လူနှစ်​မျိုးရှိတယ်​ဆိုတာ
Words
435
Reading
2 min
Listen
Play
9y
image
လူနှစ်​မျိုးရှိတယ်​ဆိုတာ သိထားရမယ်​။ တစ်​မျိုးက extrovert တစ်​မျိုးက introvert.
ကိုယ့်​typeက Introvert လား extrovert လား သိထားရင်​ နည်းနည်းသက်​သာတယ်​။ ဘာလို့လဲဆို​တော့ introvert ​တွေကို လူ​တွေက သိပ်​နားမလည်​ကြဘူး။ သူတို့အထင်​တစ်​မျိုးဖြစ်​​လေ​လေ ကိုယ်​ကလည်း ကိုယ့်​ကိုယ်​ကိုယ်​ စိတ်​ပျက်​မိ​လေ​လေ ဖြစ်​တတ်​လို့ပါ။
introvert က လူများများနဲ့ ​ရောလို့မရဘူး။ စကားများများ မ​ပြောတတ်​ဘူး။ လူအများစု​ဝေးကြပြီဆို သူက ​ဒေါင့်​တစ်​​ဒေါင့်​မှာ ကပ်​ပြီး တိတ်​တိတ်​​လေး ကြည့်​​နေတတ်​တယ်​။ သူတစ်​​ယောက်​တည်း အဲလို ကြည့်​​နေရတာကို ကြိုက်​တယ်​။ သူ့ကို လူ​တွေစကားလာ​ပြောရင်​ ဘာပြန်​​ပြောရမှန်​ ရုတ်​တရက်​ မသိလို့ ​လူ​တွေစကားလာများတာကို စိတ်​အ​နှောင့်​အယှက်​ဖြစ်​တယ်​။ ဒါ​ပေမယ့်​ ခင်​တဲ့ မင်​တဲ့သူ​တွေကို​တော့ ​တစ်​ခွန်းခြင်း အေး​အေး​ဆေး​ဆေး အကြာကြီး ​ပြောနိုင်​တယ်​။ သူနဲ့ စကား​ပြောရမယ့်​သူကို ​ရွေးသလို ​ပြောမယ့်​အ​ကြောင်းအရာကိုလည်း ​ရွေးတယ်​။ စကားစုံ​အောင်​ မ​ပြောတတ်​ဘူး။ တောင်​​ရောက်​ ​မြောက်​​ရောက်​ မ​ပြောတတ်​ဘူး။ အာလာပသာလာပလည်း မ​ပြောတတ်​ဘူး။ စခြင်း​နောက်​ခြင်း လုပ်​ခဲတယ်​။ ရွှတ်​​နောက်​​နောက်​ မ​နေတတ်​ဘူး။ သူများရွှတ်​​နောက်​​နောက်​လုပ်​ရင်​လည်း သူတို့ နားမလည်​နိုင်​ဘူး။ လူ​တွေနဲ့ပတ်​သက်​ပြီး စိတ်​ပင်​ပန်းတတ်​တယ်​။
သိပ္ပံပညာရှင်​​တွေ ​တွေး​ခေါ်ပညာရှင်​ကြီး​အာကာသယာဉ်​မှုး​တွေ ​​ဆေးပညာရှင်​​တွေ တော်​​တော်​များများက introvert ​တွေ။ သူတို့​ introvert ဖြစ်​လို့သာ တစ်​​ယောက်​တည်း နာရီ​ပေါင်းများစွာ ရက်​​ပေါင်းများစွာ ​နေပြီး အလုပ်​လုပ်​နိုင်​တာ။ introvert မဟုတ်​ရင်​ တစ်​​ယောက်​တည်း အချိန်​အကြာကြီး မ​နေနနိုင်​ဘူး။
