လူအများဟာ ဘဝကို Doing နဲ့ပဲ တိုင်းတာလေ့ရှိပါတယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း ဒီ Doing ကိုကြည့်ပြီးတော့ပဲ လူကိုအသိအမှတ်ပြုတယ်။ သူက ဘာလုပ်နေတာ၊ သူက ဘယ်သူ၊ သူက ဆရာဝန်၊ သူက အင်ဂျင်နီယာ၊ သူက တရားသူကြီး၊ သူက ကျောင်းဆရာ စသည်ဖြင့် ရာထူးအဆင့်အတန်းကိုကြည့်ပြီးတော့ လူကိုတိုင်းတာတယ်၊ အသိအမှတ်ပြုတယ်။ ဒီ Doing တစ်ခုထဲနဲ့ပဲ ဘဝကိုတိုင်းတာတဲ့သူဟာ Doing ကိုမလုပ်နိုင်တဲ့အခါမှာ သူ့ဘဝကိုတိုင်းတာစရာ ဘာမှမရှိတော့ဘူး။ သူ့ဘဝဟာ အသုံးမဝင်တော့ဘူး။ အဓိပ္ပာယ်မရှိတော့ဘူးလို့ ခံစားရမယ်။ Being ဆိုတဲ့တရားအားထုတ်မှုကို လုပ်သွားရင်းနဲ့ Doing ဆိုတဲ့ စားဝတ်နေရေး၊ လူမှုရေးအလုပ်တွေပါ လုပ်သွားနေရမယ်။ ဒီနှစ်ခုကို ခွဲပြီးတော့မထားသင့်ဘူး။ အဲဒီလို Being နဲ့နေသွားရင်းနဲ့ကို Doing လုပ်သွားတဲ့လူဟာ သူလုပ်တဲ့ကိစ္စတွေဟာ သူ့အတွက် ပိုပြီးတော့အကျိုးရှိမယ်၊ သူတစ်ပါးအတွက်လည်း ပိုပြီးအကျိုးရှိမယ်။ သူတစ်ပါးကိုထိခိုက်မယ့်ကိစ္စကို ဘယ်တော့မှမလုပ်ဘူး။
တရားနဲ့ပတ်သက်ပြီးတော့သိလို့ စိတ်အေးချမ်းမှုရတဲ့အခါကျတော့ လောကီနဲ့ပတ်သက်ပြီးတော့ မသိရတာတွေ မရတာတွေကို စိတ်က ဘယ်လိုမှသဘောမထားတော့ဘူး။ အဲဒါတွေထက် အဆပေါင်းများစွာတန်ဖိုးရှိတဲ့အရာကို ရထားပြီဖြစ်လို့။ တကယ် တရားရဲ့အေးချမ်းမှုကိုသိလာတဲ့အခါ ငါ့ဘဝဟာပြည့်စုံနေပါတယ်လို့ ခံစားရပါလိမ့်မယ်။ တရားကိုမသိရင် ရုပ်ပိုင်းကဘယ်လောက်ပဲပြည့်စုံနေ ပြည့်စုံနေ၊ ပြည့်စုံတယ်လို့မခံစားရပါဘူး။ ချို့တဲ့နေတယ်လို့ပဲ ခံစားရမှာပဲ။ နောက်ထပ်လိုနေသေးတယ်လို့ပဲ ခံစားရမှာပဲ။
photo ; google