ဝဋ်ဒုက္ခမှလွတ်ကင်းပါစေ

Words
197
Reading
1 min
Listen
Play
9y

“၀ဋ်ဒုက္ခမှလွတ်ကင်းပါစေ”
Steemit Myanmar မှမိတ်ဆွေ သူငယ်ချင်းများအားလုံးမင်္ဂလာပါဗျ။ဒီတစ်ပတ်တော့ တစ်ခြားသူများကလဲ အဖိုးအဖွားအကြောင်းတွေရေးကြတော့ ကျွန်တော်လဲ ကျွန်တော့အဖွားရဲ့ တရားကျစရာ သံဝေဂဖြစ်စရာအကြောင်းလေးကိုလဲ ရေးဖို့စိတ်ကူးမိပါတယ်။
senior-junior-ville.jpg
Photo Credit:https://goo.gl/gg53iK

ကျွန်တော်အဖွားက သားသမီး ခြောက်ယောက်ရှိပါတယ်။ သားက ၅ယောက် သမီးကတစ်ယောက်ပေါ့။ နေတာကတော့အဖိုးဆုံးပြီးကတည်းက အငယ်ဆုံးသား ၊အငယ်ဆုံးသမီးနဲ့ဘဲ ပျော်ဘွယ်မြို့မှာနေပါတယ်။ သားအကြီးဆုံးကတော့ ကျွန်တော့်ရဲ့အဖေပေါ့ ။ကျွန်တော့်အဖေကတော့ စဥ့်ကိုင်နားက ရွာမှာအမေနဲ့အိမ်ထောင်ကျပြီး ရွာကကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီးပေါ့။နွေရာသီကျောင်းပိတ်မှသာ အဖွားဆီကိုသွားနိုင်ပါတယ်။အဖေက သူမသွားနိုင်လဲ ကျွန်တော်တို့မောင်နှမတွေကိုလွှတ်တာပေါ့။ အဲဒီအချိန်တွေက မိသားစုတွေ ပျော်ရွှင်ရတဲ့အချိန်တွေပေါ့။
နောက်ဒုတိယသားပေါ့ သူကတော့ မီးရထားဘူတာရုံပိုင်ကြီးပေါ့။နေပြည်တော်မဖြစ်ခင်က ပျဉ်းမနားဘူတာရုံပိုင်ကြီးပေါ့။ဘူတာရုံပိုင်ဆိုတော့ ၀င်ငွေကောင်းတယ်ပေါ့ဗျာ။သူ့မှာက သား ၃ယောက်ရှိတယ်။ ၀င်ငွေဖြောင့်တော့ မိန်းမရော သားတွေရောက ငွေကိုတန်ဖိုးမထားဘဲ စည်းမရှိကမ်းမရှိသုံးကြတယ်ပေါ့။ဦးလေးကလဲ ငွေကလွယ်လွယ်ရနေတော့ အသောက်အစားလေးကလဲ ဖက်လာတာပေါ့ ။ဦးလေး အသက် ၃၅၀န်းကျင်လောက်မှာဘဲ အရက်ရဲ့ဒဏ်ကြောင့်ဆုံးသွားပါတယ်။ အဲဒီအချိန်ကစပြီး မိန်းမနဲ့ကလေးတွေမှာ ဒုက္ခတွေရောက်ကြတာပေါ့။အဖွားလဲ ပထမဆုံး သားတစ်ယောက်ဆုံးရှုံးလိုက်ရတာပေါ့။
နောက်တတိယသားကတော့ လူပျို ဆေးဆိုင်ဖွင့်ပေးထားတာပေါ့။အဲဒီမှာ ဆေးသုံးလို့ဆိုပြီး မနိုင်တာနဲ့ သူ့အစ်ကို ကျွန်တော့်အဖေဆီကိုပို့လိုက်တာပေါ့။အဖေကျတော့ကြောက်တာပေါ့။ဒါပေမယ့် ဆေးပြတ်သွားပေမယ့် ရွာမှာထန်းပင်ကရှိတော့ ထန်းရည်နဲ့ ထန်းရည်မရရင်အရက်ကလေးတော့ သောက်တာပေါ့။တစ်နေ့ကျတော့ ဦးလေးကမြို့ကိုကစ္စတစ်ခုနဲ့သွားရာက အရက်သောက်လာလားမသိပါဘူး ပြန်လာတော့ နေသိပ်မကောင်းလို့ဆိုပြီး ကျေးလက်ကျန်းမာရေးမှုးခေါ်ပြီးဆေးထိုးတာ အဲဒီမှာလျှော့ဖြစ်ပြီး ဆုံးသွားတာပေါ့။အချိန်လွန်မှ အရက်သောက်ထားမှန်းသိတော့ အချိန်မမှီတော့ဘူးပေါ့။အဲဒီမှာ အဖွားလဲ ဒုတိယသားထပ်ဆုံးရှုံးရတာပေါ့။
