ဆန်းကျယ်​​သောချစ်​ခြင်းသံစဉ်

Words
44
Reading
1 min
Listen
Play
9y

နေသည်မပူပါ သို့သော် ကျမပေါ်နေခြည်နွေးနွေးကဖြာကျနေသလို...
အေးစိမ့်လှသောရာသီဥတု သည်ပင်နွေးမြမြနိုင်လွန်းလှသည်ဟု စိတ်ကမှတ်ယူနေမိသည်...
...
မနေ့က တနေကုန်ပြသနာထိုင်ရှာချင်နေသည့်စိတ်သည် ယခုတော့သူ မဟုတ်သလိုကြည်လင်လျက် ...
...
Keyboard ပေါ်ဖြတ်ပြေးနေသော လက်ချောင်းများကို ထိုင်ကြည့်နေရခြင်းက
ငယ်ငယ်က ကစားကွင်းကို ရောက်တိုင်း ခံစားရသော ပျော်ရွှင်မူမျိုး တဖန်ပြန်လည်ရရှိလာသလို...
(တချက်ချက်လက်ဖျံပေါ်က မွေးညင်းနုတွေကို ဆွဲနုတ်ချင်မိသည်မှအပ)
ပြီးပြည့်စုံသောခံစားချက်ဟုသောမဆိုလိုပါ သို့သော် ကျေနပ်ခြင်း အင်း... အသက်ရှူလိုက်တိုင်း ကျေနပ်မူများဖြင့် ပြုံးမိသောအခိုက်အခန့်ဟုတော့ ဆိုခြင်ပါသည်လေ...
...
စိတ်သည်ရောင်စုံပြောင်းလဲတတ်သောအရာဆိုလျှင်...
ကျမ၏စိတ်သည် ယခုအချိန်တွင် ရဲနီ၍မနေပါ ဖြူဥ၍မနေပါ ထိုအရောင်နစ်ရောင်ရောလျက် ပန်းသွေးလေးပြေးနေသည်ဟု..တင်စားရပါလိမ့်မည်...
..khin sundy image

ဆန်းကျယ်​​သောချစ်​ခြင်းသံစဉ်​ | Ecency