိုက်
ရင်ဆိုင်ဖို့  ပြုလုပ်ထားတာဖြစ်ပြီး
လေးဘက်လေးတန်က လှိုင်းတွေ
လာရင်တော့ လွတ်မြောက်နိုင်စွမ်းရှိ
တော့မှာမဟုတ်ပါဘူး။
ဒါ့အပြင် Cross Seas တွေဟာ အလွန်
အားကောင်းပြီး လားရာမတူတဲ့
ရေစီးကြောင်းတွေကို ဖြစ်ပေါ်စေတဲ့အပြင်
အင်မတန်အန္တရာယ်များတဲ့ အခြေ
အနေကို ဖြစ်ပေါ်စေတဲ့အတွက်
အဲဒီလို သဘာဝဖြစ်စဉ်မျိုးနဲ့များ
ကြုံတွေ့ခဲ့မယ်ဆိုရင် ခပ်ဝေးဝေးမှာ
နေဖို့ တိုက်တွန်းချင်ပါတယ်။
တော်သေးတာတစ်ခုက အဲဒီ
Cross Seas တွေဟာ မကြာခဏ
ဖြစ်ပေါ်လေ့မရှိတာပါပဲ။ဒါပေမယ့်
၎င်းတို့ဟာ ဘယ်လောက်အထိ
အန္တရာယ်ရှိတယ်ဆိုတာနဲ့ ဘယ်လို
ဘေးကင်းအောင်နေရမယ်ဆိုတာ
သိထားဖို့တော့ အရေးကြီးပါတယ်။
@thettinaung
MSC - 105