ဖြတ်ကြည့်လိုက်လေ

Words
134
Reading
1 min
Listen
Play
8y

image

ဖြတ်ကြည့်လိုက်လေ

သားနဲ့မေမေနှစ်ယောက် မြက်ခင်းပြင်ကြီးပေါ်မှာ စွန်လွှတ်နေတယ်။ သားလေးက စွန်ကြိုးကိုထိန်း၊ မေမေက သားလေးကို လဲကျမှာစိုးရိမ်လို့ထိန်း

“မေမေ သားစွန်လေးက အဝေးကြီးရောက်နေပြီနော်”

“သားလေးကတော်တာကိုး”

“မေမေ”

“ပြောလေ”

“စွန်လေးကို ကြိုးနဲ့ ထိန်းထားရတာ သနားပါတယ်”

“စွန်ဆိုတာ ဒီလိုပဲလေသားရယ်။ ကြိုးရှိမှ လေရှိမှ သားလို ထိန်းပေးသူရှိမှ အမြင့်ကို တက်နိုင်ကြတာ”

“မေမေရယ် သားကတော့ ဒီလို ထိန်းချုပ်ထားတာကြီးကို သဘောမကျဘူးဗျာ”

“သား ဘာဖြစ်ချင်လို့လဲ”

“သားကတော့ စွန်လေးကို လွှတ်ပေးလိုက်ချင်တယ်”

“လုပ်ကြည့်လေသားရယ် … လွှတ်ပေးကြည့်ပေါ့”

image

သားလေးက စွန်ကြိုးကို ဖြတ်ပေးလိုက်တယ်။ စွန်လေးက လေထဲမှာ လူးလွန့်နေတယ်

“ကြည့်ထား သားလေး … ကြည့်ထား … စွန်လေးကို ကြည့်ထား”

စွန်လေးဟာ လေထဲကို ထောင်တက်သွားသေးတယ်။ လေပင့်နိုင်သလောက်ပေါ့။ နောက်တော့ တဖြည်းဖြည်း အရှိန်လျော့လာတယ်။ ဝဲကာ လူးကာ အောက်ကို ပြန်ကျလာတယ်။ နောက်ဆုံး ချောင်းထဲက ရေထဲကိုကျပြီး နစ်မြုပ်သွားတယ်။

“သားတွေ့လား”

“မေမေရယ် သားစွန်လေး ပျက်စီးသွားပြီနော်”

“ဟုတ်တယ်သား … မေမေတို့ ဘဝတွေကလည်း ဒီအတိုင်းပဲသားရယ်။ အိမ်၊ မိသားစု၊ မိတ်ဆွေအပေါင်း အသင်း၊ ဓလေ့ထုံးစံ၊ ပတ်ဝန်းကျင်စတာတွေနဲ့ ကင်းလွတ်သွားလို့မရဘူးကွယ်။ ဖြတ်လိုက်ရင် အထိန်းမဲ့ စွန်လေးလို ဖြစ်သွားလိမ့်မယ်”

“သားတို့စိတ်မှာ ကြိုးတန်းလန်းလေးဖြစ်နေတာကို မလွတ်လပ်ဘူး၊ နှောင်ဖွဲ့ထားတယ်၊ ချုပ်နှောင်ထားတယ်လို့ ထင်ကောင်းထင်ကြမယ်။ ဒါကြောင့်လည်း ရုန်းထွက်ချင်တယ်။ လွှတ်ပေးလိုက်ချင်တဲ့ စိတ်တွေဖြစ်လာမယ်”

“သားရေ … မေမေတို့ကိုလေ အိမ်၊ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းစတာတွေက ထိန်းချုပ်ထားလို့ ဘဝဆိုတာ နေချင်စရာ၊ သာယာနေတာကွယ့်။ သူတို့ရှိနေလို့ ဘယ်လောက် မြင့်မြင့် ပြုတ်မကျတာ။ အပြန် အလှန် မေတ္တာတရားတွေက စွန်လေးလို ရေထဲပြုတ်မကျသွားအောင် ထိန်းထားတယ်လေ”

“သားရေ မဖြတ်လိုက်နဲ့သိလား။ အမြင့်ကို ဆက်တက်ချင်ရင် မဖြတ်လိုက်နဲ့။ ဖြတ်လိုက်ရင် ခဏပဲ။ ပြန်ပြီး ပြုတ်ကျသွားလိမ့်မယ်”

(Stay Connected)

တင်ညွန့်

photo : facebook

image