Queen

taori(25)
Published in
#esteem
Words
74
Reading
1 min
Listen
Play
9y

✍🏻ကိုယ်ဘဝမှာ ကိုယ်ဟာ ဘုရင်မပဲ

ဘဝတစ်ခုရလားတာနဲ့အမျှ ရင်းနှီးမြုပ်နှံမူ့နဲ့
ကြိုးစားအားထုတ်မူ့ဆိုတာ....
သူ့အလိုလို ပြုလုပ်ဆောင်ရွက်လာကြရတာချည်းပါပဲ။

ဆိုလိုရင်းက ဘဝမှာ ဘယ်လောက်ခက်ခဲနေပါစေ
ဘယ်လိုသောအရာက အရေးကြီးနေပါစေ
သေခြင်းတရားလောက် ဘာမျှအရေးမကြီးပါဘူး။

မြင့်မြတ်ခန်းနားလွန်းတဲ့မိန်းမသားတစ်ယောက်ရဲ့
နောက်ကွယ်မှာ.........

အရာရာကို နားလည်ပေးတတ်တဲ့
မိန်းမသားတစ်ယောက်ဟာ....
ဝမ်းနည်းခြင်းနဲ့ နာကျင်ခြင်းတွေ ရှိနေတတ်တယ်။

အမြဲတမ်း ပျော်ရွှင်နေတဲ့
မိန်းမသားတစ်ယောက်ရဲ့ နောက်ကွယ်မှာ
အထီးကျန်ခြင်းနဲ့ အားငယ်ခြင်းတွေ ရှိနေတတ်တယ်။

ရင့်ကျက်တည်ငြိမ်သွားတဲ့
မိန်းမသားတစ်ယောက်ရဲ့ နောက်ကွယ်မှာ
သင်ခန်းစာပေးသွားတဲ့ လူတစ်ချို့ ရှိနေတတ်တယ်။

သူနေရာ သူနယ်ပယ် အသီးသီမှာ
ကျော်ကြားနေတဲ့ မိန်းမသားတွေကို ပြန်ကြည့်လိုက်ပါ
အကုန်လုံး အကြောတင်းတွေချည်းပါပဲ။

ဒီလိုအကြောတင်းလာအောင်လည်း
သူတို့ရဲ့ ဘဝမှာ အရမ်းကို လှုပ်ခါစေတဲ့
အတိတ်ဆိုးတွေ အများကြီး ရှိခဲ့ကြတယ်။

ဘာမှအားငယ်နေစရာမလိုဘူး လူတိုင်း
အမှားနဲ့မကင်းဘူး လဲကျရင်ပြန်ထ ကူတွဲပေးမယ့်
သူကို စောင့်မျှော်မနေပါနဲ့ အလကားအချိန်ကုန်တယ်။

ကိုယ်ဘဝကို ကိုယ်ပဲပိုင်တယ်
ကိုယ်ဘဝကို ကိုယ်ပဲအလှဆုံး ဖန်တီးပေးရမှာ
ကိုယ်ဘဝကို အကောင်းဆုံး အုပ်ချုပ်နိုင်တဲ့
ကိုယ်ဘဝမှာ ကိုယ်ဟာ ဘုရင်မပါပဲ။
ချစ်မိတ်ဆွေများအားလုံးကို ချစ်တယ်နော်

taori@taori

Queen | Ecency