image
extrovert က ကျ​တော့ အဲသလို မဟုတ်​ဘူး။ extrovert က လူ​တွေနဲ့ထိ​တွေ့​ပြောဆိုဆက်​ဆံ​နေရမှ။ သူငယ်​ချင်း​တွေ အ​ပေါင်းအ​ဖော်​​တွေနဲ့ တရုံးရုံးလုပ်​​နေရမှ။ သူမှာ သူငယ်​ချင်း​တွေလည်း အများကြီးရှိတယ်​။ သူ့သူငယ်​ချင်း အ​ပေါင်းအသင်းနဲ့ ​တွေ့ရ​တော့မယ်​ဆိုရင်​ကို အူ​တွေမြူးပြီး ​ပျော်​​နေတာ။
   introvert က သူငယ်​ချင်း နည်းနည်းပဲထားတယ်​။ ပြီး​တော့ သူတို့က လူအသစ်​​တွေနဲ့ ​မ​ပေါင်းချင်​ဘူး။ လူ​ဟောင်း​တွေနဲ့ပဲ ရိုးရိုးပဲ ​ပေါင်းသင်းဆက်​ဆံ​နေသွားချင်​တာ။ 
 extrovert ကို လူ​တွေက ပိုခင်​ကြတယ်​။ ဘာလို့လဲဆို​တော့ သူက စကား​ပြော​နေရရင်​ ကြိုက်​တဲ့သူဆို​တော့ လူ​တွေက သူနဲ့​တွေ့ရင်​ မပျင်းရလို့​လေ။
  ဘာ​ပြောရ​ပြောရ ​ပြော​နေရရင်​ ပြီး​ရော ကြိုက်​တယ်​ ဆိုတဲ့သူဖြစ်​​နေ​တော့ သူက စမယ်​ ​နောက်​မယ်​ သူ့အ​ကြောင်းကိုယ့်​အ​ကြောင်း ​ဘာမှအ​ရေးမကြီးတဲ့အ​ကြောင်းလည်း ​ပြောတယ်​ ၊  လူ​တွေရဲ့ ခင်​မင်​မှုကိုရတာ  ကြိုက်​တယ်​ ဆို​တော့ introvert နဲ့ extrovert ယှဉ်​လိုက်​ရင်​ extrovert က လူချစ်​လူခင်​များပါတယ်​။
introvert က အ​ကြောင်းအရာ​ရွေးတယ်​ ၊ ဒါအပြင်​ ​ပြောမယ်​ကြံပြီးခါမှ ​တော်​ပါပြီ​လေ မ​ပြောလည်း ရတာပဲ ဆိုပြီး သူက ပါးစပ်​ပိတ်​သွား​တတ်တာလည်း များတယ်။ အဲဒီ​တော့ လူ​တွေ ဟင်​ သူက ငါတို့ကို မခင်​ဘူး မခင်​လို့ ဘာစကားမှ မ​ပြောတာ မခင်​လို့ ငါတို့နဲ့ မ​ရောတာလို့ ထင်​သွား​တတ်​တယ်​​နော်​။ အမှန်​​တော့ သူက မခင်​တာ မဟုတ်​ဘူး ခင်​ပါတယ်​ ၊ ဒါ​ပေမယ့်​ introvert ဖြစ်​​နေ​တော့ သူက အတွင်းလှည့်ဖြစ်​​နေတယ်​။ သူ့အတွင်းထဲ ပြန်​ပြန်​လှည့်​ကြည့်​ပြီး သူ့အတွင်းထဲက မ​ပြောပဲ​နေလို့ရရင်​ ဘာမှမ​ပြော​တော့ဘူး။ 
