Sleeping Beauty in Gathering

Words
247
Reading
2 min
Listen
Play
7y


မ​နေ့က Facebook မှာ ဆရာတင်​လှိုင်​ဦး tinhlaingoo@tinhlaingoo ပုဂံအမှတ်​တရပုံ​တွေတင်​​တော့ ပုဂံမှာဆုံခဲ့ကြတာ​လေး ပြန်​သတိရတယ်​ဗျာ။
ဘာလိုလိုနဲ့ ပုဂံမှာ MSC Gathering လုပ်​ခဲ့တာ 7 လ​ကျော်​ 8လ ရှိခဲ့ပီ။ Gathering မှာ တခါမှမမြင်​ဘူးတဲ့ မိတ်​​ဆွေ​တွေများစွာကို တစုတစည်းထဲ​တွေ့ရခဲ့တယ်​။ တစ်​​ယောက်​နဲ့တစ်​​ယောက်​ online ​ပေါ်​မှာခင်​ခဲ့မင်​ခဲ့တာကြာ​ပေမယ့်​ အပြင်​မှာမ​တွေ့ဖူးသူ​တွေ အများကြီးကို​တွေ့ခဲ့ရတယ်​။
အခုမှစ​တွေဖူး​ပေမယ်​ ငယ်​​ပေါင်းကြီး​ဖော်​လို ရင်းရင်းနှီးနှီး စ​နောက်​​ ရယ်​​မော​ပျော်​ရွင်​ခဲ့ရတာမှတ်​မှတ်​ရရပါ။
တခုမ​ကောင်းတာက အားလုံးထန်းရည်​ဝိုင်းမှာ ​ပျော်​​ပျော်​ရွင်​ရွင်​နဲ့ အာဝဇွန်းရွင်​​နေ​ပေမယ့်​ ကျ​နော်​တစ်​​ယောက်​သာ ငုတ်​တုတ်​​လေး တစ်​​ယောက်​ထဲ​ရေချည်း​သောက်​​နေရတာ အခုပြန်​​တွေးရင်​​တောင်​ ဝမ်းနည်း​နေတုန်းပဲ။ ​ရေးရင်း​တောင်​ ဝမ်းကနည်းလာပြန်​ပီ။

ပုဂံကိုလာလည်​ရင်း အမှတ်​တရဓာတ်​ပုံ​တွေရိုက်​ကြ​တော့ ကျ​နော်​လည်း အမှတ်​တရအ​နေနဲ့ ဓာတ်​ပုံ​လေး​တွေရိုက်​ဖြစ်​ခဲ့တယ်​။ သူများ​တွေ ပြန်​တင်​​တော့ ကိုယ်​လည်း ပြန်​တင်​လာချင်​တယ်​။
ဓာတ်​ပုံကလည်း ​သေချာမရိုက်​တတ်​​တော့ ကိုယ်​တတ်​သမျှ​​သော အနုပညာ​လေးနဲ့ ရိုက်​ထားရတာ​ပေါ့။
ကျ​နော့ အမှတ်​တရပုံ​လေး​တွေကို sleeping beauty လို့ အမည်​​ပေးထားပါတယ်​။ ခံစားကြည့်​ပါဦး။
Not for sale ပါ​နော်​။


အဲ့လိုဓာတ်​ပုံ​လေးများရိုက်​ချင်​ရင်​​တော့ဖြင့်​ ​တောင်​ကြီး Gathering ပွဲ​လေးကို ဖြစ်​​အောင်​လာခဲ့ပါ ကျ​နော်​ အတတ်​နိုင်​ဆုံး အလှဆုံးဖြစ်​​အောင်​ရိုက်​​ပေးပါ့မယ်​။

