တစ်နေ့တလံ ပုဂံဘယ်​တော့ရောက်မည်လည်း

Words
101
Reading
1 min
Listen
Play
5y

အချိန်အတိုင်းအတာတစ်ခုအထိ ပစ်ထားခဲ့ပြီးမှ ဒီရက်ပိုင်း Cryptocurrency နဲ့ Hive ဘက်ကို ခြေဦးပြန်လှည့်ဖို့ စိတ်အားသန်လာပြန်တယ်။
Crypto coins price ကလည်း ခေါက်ရိုးကျိုးကျလာနေပြန်ပြီ။ Cryptocurrency ကို 2016 နှစ်ကုန်ပိုင်းလောက်က စသိပေမယ့် ဗဟုသုတနည်းတာရရ်၊ ကိုယ့်ရဲ့နည်းပညာအခက်အခဲနဲ့ အဲဒီအချိန်က သိတဲ့သူနည်းနေတာရရ် ကြောင့် ၀ယ်မစုထားခဲ့မိသလို သေသေချာချာ mining လည်းလုပ်မထားမိပြန်ဘူး။ဒီတိုင်မေ့ပစ်ထားခဲ့ပြီး 2020 Octomber လောက်မှ
ပြန်၀င်လာတော့ Crypto price က ခေါင်ခိုက်နေပြီ။ 2016 လောက်က 10000 ဖိုးလောက်သာ၀ယ်ခဲ့မိရင်ဆိုတဲ့အတေး ကတော့ ၀င်လာတုန်းပဲ။ ဒါနဲ့ပဲ ပြန်လုပ်မယ်ဆိုပြီး BTC Game apps ကနေ game လေးတေ ကြိုးစား ဆော့ ၊ free side တေကနေ လိုက်စုပေမယ် prices ကအရမ်းမြောက်နေချိန်မို့ ထင်သလောက် ခရီး မရောက်ဖြစ်ခဲ့ဘူး။အစအန အနည်းအပါးစုမိတာပဲဆိုတော့ တခြားတစ်ခု ဖြစ်တဲ့ Streemit ကိုလည်း Account ဖွင့်ရုံလောက် လုပ်ခဲ့ဖူးတာနဲ့ ပြန်ဝင်ကြည့်တော့ Streemit ကလူတေက Hive ဘက်ပြောင်းကုန်ကြပြီလို့ကြားရတော့ တစ်ခါ Hive က ဘာလည်း ဘယ်လိုလည်း လိုက်လေ့လာရပြန်ကော ။
အခုတော့ အချိန်အများကြီးမပေးရသလို ကိုယ့်မြန်မာတေလည်း ရှိနေပြီဖြစ်တဲ့ Hive blog ပဲ ကိုယ်ဝါသနာပါရာလေးတေ၊ သဘာ၀အကြောင်းအရာလေးတေနဲ့လုပ်ငန်းခွင်က ပညာလေးတေပဲ ကြိုးစားပြီး ရေးတင်ဖို့ ုံးဖြတ်ထားတယ်။ တစ်နေ့တစ်လံနဲ့ ပုဂံ ရောက်အေ ာင် သွားရတာပေါ့။

လေးစားစွာဖြင့်
IMG_20210518_100548.jpg

တစ်နေ့တလံ ပုဂံဘယ်​တော့ရောက်မည်လည်း | Ecency