Myanmar and their first Cryptocurrency SUU TOKEN

Words
190
Reading
1 min
Listen
Play
5y

Proud of AUNG SAN SUU KYI
First Cryptocurrency in Myanmar(Burma)

ပျော်ရွှင်စရာနဲ့ မုန့်ကို ခင်မင်ရသူတွေနဲ့ မျှဝေရတယ်တဲ့ဗျ ။

PhotoGrid_Plus_1622966524441.jpg

Jun လရဲ့ ပထမဆုံး Super Sunday လေးမှာပဲ ဂုဏ်ယူ၀မ်းသာကြည်နူးစရာသတင်းနှစ်ခုက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်။

ပထမတစ်ခုက အလှမယ် ထားထက်ထက် က PDF အဖွဲ့တွေအတွက် အလှူငွေကို Bit coin နဲ့ အလှူခံရာကနေ Bit coin ကိုအတော်များများ စိတ်ဝင်စားလာကြတဲ့ သတင်းပါ ။အရင်က လူပြောနည်းတဲ့ Bit coin (crypto) ဟာ အခုဆိုအတော်လေး စိတ်ဝင်စားမှုမြင့်တက်လာတာကိုတွေ့ရပါတယ်။လူနည်းစု မြန်မာ့ crypto လောကဟာ သိပ်မကြာခင်မှာ community အင်အားကောင်းလာမယ်လို့ မျှော်လင့်လို့ရပါတယ် ။မိတ်ဆွေအနေနဲ့ Bit Coin နဲ့လှူဒါန်းလိုပါက အောက်ပါ Address သို့လှူဒါန်းနိုင်ပါတယ် ။

IMG_20210606_153037.jpg

ဒုတိယတစ်ခု ကတော့ Facebook Group တစ်ခုကနေ Cryptocurrency သတင်းလေးတွေ ရှာဖွေဖတ်နေရင်းက SUU TOKEN အကြောင်းလေးဖတ်လိုက်ရတယ် ။

IMG_20210606_144231_447.jpg

မြန်မာ့ပထမဆုံး Crypto အဖြစ်နဲ့မိတ်ဆက်လာတဲ့ Tokenတစ်ခုပါ။ အမေ ​ေဒါ်အောင်ဆန်းစုကြည် ရဲ့ ဓာတ်ပုံနဲ့ Logo ကိုထည့်သွင်းထားပြီး အမေစုကိုဂုဏ်ပြုသော အားဖြင့် SUU TOKEN လို့ နာမည်ပေးထားပါသတဲ့ဗျာ။အောက်မှာ သူ့ရဲ့ Offical page link နဲ့ Web link ချထားပေးပါတယ်။

offical page link

https://www.facebook.com/SuuToken/

Offical web

http://SuuToken.com

TOKEN အတွက် USD $ 20000 ကို ပထမအကြိမ် ရင်းနှီးမြုပ်နှံထားပြီး ဒုတိယအကြိမ် အဖြစ် $10000 ထပ်မံရင်းနှီးကာ လက်ရှိ $30000 ရင်းနှီးမြုပ်နှံထားတယ်လို့သိရပါတယ်။

Token ရောင်းလို့ရရှိတဲ့ ငွေကြေးကိုတော့ CDM လုပ်ထားတဲ့ ဝန်ထမ်းများ ၊PDF ( People defence force) အဖွဲ့များထံ လှူဒါန်းမှု ပြုလုပ်မယ်လို့ကြေငြာထားပါတယ်။

IMG_20210606_150206_665.jpg

အမှန်တစ်ကယ်လည်း လှူဒန်းထားတာကိုတွေ့ရတယ် ။ SUU TOKEN ရောင်းရငွေမှ USD $1000ကျော် ကို လှူဒါန်းထားပီးဖြစ်ကြောင်း Offical page မှာတင်ထားတာတွေ့ရပါတယ် ။

FB_IMG_1622968588590.jpg

IMG_20210606_153939.jpg

SUU TOKENကိုစိတ်ဝင်စားလို့ ၀ယ်ယူချင်ရင် panckaeswap မှာ BNB /BUSD နဲ့ ၀ယ်ယူလို့ရသလို Telegram Group ကနေလည်း Air dops အဖြစ်နဲ့ဖြန့်ဝေသွားမှာဖြစ်ပါတယ် ။ Airdops သမားတွေအနေနဲ့ အောက်မှာ Telegram link ချထားပေးပါတယ်။

Telegram bots link

http://t.me/suutoken_bot...

Crypto လည်းကိုင်ရမယ် ၊ အလှူ လည်း ဖြစ်တယ်ဆိုတော့ ဘယ်လောက်မိုက်လည်းဗျာ ။

ရွှေမြန်မာများ Crypto နဲ့ ကြီးပွားကြပါစေခင်ဗျာ။

လေးစားစွာဖြင့်
Than Naing Soe
6/6/2021
15:30 PM

Myanmar and their first Cryptocurrency SUU TOKEN | Ecency