သင် အမြင့်ဆုံးကို ရောက်သွားရင်

Words
57
Reading
1 min
Listen
Play
8y

image

သင် အမြင့်ဆုံးကို ရောက်သွားရင်

တက်နင်းခဲ့တဲ့ လှေကားထစ်လေးတွေကို မမေ့လိုက်ပါနဲ့။

တွဲခို အားပြုခဲ့တဲ့ လက်ရမ်းလေးတွေကိုလည်း မမေ့လိုက်ပါနဲ့။

အောက်ဆုံးကနေ အမြင့်ဆုံးကို အားငယ်စိုးရိမ်စွာ မော့ကြည့်ခဲ့ရတာတွေကိုလည်း မမေ့လိုက်ပါနဲ့။

ဒီလို အမြင့်ဆုံးကို ရောက်ဖို့ ဘယ်လောက်မောပန်းခဲ့ရသလဲ ဆိုတာ မမေ့လိုက်ပါနဲ့။

image

ဒီလို အမြင့်ဆုံးကိုရောက်ဖို့ သင်လည်း အနိမ့်ဆုံးကနေ စခဲ့ရတယ်ဆိုတာကိုလည်း မမေ့လိုက်ပါနဲ့။

ကိုယ့်ကြောင့် နောက်ထပ် တက်လာမဲ့သူတွေကို လမ်းပိတ်သလို ဖြစ်မနေစေဖို့ကိုလည်း မမေ့လိုက်ပါနဲ့။

သင့်လိုပဲ အမြင့်ဆုံးကို ရောက်ဖို့ ကြိုးစားနေတဲ့ သူတွေကို အားပေးလိုက်ဖို့လည်း မမေ့လိုက်ပါနဲ့။

ဒီထက်မြင့်နိုင်တဲ့နေရာရှိသေးလားဆိုတာ ဆန်းစစ်ဖို့လည်း မမေ့လိုက်ပါနဲ့။

အရေးကြီးဆုံးက အမြင့်ဆုံးကနေ ပြန်ကျရင် အနာဆုံးဖြစ်မယ်ဆိုတာကိုလည်း မမေ့လိုက်ပါနဲ့လေ။

Credit to Dr Hlaing Chit Zaw

photo ; facebook

image

သင် အမြင့်ဆုံးကို ရောက်သွားရင် | Ecency