~အတိတ်ဆိုတာ ထားခဲ့လိုပဲ ရတယ်
ပြန်သွားလို့ မရဘူး
~အနာဂတ်ဆိုတာ မျှော်လင့်ခွင့်ပဲ ရှိတယ်
ကြိုသိခွင့် မရှိဘူး
~လက်ရှိအခြေအနေက ဖြတ်သန်းလို့ပဲ ရတယ်
ချန်ထားခဲ့လို့ မရဘူး
~ အိမ်မက်ဆိုတာ မက်ခွင့်ပဲ ရှိတယ်
ဆန်ခွင့် မရှိဘူး
~ စကားဆိုတာ ပြောလို့ပဲ ရတယ်
ပြင်လို့ မရဘူး
~ အမှန်တရားဆိုတာ ဖိထားခွင့်ပဲ ရတယ်
ဖုံးထားခွင့်တော့ မရဘူး
~ အမှားဆိုတာ သိခွင့်ပဲ ရှိတယ်
ပြုလုပ်ခွင့် မရှိဘူး
~ ဒုက္ခဆိုတာ ရင်ဆိုင်ခွင့်ပဲ ရှိတယ်
ကွေ့ရှောင်သွားခွင့် မရှိဘူး
~ မာနဆိုတာ ထားခွင့်တော့ ရှိတယ်
ကြီးခွင့်တော့ မရှိဘူး
~ သိက္ခာဆိုတာ ထိန်းခွင့်ပဲ ရှိတယ်
ကျခွင့် မရှိဘူး
~ တန်ဖိုးဆိုတာ နားလည်ခွင့်ပဲ ရှိတယ်
ဖြတ်ခွင့်တော့ မရှိဘူး
~ ကံဆိုတာ ကြုံခွင့်ပဲ ရှိတယ်
ပုံချခွင့် မရှိဘူး
~ အချစ်ဆိုတာ ရူးသွပ်ခွင့်တော့ ရတယ်
အပြစ်လုပ်ခွင့်တော့ မရဘူး
~ ဘဝဆိုတာ ဒီလိုပါပဲ
ရသမျှအချိန်ကို တန်ဖိုးထားသင့်ပါတယ်
ဘယ်လိုအရာမျိုးနဲ့ပဲ ကြုံကြုံ
ဆုံခွင့်ရှိနေသ၍ ဖြတ်သန်းပါ
ရပ်တည်နေသ၍ကတော့
ကံတရားက မိမိဘက်မှာပါပဲ
ဘာပဲလုပ်လုပ် ယုံကြည်ချက်နဲ့ပဲ လုပ်ပါ
လူတိုင်းဟာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေတာပဲလေ
အချိန်ကပဲ ဆုံးဖြတ်ပေးလာမှာပါ
မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး မဖြစ်သေးတာပဲ ရှိတယ်
ကြိုးစားမှုသာ ဘဝလက်တွဲဖော်ပါ
ပြီးပြည့်စုံမှုရချင်ရင်တော့ ဒါတွေ ကျော်လွှားနိုင်ရမှာပါပဲ
အားမွေးထားပါ ပြီးတော့
ဆက်လျှောက် သတိနဲ့ပေါ့ ...................။ ။
မေတ္တာဖြင့်…
thanttunsoe
photo credit:google image