မေတ္တာနှင့်ပေးသော ပန်း..

Words
251
Reading
2 min
Listen
Play
8y

“မေတ္တာနှင့်ပေးသော ပန်း..”

သွယ်လေးတစ်ယောက် ဒီနှစ်ဆိုလျှင် ကျောင်းပြီး၍ ဘွဲ့ရတော့မည်ဖြစ်သည်။ငယ်ငယ်လေးကတည်းက အဖေနှင့်အမေကွဲသွားပြီးချိန်မှစ၍ အမေ၏ပြုစုစောင့်ရှောက်မှုနှင့် ကြီးပြင်လာသူတစ်ယောက်ဖြစ်ပါသည်။ အမေမှာလဲ သူတတ်ထားသည့် စက်ချုပ်ပညာနှင့်ပင် သွယ်လေးကို မကြောင့်မကျကျောင်းတက်နိုင်အောင် ထားနိုင်ခဲ့ပါသည်။သွယ်လေးလဲ အမေ့ကျေးဇူးတွေကို အလဟဿမဖြစ်အောင် ပညာကို ဆုံးခန်းတိုင်အောင် ကြိုးစားသင်ယူခဲ့မှုကြောင့် ယခုဆိုလျှင် ဘွဲ့ပင်ယူရတော့မည်ဖြစ်ပါသည်။ဘွဲ့ရလျှင် တစ်သက်လုံးကျွေးမွေး ပြုစုခဲ့သောအမေ့ကို ပြန်ပြီး လုပ်ကျွေးပြုစုချင်ပါသည်။
little-girl-kisses-and-hugs-her-mother-in-the-park_bjuoa_k__F0005.png
Image Credit-Orginal Source
အဖေနှင့်အမေကွဲကတည်းက အမေသည် သွယ်လေး၏အားကိုးရာ တံတိုင်းကြီးတစ်ခုပါ။ အဖေနှင့် အမေဘာကြောင့် ကွဲသည်ကိုတော့ အခုအချိန်ထိ အမေ့ကို မမေးဖြစ်ခဲ့ပါ။အမေကလဲ အဖေ့အကြောင်းကိုလဲ ဆိုးသည်ကောင်းသည်ကိုလဲ မပြောဖြစ်ခဲ့ပါ။အဖေသက်ရှိထင်ရှားရှိနေသေးသည်ကို သာလောက်သာ သိရပါသည်။အဖေကိုလဲ တွေ့ချင်မိပါသည်။အဖေနှင့်အမေ အဆင်မပြေလို့ ကွဲကြသည် ဆိုသော်လည်း သွယ်လေးအတွက်တော့ အဖေဟာအဖေပါဘဲ။ဒါကြောင့် သွယ်လေး ကျောင်းပြီးလို့ အလုပ်ရပါက ရသည့်ပထမဆုံးလုပ်အားခဖြင့် အဖေနှင့်အမေအား ဦးစွာကန်တော့မည်ဟု ရည်မှန်းထားပါသည်။ဒါပေမယ့်လဲ အဖေ့ကို ဘယ်လိုပင်ရှာရမည်မသိပါ။
o-GRADUATION-facebook.jpg
Image Credit-Orginal Source
ဒီနေ့ သွယ်လေးဘ၀မှာ ပျော်ရွှင်မှုရော ၀မ်းနည်းမှုရော စိတ်ထဲမှာ ရောယှက်နေပါသည်။ဒီနေ့ အမေ့ရဲ့ ချွေးနည်းစာနှင့်ထားပေးမှုကြောင့် ဘွဲ့တစ်ခုရသည့်အတွက်ပျော်ရသလို ယခုလို ဘွဲ့ယူမည့်အချိန်တွင် မိစုံဖစုံရှိနေရမည့်အစား အဖေမရှိဘဲ အမေသာရှိသည့်အတွက် ၀မ်းနည်းရခြင်းဖြစ်နေပါသည်။အမေသည်လည်း သွယ်လေးခံစားနေရသည့်ခံစားချက်ကို ရိပ်မိနေပြီး စိတ်မကောင်းဖြစ်နေပါသည်။သွယ်လေးလဲ အမေစိတ် မကောင်းဖြစ်မည်းစိုးသောကြောင့် မျက်နှာကိုပြင်လိုက်ပြီး ခံစားမှုများကို အဝေးသို့ဖယ်ထုတ်လိုက်ပါသည်။ အမေရဲ့ပျော်ရွှင်နေတဲ့မျက်နှာလေးကို သွယ်လေး အညိုးမခံလိုပါ။အမေပျော်ရွှင်တာကိုမြင်ရရင်ဘဲ သွယ်လေးစိတ်ချမ်းသာနေပါပြီ။
