ကားတစ်စီးရေဆူရခြင်း၏ အကြောင်း(၇)
(၅) Cooling Fan Clutch Assembly Oil Silicone နည်းခြင်း(ရေတိုင်ကီ ပန်ကာ ဖရီးပန့် ဆီမရှိခြင်း) ပစ်ကပ်ကားတော်တော်များများနှင့် အချို့သော ဥရောပထုတ် အင်္ဂျင်အတည့် နောက်ယက်နှင့် ရှေ့ယက်(Audi သည် အင်ဂျင်အတည့်ဖြစ်သော်လည်း 2WD တွင်ရှေ့ယက်ဖြစ်ပါသည်)ကားများတွင် ရေတိုင်ကီပန်ကာကို ဖရီးပန့်ဖြင့် အသုံးပြုထားပြီး ဖရီးပန့်အတွင်းတွင် Oil Silicone ကို ထည့်ထား၍ ပန်ကာ လည်အားကို ပြုလုပ်ထားပါသည်။ပန်ကာဖရီးပန့်အတွင်းရှိ ဖရီးပန့်ဆီနည်း လာသောအခါ ပန်ကာလည်အားမကောင်းတော့ပါ။ထိုသို့ ဖြစ်ပါက ခရီးဝေးမောင်းနှင်လျှင် ရေဆူတတ်ပါသည်။ထိုသို့ မဖြစ်စေရန် သက်တမ်း (၃) နှစ်နှင့်အထက်ကားများတွင် ပန်ကာဖရီးပန့်ဆီကို ပြန်လည် ဖြည့်သင့်ပါသည်။ဖရီးပန့်ကြားတွင် ကျွတ်စထည့်၍ ပန်ကာ ဖရီးပန့်အုံအား အသေဖြစ်အောင် လုံးဝမပြုလုပ်သင့်ပါ။