Note

taori(25)
Published in
#esteem
Words
87
Reading
1 min
Listen
Play
9y

အလွမ်းမှတ်စု

ပင်လယ်ပြာရေ...
ငါ့ချစ်သူက အရမ်းသတိမေ့တတ်တာကွ
ဒါ့ကြောင့် အရေးကြီးကိစ္စတွေဆို မင်းက သတိထားပြီး ဂရုစိုက်ပေးပါဦးကွာ
ဥပမာ သူနေမကောင်းလို့ ဆေးသောက်ရမှာမျိုးပေါ့၊

ပင်လယ်ပြာရေ...
ငါ့ချစ်သူက သူ့ဘက်က မှားရင် ပြန်ချော့တယ်ကွ
ဒါပေမဲ့ ငါလည်း သူချော့တာခံချင်လို့ စိတ်မပြေပေးဘူးကွာ သူက ချော့မရလို့ ဆိုပြီး
အဲ့နေ့က သူခန္ဓာကိုယ်ကိုသူ နာအောင်လုပ်ခဲ့တယ်
ဒါ့ကြောင့် သူပြန်ချော့ရင် စိတ်ပြေပေးပါကွာ၊

ပင်လယ်ပြာရေ...
ငါ့ချစ်သူက အချော့ကြိုက်တယ်ကွ
မင်းဘာပဲဖြစ်ဖြစ် အဆင်ပြေအောင် ချော့ပေးပါ၊

ပင်လယ်ပြာရေ...
ငါ့ချစ်သူက သူလုပ်လိုက်လို့ အသေးအမွှားလေးပဲ
ဖြစ်နေပါစေ အောင်မြင်တယ် လုပ်နိုင်တယ်ဆိုရင်
သူ့ကို တော်တယ်လို့ပြောတာကို
သူအရမ်းကျေနပ်တယ် သတိထားပြီး ချီးမွမ်းပေးပါ

ပင်လယ်ပြာရေ...
ငါ့ချစ်သူက မင်းလက်ထဲမှာပါ
ဒါ့ကြောင့် မင်းလုပ်ချင်သလို လုပ်လို့ရပါတယ်
ဒါပေမဲ့ သူများသားသမီးကို ပျော်အောင်ထားပေးပါကွာ၊

ပင်လယ်ပြာရေ...
ငါ့ချစ်သူက အရမ်း ထူးထူးဆန်းဆန်းတွေကြိုက်တယ်
လက်ဆောင်တောင်မှ ဈေးကြီးဖို့မလိုဘူး
လှလှနဲ့ အဓိပ္ပါယ် ရှိဖို့ပဲလိုတာ ဒါလေးတွေသတိထားပေးပါ

ပင်လယ်ပြာရေ...
ငါ့ချစ်သူက ရိုးသားသူတစ်ယောက်ဖြစ်ပြီး
အရမ်းချစ်စရာကောင်းသူတစ်ယောက်ပါ
အရမ်းအေးပြီး ကိုယ့်အကြောင်းကို တွေးနေတတ်တာကွ
သူက အထီးကျန်တတ်တယ်
တစ်ခုခုဆို ရင်ဖွင့်လိုက်ရမှ စိတ်ပေါ့ပါးသွားတတ်တာ
ဒါ့ကြောင့် သူဘာတွေပဲရင်ဖွင့်ဖွင့်
ဂရုစိုက်ပြီး နားထောင်ပေးပါကွာ...။

taori@taori

Note | Ecency