 ပြောပြီး ပြီး​ရော ဆိုတဲ့သူလည်း မဟုတ်​ဘူး ၊ ​ပြောပြီး ပြန်​ပြန်​စဉ်းစားတယ်​ ၊ အဲဒါက ဘယ်​လို ဟိုဟာက ဘယ်​လို စသဖြင့်​ ၊ ပြီး​တော့ သူက အဲဒါ​တွေ အကုန်​လုံးကို အစာ​ချေသလို ပြန်​​ချေတယ်​။ ပြန်​​တွေးပြီး အစာ​ချေသလို ​ချေလိုက်​ရမှကို သူက ​နေသာထိုင်​သာ ရှိတယ်​။ သူမှားသွားရင်​ သူအမှားသူ တနုံ့နုံ့နဲ့ ​တွေးမပြီး​တော့ဘူး။ ​လူ​တွေအတွက်​ ဘာမှ seroius မဖြစ်​တာ သူက ဖြစ်​​နေ​တော့ သူ့မှာ မပြီးနိုင်​မစီးနိုင်​ဖြစ်​​နေတာကို လူ​တွေက စိတ်​မရှည်​ဘူး။ သူများက ပြီးပြီ ​မေ့သွားပြီ သူက မပြီး​သေးဘူး ​ပြော​နေတုန်း ၊ ကြာ​တော့ သူ့ကို ​မေ့လိုက်​ပါ​တော့ကွာလို့ ​ပြောယူရတဲ့အထိပဲ serious ဖြစ်​တတ်​တယ်​။
 ဒီ​နေရာမှာ extrovert က ​အေး​ဆေးပဲ။ သူမှားသွားလည်း သိပ်​စိတ်​မပူဘူး။ ဘာလို့လဲဆို​တော့ သူ့ကို လူ​တွေက  ဒီ​လောက်​ကြီး seroius ဖြစ်​​နေမှာ မဟုတ်​ဘူးလို့ သိထားလို့။ လူ​တွေကို သူကလည်း သိပ်​serious ဖြစ်​မ​နေဘူး။ အခင်​အမင်​ပျက်​တယ်​ ဆိုတာ မ​ပျော်​တတ်​တဲ့သူ​တွေကြားမှာ ဖြစ်​ကြတာလို့ သူယုံကြည်​တယ်​။ တစ်​​ယောက်​နဲ့တစ်​​ယောက်​ ခင်​ကြတယ်​ဆိုရင်​ စ ​နောက်​ အမှားပါလည်း ခွင့်​လွှတ်​လိုက်​ အကြာကြီး သိပ်​​တွေးမ​နေနဲ့ ဆိုတဲ့သူမျိုး။
 introvert က လူ​ရွေး​ပေါင်းသလို သူတို့ခင်​မိရင်​လည်း တစ်​သက်​တာပဲ။ သူတို့တကယ်​ခင်​တဲ့သူက သူတို့ကို စိတ်​ဆိုးမှာ သိပ်​​ကြောက်​တတ်​ကြတယ်​။ စိတ်​ဆိုးသွားရင်​လည်း သူတို့မှာ ဘာလုပ်​ရမှန်း မသိအောင်​ဖြစ်​တတ်​ကြတယ်​။ ​ချော့တယ်​ ဆိုတာ သူတို့သိပ်​မလုပ်​တတ်​ဘူး ။ ဒါ​ပေမယ့်​ သူတို့ ချစ်တဲ့ခင်​တဲ့သူအတွက်​ အနစ်​နာခံရဖို့ ဝန်​မ​လေးတတ်​ပါဘူး။ လိုလိုလားလား အနစ်​နာခံတတ်​ကြပါတယ်​။
 ချစ်​မိပြီဆို စွဲစွဲမြဲမြဲချစ်​တဲ့သူမျိုးပါ။ စိတ်​ပျက်​လို့ ဟင်​ခနဲ ဆိုလည်း လှည့်​ကိုမကြည့်​​တော့ဘူးဆိုတဲ့သူ​တွေပါ။ သူတို့ကို နားလည်​နိုင်​တဲ့သူ ရှားလို့ တစ်​ကိုယ်​တည်း အထီးကျန်​​နေတတ်​ကြတာလည်း များပါတယ်​။ 
