ကိုယ့်ကိုယ်ကိုယ်နှစ်သက်ပါ...

Words
273
Reading
2 min
Listen
Play
9y

image

ကိုယ့်ကိုယ်ကိုယ်နှစ်သက်ပါ...

လူတိုင်း အားလုံးလိုလိုပဲ နေ့တိုင်း မှန်ကြည့်ဖြစ်ကြတာပဲနော်။ သို့သော် မှန်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် လက်ခံမိလို့ ခေါင်းညိမ့်လိုက်မိတာ ဘယ်တုန်းက နောက်ဆုံးအကြိမ်လဲ မှတ်မိလား။ မမှတ်မိဘူး ဆိုရင် ဒီနေ့ လုပ်ဖြစ်ကြရအောင်။
 မှန်ထဲက မြင်ရတဲ့သူကို ချစ်ခင်နှစ်သက်တဲ့မျက်လုံးလေးနဲ့ ကြည့်ပါ..
  ပြီးတော့ လေးစားတဲ့စိတ်နဲ့ တန်ဖိုးထားပြီး သေချာမြင်အောင် ကြည့်ပါ.. 

... စိတ်ထဲမှာ ကျိတ်ပြီး ငါ သူများလို မလှဘူး လို့ ထင်နေတတ်တာ ဒီခေတ်မှာ ပိုဆိုးလာတယ်။ ကိုယ့်ချိုးယွင်းချက်တွေကို ရှာကြည့်တာ များလာတယ်။ အဲဒီတော့ စိတ်မချမ်းသာတာလည်း ပိုဖြစ်လာတယ်နော်။
ကိုယ်နဂိုအရှိလေးကို ကျေကျေနပ်နပ် နှစ်နှစ်သက်သက် လက်ခံပြီး ငြိမ်းငြိမ်းချမ်းချမ်းနေတတ်ဖို့က ပိုအရေးကြီးလာပြီ။

အဲဒီတော့ တစ်နေ့တာ လုပ်စရာရှိတာတွေ လုပ်ပြီးလို့ အိပ်ယာဝင်တော့မယ် ဆိုတဲ့အခါ အဝတ်အစားလဲပီးပြီးတာနဲ့ မှန်ရှေ့မှာ ရပ်လိုက်ပါ..
မှန်ထဲမှာ မြင်ရတဲ့သူကို မေတ္တာ ကရုဏာ အပြည့်နဲ့ ကြည့်ပါ ..
ကိုယ့်ရဲ့ ကောင်းတဲ့အချက်လေးတွေ ဆယ်ခုလောက် စဉ်းစားမိတဲ့အထိ ကြည့်နေပါ.. ။
နှာခေါင်းလေး ပုံကျတာ ဖြစ်ရင်ဖြစ်မယ်.. နှုတ်ခမ်းလေး ပုံကျတာ ဖြစ်ရင်လည်း ဖြစ်မယ် .. မေးစေ့လေး အချိုးကျကျဆင်းသွားတာလေး ဖြစ်ရင် ဖြစ်မယ်နော်။ ဘယ်လောက်ရုပ်ဆိုးတဲ့သူ ဖြစ်ပစေ .. လှတာတစ်ခုတော့ သူ့မျက်နှာမှာ ရှိပါတယ်..။ တချို့ မျက်နှာမလှပေမယ့် လက်ချောင်းခြေချောင်းလေးတွေကျ သိပ်လှတဲ့သူလည်း ရှိတယ်။ တချို့ကျတော့ ဆံပင်လေးတွေ သိပ်လှတတ်တယ်။ တချို့ကျပြန်တော့ ကျန်တာထားလိုက်တော့.. ကိုယ်လုံးကိုယ်ပေါက် အရမ်းလှတယ် ဆိုတာလည်း ရှိတယ်နော်။ ယောက်ျားတွေဆိုရင် ဘော်ဒီကအမိုက်စားပေါ့။ ဘာဖြစ်ဖြစ် ကိုယ်အလှကို မြင်အောင် ကြည့်ပါနော်။
ပြီးရင် ကိုယ့်မှာ တခြား ကောင်းတာတွေ အများကြီး ရှိသေးတယ် ...။ စကားပြောကောင်းတဲ့သူလည်း ဖြစ်နိုင်တယ် ၊ ပါရမီထူးတဲ့ဈေးဝယ်ကျွမ်းသူလည်း ဖြစ်နိုင်တယ် ...၊ စိတ်ပါလက်ပါ နားထောင်တတ်တဲ့ empathetic listener လည်း ဖြစ်နိုင်တယ် ၊ လူတစ်ဖက်သားကို စားချင်သောက်ချင်စိတ်တွေ ဖြစ်လာအောင် လုပ်နိုင်တဲ့ အချက်အပြုတ်တော်သူလည်း ဖြစ်နိုင်တယ်..၊ စိတ်ရှည်တဲ့မိခင်ကောင်းတစ်ယောက် ဖခင်ကောင်းတစ်ယောက်လည်း ဖြစ်နိုင်တယ်.. ၊ မိဘကို လုပ်ကျွေးပြုစုတဲ့ သားသမီးတစ်ယောက်လည်း ဖြစ်အုံးမယ် .. ၊ လုပ်ဖော်ကိုင်ဖက်တွေကို ဖေးမကြင်နာတတ်တဲ့သူလည်း ဖြစ်နိုင်တယ် ၊လမ်းပေါ်မှာ ကားမောင်းသွားရင် တဖက်သားကို ကိုယ်ချင်းစာမောင်းတတ်တဲ့ သူတစ်ယောက်လည်း ဖြစ်နိုင်တယ် ..။
ဒါတွေကို ပြန်စဉ်းစားဖြစ်အောင် စဉ်းစားမိပါစေနော်။ အဲဒီအချိန်မှာ တခြား ဘယ်သူ့အကြောင်းမှ မစဉ်းစားပါနဲ့။
ချရေးလို့ရရင် ချရေးပြီး မှတ်ထားပါ။ အနည်းဆုံး ဆယ်ခု လောက် ရသည်ထိပေါ့။