ဦးသက်မောင်တစ်ယောက် ဒေါ်သူဇာနှင့် လင်မယားအဖြစ်မှကွာရှင်းခဲ့သည်မှာ နှစ် ၂၀နီးပါးရှိပါပြီ။ဦးသက်မောင်တစ်ယောက် ဘ၀တွင်ထင်မှတ်မထားသော အမှားတစ်ခုကြောင့် ပျော်ရွှင်ခဲ့သောမိသားစုဘ၀လေးကို စွန့်ခွာပြီး မှားခဲ့သောအမှား၏ပြစ်ဒဏ်ကို ပေးဆပ်ရင်းနေလာခဲ့သည်မှာ ဒေါ်မူမူနှင့် သမီးတစ်ယောက်ရခဲ့ပါသည်။မိမိအမှားကြောင့်ရလာခဲ့သော သမီးလေးကိုသာ မေတ္တာများကို စုပုံပေးထားခဲ့ပါသည်။အခုဆိုရင်သမီးလေးရဲ့အမေလည်း သမီးလေးမွေးပြီးကတည်းက ဆုံးပါးသွားသည်မှာ သမီးတစ်သက်ပင်ဖြစ်ပါသည်။ဦးသက်မောင် ဘ၀မှာ သမီး၂ယောက်ရှိသော်လည်း သမီးကြီးသွယ်လေးကို ၄နှစ်သမီးကတည်းကခွဲခွာခဲ့ရပြီး ယခုသမီးလေး မြင့်မိုရ်ကိုသာပြုစုစောင့်ရှောက်နိုင်ခဲ့ပါသည်။
ဦးသက်မောင်တစ်ယောက် မိမိ၏အမှားကို သမီးကြီးသွယ်လေးတို့သားအမိအပေါ် တောင်းပန်ပြီး ပေးဆပ်လိုသော်လည်း မာနကြီးသော သွယ်လေးမေမေကြောင့် ယနေ့အထိ အတွေ့မခံခဲ့ပေ။ယခုဆိုလျှင် ဦးသက်မောင်တွင် စည်းစိမ်ဥစ္စာများစွားပြည့်စုံသော်လည်း ယနေ့အချိန်ထိ မိမိတို့သာ၎င်းစည်းစိမ်းများကို ခံစားရသည်ကိုပင် စိတ်ထဲ၌ အပြစ်တစ်ခုလိုထင်နေခဲ့ပါသည်။ ထို့ကြောင့်လဲ သွယ်လေးမေမေ ဆက်သွယ်လာမည့်အချိန်ကိုသာ စောင့်နေခဲ့သည်မှာ သမီးလေးမြင့်မိုရ်ပင် လူလားမြောက်လို့ ပညာတတ်တစ်ယောက်ဖြစ်လို့နေပါပြီ။သမီးကြီး သွယ်လေးကိုလဲ သမီးမြင့်မိုရ်လို မကြောင့်မကျဘဲ ပညာတွေကို သင်ယူစေချင်ခဲ့ပါသည်။သမီးကြီးသွယ်လေးတို့ အဆင်ပြေကြရဲ့လား ဘယ်လိုပုံစံဖြစ်နေပြီဆိုသည်ကိုလဲ ဦးသက်မောင်တစ်ယောက်သိချင်လှပါသည်။
မြင့်မိုရ်သည် ဦးသက်မောင်၏ အမှားတစ်ခုကြောင့် ဒေါ်မူမူနှင့်ရလာခဲ့သည့် သမီးဖြစ်သော်လည်း ဖခင်ဖြစ်သူဦးသက်မောင်မှ လိုလေးသေးမရှိပြုစုစောင့်ရှောက်မှုကိုရရှိခဲ့ပါသည်။ယခုလဲ မြင့်မိုရ်တစ်ယောက် နိုင်ငံခြားတွင်စီးပွားရေးနှင့်ဆိုင်သော ပညာများသင်ယူပြီး အလှကုန်းများရောင်းချသောကုမ္ပဏီတစ်ခုကို ဦးဆောင်လုပ်ကိုင်နေ သူတစ်ယောက်ဖြစ်ပါသည်။ စီးပွားရေးလုပ်သည့်သက်တမ်းမကြာသေးသော်လည်း သူမ၏လုပ်ရည်ကိုင်ရည် ထက်မြက်မှုကြောင့် နေရာတစ်နေရာရလာအောင်စွမ်းဆောင်ထား နိုင်သောသူတစ်ဦးဖြစ်ပါသည်။