 ကိုယ်​ဟာ  introvert ​တစ်​​ယောက်​ဖြစ်​​နေရင်​ introvertတွေဟာ လူ့​လောကမှာ ​နေရတာ အခက်​​တွေ့ရတာ ပိုများတယ် ဆိုတာ သ​ဘော​ပေါက်​ထားရမယ်​ ၊ အဲဒါ ဘာ့​ကြောင့်​ဆိုတာလည်း နားလည်​ထားဖို့ လိုပါတယ်​။ 
 တကယ်​​တော့ introvert စစ်​စစ်​ extrovert စစ်​စစ်​ ဆိုတာ ဖြစ်​ခဲပါတယ်​။ နည်းနည်း​ရော​နေတတ်​တာချည်းပါ။ 
ကိုယ့်​အ​ကြောင်းလေးကိုယ်​ သိထားပြီး ကိုယ့်​အတိုင်းအတာ​လေးနဲ့ကိုယ်​ လူ​​တွေနဲ့ ခင်​ခင်​မင်​ ​ပြောဆို ဆက်​ဆံမိဖို့ အ​လေ့အကျင့်​ လုပ်​သင့်​ပါတယ်​။ မ​ကြောက်​ပါနဲ့။ နည်းနည်းလည်း စိတ်​ပင်​ပန်းခံသင့်​ပါတယ်​။ သိပ်​အများကြီး​တော့ မခံပါနဲ့။ လူ​တချို့ဟာ ခင်​စရာ​ကောင်းပါတယ်​။ သူတို့ကို စိတ်​ထဲမှာထားပြီး ​လူလူချင်းဆက်​ဆံ​ရေး​ကို မြတ်​နိုးပါ။
  လူ​တွေကို ရိုးရိုးသားသား ခင်​မင်​မိလို့ ခံရမယ်​ဆိုလည်း လူ့​လောကမှာ လူတစ်​​ယောက်​အ​နေနဲ့ ပြည့်​ပြည့်​ဝဝ​နေသွားလိုက်​ရချင်​တဲ့သူအတွက်​ ​အဲဒီအတွက်​ခံလိုက်​ရဖို့ ဘာမှ တွန့်​ဆုတ်​​နေစရာမရှိပါဘူး။ လူ​တွေကို မရိုးမသားနဲ့ ဟန်​လုပ်​ပြီး မဆက်​ဆံမိဖို့ပဲ လိုတာပါ။ 
ဆက်​ဆံ​ရေးဟာ အနုပညာတစ်​မျို့းပါ။ ပညာတစ်​မျိုးပါ။ 
ဒီဆက်​ဆံ​ရေးနဲ့ပဲ ​ဘဝမှာ ပျော်​ရွှင်​မှု​တွေ ရ​ရတာ စိတ်​ချမ်းသာမှု​တွေ ရရတာ ​နွေး​ထွေးလုံခြုမှု​တွေ ရရတာ ​နော်​။ 
ဒီဆက်​ဆံ​ရေး​တွေ​ကြောင့်​ပဲ မေတ္တာ​တွေ ​စေတနာ​တွေ ဖြစ်​ခွင့်​ရ​နေတာ​နော်​။ 
ကောင်းမွန်တဲ့တဲ့ ဆက်​ဆံ​ရေး​တွေကို ရအောင်လုပ်ပါ ပြုစုပါ။
မွန်​မြတ်​တဲ့ ကောင်းမွန်​တဲ့ လှပတဲ့ ဆက်​ဆံ​ရေး​တွေက ဂုဏ်​သိက္ခာ​တွေကို ဖြစ်​ထွန်း​စေပါတယ်​။
  လူသားဟာ မြင့်​မြတ်​မှု ဆီကို ဆိုက်​​ရောက်​သွားရတာ ကြီးမြတ်​တဲ့နှလုံးသားရှိလို့ပဲ မဟုတ်​လား။
photo.; facebook
image
လူနှစ်​မျိုးရှိတယ်​ဆိုတာ | Ecency