Steemit Myanmar မှမိတ်ဆွေများအားလုံး မင်္ဂလာပါ။ဒီတပတ်လဲ အလုပ်ကြွေးကျန်တွေနဲ့လူမှုရေးကိစ္စတွေကြောင့် steemit ဘက်ကိုမလှည့်နိုင်ဖြစ်နေရပါတယ်။အခုလဲ Pro ရက်ဖြစ်တာကြောင့် pro တင်နိုင်အောင်ကြိုးစားပြီး ရေးလိုက်ရပါတယ်။အခုရေးမယ့် အကြောင်းအရာလေးကတော့သင်္ကြန်တွင်း တရားစခန်းတုန်းက ကြုံခဲ့ရမှုလေးတွေကို တင်ပြရေးပြသွားမှာဖြစ်ပါတယ်။
သင်္ကြန်တွင်းတရားစခန်းဝင်မယ်ဆိုတော့ ၁၂.၄.၂၀၁၈ နေ့မနက်၎နာရီကတည်းကထပြီး တရားစခန်းကို ၇နာရီ အရောက်သွားခဲ့ရပါတယ်။ တရားစခန်းက လှည်းကူးတောရရိပ်သာတစ်ခုပါ။
ဒုတိယနေ့မှာတော့ မနက် ၃နာရီခွဲတွင်ထပြီး ၄နာရီမှာစပြီး ၁နာရီတရားထိုင်အားထုတ်ရပါတယ်။၅နာရီခွဲမှာတော့ အာရုံဆွမ်းဘုန်းပေးရပါတယ်။အာရုံဆွမ်းစားပြီးခဏနား ၇နာရီမှာပြန်တရားထိုင်ရပါတယ်။၈နာရီခွဲလောက်မှာတော့ ဆရာတော်မှ တရားများဟောကြားပြီး ယောဂီများကို သီလပေးပါတယ်။၉နာရီခွဲထိတရားဟောပြီး ရေးချိုးကြရပါတယ်။၁၀နာရီခွဲမှာတော့ နေ့ဆွမ်းဘုန်းပေးရပါတယ်။သင်္ကြန်အကြိုနေ့ဆိုတော့ တရားစခန်းဝင်ကြတဲ့ သူငယ်ချင်း၃ယောက်ပေါင်းပြီး အအေး၊စတုမဓူ၊ရေမီး ကုသိုလ်များကိုလဲ တစ်နေ့စာလှူဒါန်းနိုင်ခဲ့ပါတယ်။စာဖတ်သူများအာလုံးကိုလည်း အမျှပေးပါတယ်။
နေ့ဆွမ်းစားပြီး ၁နာရီအထိ အနားယူကြရပါတယ်။ နေ့လည် ၁နာရီမှစပြီး တရားပြန်ထိုင်ရပါတယ်။ဒီအချိန်မှာတော့ စားထားတဲ့အရှိန်ကြောင့် တစ်ချို့ဆို သမာဓိအားကောင်းတာကြောင့် ခေါင်းတွေတောင် တဆတ်ဆတ်ငြိမ့်ကုန်ကြပါတယ်။(အိပ်ငိုက်တာကိုပြောတာပါဗျ)၊၁နာရီထိုင်ပြီးနောက် မိနစ်၃၀ စင်္ကြန်လျှောက်ကြရပါတယ်။စင်္ကြန်လျှောက်ခြင်းပြီးသည့်အခါ ၁နာရီ ပြန်ထိုင်ကြရပါတယ်။ တရားထိုင်ပြီးနောက် မိနစ်၃၀လောက် အအေးများ၊စတုမဓူများ သုံးဆောင်ကြရပါတယ်။ ၄နာရီခွဲလောက်တွင်ဆရာတော်ဘုရားမှ အလုပ်ပေးတရားဟောကြားပေးပြီး ၆နာရီမှာအနားယူရပါတယ်။ ည၇နာရီမှာ ၁နာရီကြာ တရားပြန်ထိုင်ရပြန်ပါတယ်။ ပြီးနောက်မိနစ်၃၀ စင်္ကြန်လျှောက်ကြရပါတယ်။ နောက်ဆုံး ဆရာတော်မှ ၉နာရီခွဲ ၁၀နာရီအထိ တရားဟောပြီး တစ်နေ့တာအတွက် မေတ္တာပို့အမျှဝေပြီး တစ်နေ့တာပြီးဆုံးသွားပါတယ်။ဒါကတော့ တရားစခန်းရဲ့ နေ့စဉ်လုပ်ဆောင်မှုများဖြစ်ပါတယ်။