ဒီနေ့ သွယ်လေးတစ်ယောက် အမေ့ကိုအလုပ်လုပ်ပြီး ပြန်ရှာကျွေးမွေးချင်သောကြောင့် လျှောက်ထားသောအလုပ်များထဲမှ အင်တာဗျူးဖြေရန်အကြောင်းကြားသောကြောင့် လိုအပ်သောစာရွက်စာတမ်းများယူပြီး တက်ကြွသောခြေလှမ်းများဖြင့် လျှောက်လာခဲ့ပါသည်။ ဒီနေ့မှ လိုင်းကားတွေကလဲ လူတွေပြည့်နေတော့ တော်တော်နှင့်မစီးနိုင်ဖြစ်နေပါသည်။နောက်ဆုံး လားသည့်ကားအား မရမကတိုး၍လိုက်လာခဲ့လိုက်ပါသည်။ ကားပေါ်မှဆင်းသောအခါ မီးပူတိုက်ထားသောအကျီင်္မှာ တွန့်ကြေကုန်သောကြောင့် အနည်းငယ်ပြန့်ပြူးအောင်လုပ်ပြီး အင်တာဗျူးဖြေရန် အမြန်လျှောက်လာခဲ့ရပါသည်။
“အစ်မ ဒီနေ့ အင်တာဗျူးခေါ်ထားလို့ပါ အဲဒါဘယ်ကိုသွားရမလဲအစ်မ”
“အော် ခဏလေးနော် သူဌေးမရောက်သေးလို့ ခဏစောင့်ထိုင်စောင့်ပေးပါနော်” ရုံးမှအစ်မတစ်ယောက်က စောင့်ရန်ပြောသောကြောင့် သွယ်လေးလဲ ထိုင်စောင့်နေလိုက်ပါသည်။ထိုင်စောင့်နေတုန်း ရုံးအတွင်းကိုစပ်စုပြီး လိုက်ကြည့်လိုက်တော့ ယူနီဖောင်းကိုယ်စီနဲ့ ကိုယ့်ထိုင်ခုံလေးတွေမှာ အလုပ်လုပ်နေကြတာဟာ သွယ်လေးအတွက်တော့ အားကျစရာပါဘဲ။နောက်ပြီး ကုမ္ပဏီကရောင်းတဲ့ပစ္စည်းတွေလားမသိ ပြထားလိုက်တာများ မိန်းကလေးအသုံးအဆောင် လေးတွေဆိုတော လိုချင်စရာလေးတွေကြည့်ဘဲ။ မပြည့်စုံတဲ့အမေနဲ့နေလာတာဆိုတော့ အမေကသွယ်လေးကို ပစ္စည်းအကောင်းစားတွေဝယ်မပေးနိုင်တာကြောင့် ယခုပြထားတဲ့ပစ္စည်းတွေကို လိုချင်မိတာမထူးဆန်းပါ။သွယ်လေးအမေကလဲ ရှိတာလေးနဲ့တင်းတိမ်ရောင့်ရဲစွာ နေတတ်အောင် အမြဲတမ်း သွန်သင်ဆုံးမထားတာကြောင့် သွယ်လေးအတွက်တော့ မရလဲဘာမှမဖြစ်တော့ပါ။သွယ်လေး ဒီကုမ္ပဏီမှာ ဒီလိုလေးတွေ အလုပ်လုပ်နေတာမြင်တော့ ဒီကုမ္ပဏီမှာ အလုပ်ရပါစေလို့ စိတ်ထဲကနေ ဆုတောင်းမိပါတယ်။
“ညီမ သူဌေးရောက်ပါပြီ ခဏနေ ရုံးခန်းထဲဝင်သွားလိုက်ပါနော်”
“ဟုတ်ကဲ့အစ်မ” ဟုပြောပြီး ပထမဆုံးအင်တာဗျူးမို့ သွယ်လေးရင်တွေတောင်တုန်လာပါတယ်။ရုံးခန်းထဲဝင်လိုက်တော့ အသက်ငယ်ပေမယ့် ခန့်ညားစွာထိုင်နေတဲ့ လူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။ရုပ်ကိုကြည့်ပြီး ငယ်ပေမယ့် ထက်မြက်မဲ့ပုံလို့ ခန့်မှန်းရပါတယ်။ရှေ့မှာ မြင်ရတဲ့ နာမည်ပြားကိုဖတ်ကြည့်လိုက်တော့
“ဒေါ်မြင့်မိုရ်”

ဆက်ပါဦးမည်။
logo.jpg

Writer- Thant Zin Soe (tharpauk@tharpauk)
MSC 134

မေတ္တာနှင့်ပေးသော ပန်း.. | Ecency