နောက်တစ်ယောက်ကတော့ အဖွားနဲ့အတူနေတဲ့ အငယ်ဆုံးသမီးပေါ့။အဒေါ်ကလဲ တရားရုံးစာရေးဆိုတော့ ၀င်ငွေလေးဖြောင့်တယ်ပေါ့ဗျာ။ဝင်ငွေလေးဖြောင့်တယ်ဆိုတော့ ပျော်စရာအချိန်တွေပေါ့။ ကျွန်တော်တို့အလည်သွားရင်လဲ လိုချင်တာ စားချင်တာအကုန်ဝယ်ပေးတာ။အဒေါ် ၃၈နှစ်လောက်မှာဘဲ ကျောက်ကပ်ရောဂါစဖြစ်လာပါလေရော။ရောဂါဖြစ်ပါပြီဆိုကတည်းက အလုပ်ကလဲ မသွားနိုင်တာများလာပြီး ၀င်ငွေကလဲ အရင်ကလောက်မရတော့ဘူးပေါ့။ဒါတောင် ရုံးကလူတွေကသနားလို့ဆိုပြီး လတိုင်းခွဲတမ်းလာလာပေးကြတာ။အဒေါ်ယောင်္ကျားကလဲ ချင်းပြည်နယ်မှာတာဝန်ကျတော့ အနားမှာမရှိ။ဦးလေးအငယ်ဆုံးကဘဲ မန္တလေးကိုဆေးကုတာတို့ကိုလိုက်ပို့ရတာ။နောက်ဆုံးတော့လဲ ဆေးကုရင်းနဲ့ဘဲ အဒေါ်လဲ ဆုံးပါးသွားတော့တယ်။အဲဒီအချိန်မှာ အဖွားလဲ အရင်ကသားတွေဆုံးတာထက် ပိုပြီးစိတ်ထိခိုက်ရတာပေါ့။ဘာဖြစ်လို့ဆို အတူနေတဲ့ တစ်ဦးတည်းသောသမီးဆိုတော့ ပိုထိခိုက်တာပေါ့။ ၃ယောက်မြောက် သားသမီးဆုံးရှုံးလိုက်ရတာပေါ့။
နောက်စတုတ္ထသားကျတော့ ခရစ်ယာန်ဘာသာကမိန်းမနဲ့အိမ်ထောင်ကျပြီးကတည်းက အဆက်အသွယ်ပြတ်သွားပြီး ၁၅နှစ်ကျော်ကြာမှပြန်ပေါ်လာတယ်။အဖွားကတော့ သေပြီထင်ပြီး ဆွမ်းတောင်သွပ်ထားပြီးပြီ။ပြန်လာတော့လဲ မိန်းမနဲ့ကွဲပြီး အဖွားဆီဘဲပြန်လာတယ်။သူကလဲ အရက်သောက်တတ်တော့ အဖွားနဲ့ကတစ်ကြတ်ကြတ်ပေါ့။ဦးလေးပြန်လာပြီး ၂နှစ်လောက်လဲအကြာမှာ ကျွန်တော့်အဖေက နှလုံးရောဂါနဲ့ တစ်ခါထပ်ဆုံးတယ်ပေါ့ဗျာ။အဖေဆုံးတော့လဲအဖွားမှာ သားအကြီးဆုံး အားအကိုးဆုံးသားဆုံးပြီးဆိုပြီး ပိုပြီးစိတ်ထိခိုက်ရရှာပါတယ်။ အဖေဆုံးပြီး ၁လဘဲကြာမယ် စတုတ္ထမြောက်ဦးလေးကလဲ အရက်ကြောင့်ဘဲထပ်ပြီးဆုံးပါတယ်။အဲဒီအချိန်မှာတော့ အဖွားမှာ စိတ်ထိခိုက်ပြီး အိပ်ယာထဲတောင်လဲသွားခဲ့ပါတယ်။နောက်ဆုံးတော့ အဖွားမှာ အငယ်ဆုံးသားတစ်ယောက်ဘဲ ကျန်ပါ တော့တယ်။
အဖွားဟာ အသက်ရွယ်ကြီးသာလာတယ် မာနကတော့မလျှော့ပါဘူး။အသက်ကြီးပြီး တစ်ယောက်ထဲဖြစ်လို့ ကျွန်တော်တို့နဲ့လာနေပါဆိုလဲ လာမနေဘဲ သူ့အိမ်မှာဘဲကပ်နေတယ်။ကျန်တဲ့သားကလဲ အိမ်ထောင်ကျကတည်း တစ်မြို့ထဲပေမယ့် သူ့အိုးသူ့အိမ်နဲ့နေတာဆိုတော့ အဖွားကတစ်ယောက်ထဲအထီးကျန်ဖြစ်နေရှာတာပေါ့။ဦလေးအငယ်ကလဲ လာနေဖို့ခေါ်ပေမယ့် နေရတာမလွတ်လပ်လို့ဆိုပြီး သွားမနေပါဘူး။သိပ်မကြာပါဘူး တစ်ယောက်ဘဲကျန်တဲ့ဦးလေးကလဲ ဗြုန်းစားကြီး သွေးတွေတက်ပြီး လေဖြတ်သလိုဖြစ်သွားပါတော့တယ်။ဒီထက်ဆိုးတာက အခုဦးလေးဟာ အာရုံကြောချွတ်ယွင်းပြီး ဘယ်သူ့ကိုမှ မမှတ်မိတော့ပါ။အခုချိန်မှာ ကလေးလေးတစ်ယောက်လိုဘဲ လူတွေ့ရင်ပြုံးဘဲပြနေတော့တယ်။
Screenshot_1.jpg

