တစ်ခါက ည။

Words
72
Reading
1 min
Listen
Play
8y

image

တစ်ခါက ည။


သူ့ကိုယ်သူ
ညဖြစ်လို့ ဖြစ်မှန်း မသိခဲ့တဲ့ည။
သူကိုယ်တိုင်က လွှဲရင်
တခြား
ဘာမှ မရှိတဲ့ည။

သူမက
သူမ ဖြစ်ဟန်ဆောင်လို့
ပြုံးလို့။
ငါက
ငါ ဖြစ်ဟန်ဆောင်လို့
ပြုံးလို့။
အိမ်မက်တွေက
သူတို့ကိုယ် သူတို့
တကယ့်အိမ်မက်တွေ ဖြစ်ကြဟန်ဆောင်လို့
ပြုံးလို့။
ကြယ်တွေ မရှိပဲ
တို့အတူ မြင်ခဲ့ရ။
လ မသာပဲ
ချ စ်ခင်ခြင်းတွေနဲ့
ထိန်ထိန်လင်းခဲ့ရ။
မိုးသားတွေ မရှိပါပဲ
မင်း ဝမ်းနည်းစကားတွေနဲ့
ငါ့မှာ ရွှဲရွှဲစိုခဲ့ရ။

image


တခါတုန်းက ညတွေပေါ့။
သူမ ချွ တ်ချ လို့
ကျွ တ်ကျ ခဲ့တဲ့ ညတွေ။
သူမ ထွေးထုတ်လို့
ပက်လက်မျောခဲ့ရ ငါ့အိမ်မက်တွေ။
ဘယ်တော့မှ မဝေးဘူးတဲ့လား
ထားခဲ့ရ ညတွေ။
ငါ့မှာ
ခုထိတိုင် လွမ်းတော်မူဆဲ။ ။

uakw

Photo : facebook

image

တစ်ခါက ည။ | Ecency