ကိုယ်ကျေနပ်မှာပါ
ငါ့ရင်ခွင်မှာ
လမ်းလေးရှိပါတယ်....
မင်းရှာချင်စိတ်ရှိမယ်ဆိုရင်
တွေ့မှာပါကွယ်....
ဒီလမ်းလေးပေါ်
သစ်ရွက်လေးတွေ ချွေချထားမယ် ....
မင်းလျှောက်လာတဲ့အခါ
ချိုးချိုးချွတ်ချွတ်အသံလေး
ကြားချင်လို့ပါကွယ်.....
ငါ့ရင်ခွင်ထဲမှာ
အားရှိသလောက်
အော်လိုက်စမ်းပါကွယ် ...
မင်းအသံကို
ပဲ့တင်ထပ်ပေးချင်တယ်.....
ငါ့ရင်ခွင်မှာ
ကျဉ်းမြောင်းမဲမှောင်တဲ့
ျနရာလေးတွေများတွေ့ခဲ့ရင်
နောက်မဆုတ်လိုက်ပါနဲ့ကွယ်....
မင်း ရှေ့တိုးလာခဲ့ရင်
တစ်လောကလုံးကို
မြင်ရတဲ့နေရာလေး
ငါပြပါ့မယ်....
ငါ့ရင်ခွင်မှာ
ရှေ့ဆက်မတိုးနိုင်လောက်အောင်
ခက်ခဲတဲ့နေရာလေးများ တွေ့ခဲ့ရင်
စိတ်ပျက်မသွားပါနဲ့ကွယ် ...
မင်း ကျော်ဖြတ်လာခဲ့ရင်းနဲ့
ငါ့ကိုနားလည်သွားပါလိမ့်မယ်....
ငါ့နှလုံးသားကဒဏ်ရာကြီးကို
မင်း မြင်လိုက်ရရင်
ကြောက်မသွားပါနဲ့လားကွယ် ......
ငါဟာ မင်းထင်ထားတာထက်
ပိုခံစားတတ်တဲ့သူမို့ပါ ....
မင်း ငါ့ကိုကြည့်နေတုန်းမှာ
ငါ မင်းကို မမြင်ဘူးလို့
မင်းတွေးနေလိမ့်မယ် ...
တကယ်တော့ ...
ငါ့နှလုံးသား မင်းဆီရောက်နေတာ
မင်းမသိလို့ပါကွယ်...
မင်းခေါင်းငုံ့ ငိုကြွေးနေတုန်း
ငါကျောခိုင်းနေတယ်လို့
မင်းထင်လိမ့်မယ် ...
တကယ်တော့ ...
မင်းကြည့်နေတဲ့နေရာကနေ
မင်းကိုမြင်နေရတယ်ဆိုတာ
မင်းမသိလို့ပါကွယ်....
ငါ့ရဲ့အကောင်းဆုံးကိုတွေ့ဖို့
ကြိုးစားခဲ့မယ်ဆိုရင် ...
မင်းဟာ
အမြင့်ဆုံးကို ရောက်လာခဲ့ပြီဆိုတာ
သိသွားလိမ့်မယ်....
ငါ
မင်းကို
သွားတော့လို့
ဘယ်တော့မှမပြောတာ
ဘာ့ကြောင့်လဲဆိုတာ
မင်းနှလုံးသားကို မေးကြည့်ပါကွယ် ...
သူဖြေပါလိမ့်မယ်.....
မင်းထွက်ခွာသွားပြီးတဲ့နောက် ...
ငါ ငြိမ်သက်စွာ
ကျန်ခဲ့နိုင်တာတွေ့ရရင် ...
အဲဒါ ငါ့ပင်ကိုယ်သဘာဝပါလို့
မင်းနားလည်ပါကွယ်.....
မင်း နောက်ပြန်လှည့်ကြည့်တဲ့အခါ
ငါငိုနေတာ မတွေ့ရဘူးဆိုရင် ...
မင်း သတ္တိတွေပိုရှိလာတယ်ဆိုတာ
သိရမှာပါကွယ်...
မင်းပြောင်းလဲသွားတဲ့အခါ
ငါ့ကိုပြန်လာကြည့်ပါ...
ငါဟာ အရင်တုန်းကအတိုင်းပဲဆိုတာ
တွေ့ရမှာပါ....
.
.
အမြင့်ဆုံးကို
လှမ်းချင်တဲ့အခါ
ငါ့ကို သတိရပါ.....
မတုန်လှုပ်တာ
မြင်ချင်တဲ့အခါ
ငါ့အနားလာခဲ့ပါ....
မင်းကိုယ်မင်း
ရှာဖွေချင်တဲ့အခါ
ငါမင်းကို ဖွက်ပေးထားမှာ.... .... .....
အနက်ရှိုင်ဆုံး
အဝေးဆီကခေါ်သံ
မင်း ကြားချင်တဲ့အခါ ...
အတိတ်ဆိတ်ဆုံးနေရာဟာ
ငါနှလုံးသားပါ....
င့ါအနားက
မင်းထွက်သွားတဲ့အခါ ....
မင်းဟာ
လူအသစ်တစ်ယောက် ဖြစ်သွားတာကို
ကျေနပ်နေမှာပါ................
photo credit;google image