ကျ​နော်​က ပုဂံ​ကျောင်းကို မကြာခဏသွားဖြစ်​တယ်​။ တ​ခေါက်​က ပုဂံ​ကျောင်းကို​ရောက်​​နေတုန်း ကွပ်​ပျစ်​​ပေါ် မိသားစုတစုလာထိုင်​​နေကြတယ်​။ ​အဲ့အဖွဲ့ထဲက ဦး​လေးကြီးတစ်​​ယောက်​က စကားလာ​ပြောရင်း စပ်​မိစပ်​ရာ တန့်​ကြည်​​တောင်၊ ​လောကနန္ဒ၊ တုရွင်း​တောင်​၊ ​​ရွှေစည်းခုံ စွယ်​​တော်​​လေးဆူ ​တရက်​နဲ့ဖူးတဲ့အ​ကြောင်း​တွေ​ရောက်​သွားတယ်​။ တူ​သောပစ္စည်း တူ​သောဆု​တောင်းနဲ့ဆု​တောင်းရင်​ ပြည့်​တယ်​​ပြောကြတာပါပဲ။
အဲ့ဦး​လေးနဲ့စကား​ပြော​နေရင်း ဟိုဘက်​သစ်​ပင်​နားမှာထိုင်​​နေတဲ့ ခပ်​ဝဝ အရပ်​ရှည်​ရှည်​ ​ကောင်​​လေးတစ်​​ယောက်​ထလာပီး အ​ဖေ ပါဝါဘဏ့်​ပါ​သေးလားလာ​မေး​တော့မှ လူပုံစံကြည့်​ပီး ``-------´´လို့ ​ခေါ်ကြည့်​လိုက်​တာ။ ဟုတ်​ပဗျာ MSCကထွက်​သွားတဲ့ ဟိုလီဗာဗူးFan ဖက်​တီးပုပ်​ဖြစ်​​နေတာကိုးဗျ။

MSC က ထွက်​ပီးမှ Gathering လာတဲ့ ခလိန်း​လေ။
``ဟား ကိုသက်​ကြီး ဒီဘာလာလုပ်​တာလဲတဲ့´´
သူကများ​မေးရ​သေး ကျ​နော်​က အ​ဖေ့​ကျောင်းဆို​တော့ အ​ဖေ​နေမ​ကောင်းဘူးကြားတာနဲ့ သွားသွား​စောင့်​​ပေး​နေရတာကိုး။
သူတို့မိသားစုလည်း ပုဂံလာလည်​ရင်း ​ဘုန်းကြီး​ကျောင်း​တွေပြည့်​​နေလို့ Gathering တုန်းက​ရောက်​ဖူးထား​တော့ ဒီ​ကျောင်းကို​ခေါ်လာခဲ့တာတဲ့။

တွေ့​တွေ့ချင်းပဲ ကိုသက်​လာဗျာ Tea သွား​သောက်​ရ​အောင်​ ဆို​တော့ ထွက်​လာလိုက်​တယ်​။
Tea ဆိုင်​​ရောက်​မှ ဆရာသမားက
ကိုသက်​နဲ့​တွေ့တာကံ​ကောင်းတာပဲဗျာ ကျ​နော်​ ​ဆေးလိပ်​​သောက်​ချင်​တာ ခံတွင်း​တွေကိုချဉ်​လို့ အ​ဖေနဲ့အစ်​မ​တွေသိမှာစိုးလို့မ​သောက်​ရဘူးဗျာ။ အခုလို Tea ဆိုင်​ထွက်​ရမှ ​သောက်​ရတာပဲ ဆိုပြီး ​အငမ်းမရ ​ဆေးလိပ်​မှာ​သောက်​​တော့တာပဲ။

ဒါဖြင့်​ တ​နေကုန်​ တလိပ်​မှမ​သောက်​ရ​သေးဘူးလားဆို​တော့ 
နေ့လည်​က တစ်​လိပ်​​သောက်​တယ်​။ အနံ့နံမှာစိုးလို့ တမာရွက်​​တွေခူးဝါးတာဗျာ ခါးလိုက်​တာ ဆို​တော့ ကျ​နော်​ခွက်​ထိုးလန်​​အောင်​ရယ်​မိသည်​။

