စက်ဝိုင်း
သံသရာ ဘဝဇာတ်ရယ်က
ကံကြမ္မာ အလှဓာတ်တွေနဲ့
ဓနဖျက်လို့ အမြဲလည်။
ဇာတိဥာဏ် ပေါ်လာထွန်းပြီမို့
ဗျာဒိခံ နော်မာကျွန်းကိုတဲ့
ဖော်လှမ်းကာ ရှင်တော်လောင်းရယ်က
ကျွတ်ကြောင်းငှာ ဆံတော်ချပါလို့
ဗုဒ္ဓရယ် အစပြုခဲ့
ကောင်းမှုနဲ့တည်။
ညုသဗ္ဗေ အတုမရှိတာမို့
သတိဆော် လူအပေါင်းရယ်အား
နာကြောင်းငှာ မြွတ်တရားကိုတဲ့
ဟောကြားကာ လမ်းညွှန်ပြလျှင်ဖြင့်
ဓမ္မကို အရင်းပွားပါတော့
ဘဝထို အလင်းခြားမည်ပ
လှည့်သွားသည် ဤစက်ဝိုင်းမှာတဲ့
တံတိုင်းကာ ဝိဥာဏ်ရုပ်တွေနဲ့
အကိုင်းဖြာ သည်နာမ်ပုဒ်ရယ်က
ချည်ရန်လုပ် ဝဋ်ခန္ဓာ
လွတ်ရန်သာ စဉ်းစား။
မရှိမြဲပါဘိ
အသိထဲမှာလည်း
ဂတိစွဲကာ အထင်မှားမိတော့
တရားမှာ ဆော်လေညင်းလိုပ
ပြုတင်းပြာ ရနံ့သွေးလျက်ပေါ့
ကံကြွေးသာ ကုန်ကုန်ဆပ်ရင်ဖြင့်
နာမ်ဝေးကာ ဘုံဘုံထက်မှာကွဲ့
ဇာတ်လမ်းရှည် ကိုယ်တိုင်ဖတ်ရလိမ့်
လည်ပတ်တာ နောင်ဘဝကိုတော့
ကူးကြမှာ မလိုဘူးဆိုတဲ့
စူးစမ်းသူ လောကီသားတို့
ဆူးဒဏ်ရာ ခုံဇရပ်ရယ်မှ
လည်ပတ်သူများ။ ။
သွင်မှူးဝေ(ဓညဝတီ) ထံမှ ကူးယူသည်။
photo credit ; google image