အဲဒီတော့ အဖွားရဲ့ဘ၀ဟာ အသက်၉၀ကျော် အမေတစ်ယောက်ဖြစ်ပေမယ့် သားသမီးတွေဟာ စောစီးစွာ လူ့ဘ၀ကြီးကနေ တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားတာကို ထိုင်ကြည့်နေရတဲ့ ဒုက္ခ၊ကျန်ခဲ့တဲ့သားကျတော့လဲ ရောဂါသည်ဘ၀ကို စိတ်မကောင်းစွာကြည့်နေရတဲ့ဒုက္ခ၊ဒီအချိန်မှာ အနားမှာပြုစုမယ့်သူမရှိဘဲ တစ်ယောက်ထဲအထီးကျန်စွာဖြတ်သန်းရတဲ့ဒုက္ခတွေဟာ အတိတ်ဘ၀ကပါလာတဲ့ ၀ဋ်ကြွေးတွေကိုဆပ်နေရသလိုပါဘဲ။ကျွန်တော်တို့တစ်တွေလဲ အဲဒီလိုအဖြစ်မျိုးမကြုံရအောင် ရရှိနေတဲ့အချိန်လေးမှာ ကုသိုလ်ကောင်းမှုတွေကိုများစွာကို တတ်နိုင်သလောက်ပြုလုပ်ကြဖို့ တိုက်တွန်းရင်း ဆင်းရဲဝဋ်ဒုက္ခအပေါင်းမှလွတ်ကင်းကြပါစေ…………။
thant logo.jpg

Writer - Thant Zin Soe (tharpauk@tharpauk)
MSC 134

ဝဋ်ဒုက္ခမှလွတ်ကင်းပါစေ | Ecency