image

 မှန်ကြည့်ရင်း ကိုယ်ကောင်းတာတွေ ပြန်တွေးတောစဉ်းစားတာကို နေ့တိုင်းအကျင့်လုပ်ကြည့်ပါ။  အိပ်ယာထဲရောက်မှ မလုပ်ရသေးပါလားလို့ သတိရရင် ပြန်ထပြီး မှန်ရှေ့ ပြန်သွားပါ ။ 

ကိုယ်ဟာ သဘာဝတရားကြီးဆီကနေ ဖြစ်လာတဲ့ သဘာဝတရားကြီးက မွေးဖွားပေးလိုက်တဲ့ တစ်ခုတည်းသော တမူထူးသူ လူတစ်ယောက်ပါ။
 လောကကြီးမှာ ကိုယ်နဲ့ တစ်ထပ်တည်းတူသူ နောက်တစ်ယောက် မရှိပါဘူး။ သဘာဝတရားကြီးက မလုပ်နိုင်ပါဘူး။
 သဘာဝတရားက ဖန်တီးသမျှ အားလုံး.. ထူးခြားတဲ့ ကိုယ်ပိုင်အလှတရား ကိုယ်စီ ပါလာပြီးသားပါ။ သဘာဝဆီကနေဖြစ်လာတဲ့ ကိုယ့်ခန္ဓာကိုယ်မှာလည်း ကိုယ့်အတွက် ကိုယ်ပိုင်အလှ ပါလာပြီးသားပါနော်။ 
ဒီနေ့ကစပြီး ကိုယ့်ကိုယ်ပိုင်ထဲက တောက်ပမှု စစ်မှန်မှုကို စိတ်ပါလက်ပါ ရှာဖွေကြရအောင် တန်ဖိုးထား မြင်အောင်ကြည့်ရအောင်နော်။ 

If you want to find the answers to the Big Questions about your soul, you'd best begin with the Little Answers about your body.

  • GEORGE SHEEHAN

    သင့်စိတ်ဝိဥာဉ်နဲ့ပတ်သက်တဲ့ မေးခွန်းကြီးတွေရဲ့ အဖြေကို ရှာချင်ရင် သင့်ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ အဖြေသေးသေးလေးတွေက စတာ အကောင်းဆုံးပါတဲ့။
    ဆိုလိုတာက .. အဆင့် ကျော်လို့ မရဘူး.. အဆင့်ကျော်ပြီး လုပ်လို့မရဘူး။

    ကိုယ့်ကိုယ်ကို
    နှစ်သက်ပါ..
    လက်ခံပါ ..
    ကိုယ့်ခန္ဓာကိုယ်ကို မနှစ်မြို့တဲ့စိတ် နဲ့
    (တစ်နည်းအားဖြင့်)
    ကိုယ့်ခန္ဓာကိုယ်ကို ငြင်းပယ်ထားပြီးမှ
    စိတ်ဝိဥာဉ်ရဲ့ ငြိမ်းချမ်းမှုကို
    ရှာဖွေလို့
    မရပါဘူး။

photo : facebook

image

ကိုယ့်ကိုယ်ကိုယ်နှစ်သက်ပါ... | Ecency