တောရတရားစခန်းဆိုပေမယ့် ဆရာတော်ဘုရားကြီးမှ တရားစခန်းဝင်မည့်သူများ စိတ်အေးချမ်းသာစွာ တရားအားထုတ်နိုင်ရန် စေတနားပြင်ဆင်ထားမှုများမှာ များစွာကျေနပ်စရာကောင်းပါသည်။ဥပမာ တရားအားထုတ်ရာဗိမာန်နှင့် နေထိုင်ရာ အဆောင်တိုင်း၌ အချိန်ပြည့် အဲယားကွန်းများကိုလည်းဖွင့်ထားပေးခြင်းဖြစ်ပါသည်။မီးပျက်လျင်တောင်မှ မီးစက်နှိုး၍ ဖွင့်ပေးထားပါသည်။လိုလေသေးမရှိအောင်ပြင်ဆင်ထားပေးမှုမှာ ဆရာတော်ဘုရား၏စေတနာများဖြစ်ပါသည်။ရဟန်းတော်များ ဆွမ်စားလျှင်လည်း သပိတ်များဖြင့်သာစားရပြီး ပြီးလျှင်ကိုယ့်သပိတ်ကိုကိုယ်တိုင်ဆေးရပါသည်။ဆရာတော်ဘုရား၏စေတနာထားသော်လည်း စည်းကမ်းပိုင်းတွင်တော့ ဒကာ၊ဒကာမရင်းပင်ဖြစ်စေ တင်းကျပ်ထားပါသည်။ တရားစခန်းရက်အတွင်း ယောဂီတစ်ယောက်မှခွင့်မတိုင်ဘဲ အပြင်သွားသည့်အတွက် နောက်နှစ်များတွင် တရားစခန်းမှ Blacklist စရင်းသွင်းပြီးလက်မခံတော့ပေ။၎င်းယောဂီမှာဆရာတော်တပည့်ရင်း ဆရာတော်ကျောင်းတွင် လှူဒါန်းမှုများစွာလုပ်ထားသော်လည်း စည်းကမ်းပိုင်းနှင့်ပတ်သက်လာပါက အရင်းအဖျားမခွဲခြားဘဲ တင်းကျပ်ခြင်းပင်ဖြစ်ပါသည်။
နောက်ထူးခြားသည်မှာ သင်္ကြန်အတတ်နေ့မှနှစ်ဆန်းတစ်ရက်ငို့ကူးပြောင်းမည့်ညတွင် တရားစခန်းဝင်မည့်သူများအားလုံး နှစ်သစ်ကိုကြိုဆိုသည့်အနေနှင့် ပဌာန်းဒေသနာတော်ကြီးကို နောက်နှစ်ကူးပြောင်းမည့် ည၁၂နာရီဝန်းကျင်မှစပြီး ရွတ်ဖတ်၍ ပူဇော်ကြသည်မှာ စိတ်ထဲတွင် ကြည်နူးမှုများဖြစ်ပေါ်စေပါသည်။ နောက်နေ့နှစ်ဆန်းတစ်ရက်တွင် မနက်ပိုင်းလုပ်ငန်းစဉ်အတိုင်းလုပ်ဆောင်ပြီး နေ့လည် ၁၂နာရီတွင် တရားစခန်းအောင်ပွဲနှင့် ပိတ်ပွဲကိုကျင်းပပြီး အောက်မြင်စွာပြီမြောက်သွားပါတယ်။တကယ်ကိုတိတ်ဆိတ်အေးချမ်းပြီး တရားအားထုတ်ရာနေရာလေးကတော့ လှည်ကူးမှ ဖောင်ကြီးသွားသည့်လမ်းဘေးတွင်ရှိသော မဇ္ဈိမဂုဏ်ရည်မဟာစည်တောရရိပ်သာကျောင်းဖြစ်ပါတယ်။ဖတ်ရှူသူများလဲ နောက်နှစ်တွင် တရားစခန်းဝင်လိုပါက ဝင်နိုင်ကြစေရန် လမ်းညွန်တိုက်တွန်းလိုက်ရပါသည်။အားလုံးကိုကျေးဇူးတင်ပါသည်။
Writer- Thant Zin Soe (@tharpauk)
MSC 134