Tea ​လေး​သောက်​ပီးပြန်​လာ​တော့ ဆယ့်​တစ်​နာရီထိုး​နေပီ။ ဘယ်​သူမှမရှိကြ​တော့ဘူး။
ဆရာသမားက ကျ​နော်​နဲ့ ကွပ်​ပျစ်​​ပေါ်ထိုင်​ပီး ဖုန်းပွတ်​​နေ​လေရဲ့။
နောက်​​တော့ ကျ​နော့ကိုလှမ်း​ပြောတယ်​။
ကိုသက်​အိပ်​ချင်​အိပ်​​နော်​ ကျ​နော်​က ထိုင်​ဦးမှာ အိပ်​အိပ်​​ကျောင်းထဲဝင်​အိပ်​တဲ့။ ခပ်​တည်​တည်​ပဲ။

ကျ​နော်​လည်း ရပါတယ်​ မအိပ်​​သေးပါဘူးပဲ​ပြောလိုက်​တယ်​။

ခဏကြာ​တော့ ဖျက်​ခနဲ ထလာပီး တူန်​တူန်​ရီရီနဲ့လာ​မေးတယ်​။
ကိုသက်​ကိုသက်​ ဒီ​ကျောင်းက သရဲ ​ခြောက်​တယ်​ဆိုဟုတ်​လား။ အိပ်​​နေရင်းနဲ့ကို ​စောင်​​တွေဆွဲ ​ခြေ​ထောက်​​တွေဆွဲတယ်​ဆို ဟုတ်​လားကိုသက်

ကျ​နော်​လည်းခပ်​တည်​တည်​ပဲ ဘယ်​သူ​ပြောလို့တုန်းဟ ဟုတ်​တယ​လေ။ ဒီမင်းအ​ပေါ်ကသစ်​ကိုင်းပဲ ဆွဲကိုးချ​သေထားတာ​​လေ ဆို​တော့

အောင်​မ​လေးဗျ ဆိုပြီး ခန္ဓာကိုကြီးနဲ့မှမလိုက်​ တဆက်​ဆက်​တုန်​ပြီး လူကိုဖတ်​ထား​တော့တာပဲ။

ကျ​နော့ကို ပြန်​ပို့​ပေး​တော့ ပြန်​ပို့​ပေး​တော့ အမ​လေး ဟိုမှာအရိပ်​ကြီးလားမသိဘူး လုပ်​ပါဗျာ ကျ​နော်​အိပ်​တဲ့​နေရာပို့​ပေးပါဗျာ
ကြောက်​အားလန့်​အား​တွေဖြစ်​​တော့တာပဲ။
ကျ​နော့တသက်​ အဲ့​လောက်​ သရဲ​ကြောက်​တဲ့သူမ​တွေ့ဖူးဘူး။ ဒီကစရုံစလိုက်​တာ သူက ခုချက်​ခြင်းလန့်​ပီးမှုးလဲမယ့်​အတိုင်းပဲ။

လုပ်​ပါဗျာ လိုက်​ပို့​ပေးပါတဲ့။ ငိုသံကြီးနဲ့။

ဘာတဲ့ ခဏက​တော့ဖြင့်​ ကိုသက်​အိပ်​ချင်​ဝင်​အိပ်​​လေ ကျ​နော်​က ထိုင်​ဦးမှာတဲ့ မိုးအလင်းထိုင်​မယ့်​ပုံနဲ့။

ဒါနဲ့ အဲ့ဝက်​ပုပ်​ကို ​ကျောပိုးမတတ်​​ခေါ်ပီး သူ့အ​ဖေအိပ်​​နေတဲ့ ကားထဲသူအ​ဖေ​ဘေးပို့​ပေးလိုက်​ရတယ်​။
တခါလား​တွေ့လိုက်​ရပါတယ်​ မှတ်​မှတ်​ရရပါပဲ ဝက်​ပုပ်​ရယ်​။

ဘယ်​သူလဲဆို​တော့ ဟို​နေ့က ဒီ app ​ရေးထားတယ်​ဆိုတဲ့

မ​ကွေးကဖိုက်​တာ ဘာဘူfanကြီးပါ။

သူမရှိလို့ အတင်းတုပ်​လိုက်​ပါသည်​။

MSC 005
thatkozaw@thatkozaw

Sleeping Beauty in Gathering | Ecency