ပုဂံ

Words
352
Reading
2 min
Listen
Play
8y

IMG_20180730_232050.jpg

ဒီတစ်ပတ်တော့ MSC တွေ့ဆုံပွဲအတွက် သွားရောက်ကြမည့် အဖွဲ့သားများအားလုံး စိတ်လှုပ်ရှားနေလောက်ကြပြီ။ မလိုက်ဖြစ်ကြတဲ့ မယ်ဂျစ်တို့မှာလည်း စီစဉ်နေကြသူများကို မြင်ယောင်ပြီး အားကျပျော်ရွှင်နေရပါတယ်လေ။ တွေ့ဆုံပွဲနေရာကလည်း မြန်မာပြည်ရဲ့ နှလုံးသည်းပွတ် ပုဂံ မှာဖြစ်တာမို့ ပိုပြီး ဆွဲဆောင်မှုရှိနေပါသည်။ သမိုင်းဝင် အမွေအနှစ်နေရာမှာ MSC ရဲ့ ခရီးလမ်းအတွက် ဆွေးနွေးကြ တိုင်ပင်ကြ အကြံဥာဏ်ချင်းဖလှယ်ကြရမည်ဖြစ်တာကြောင့် နေရာ၏ ကြီးမြတ်မှုနဲ့ အဖွဲ့သားတွေရဲ့ ကိုယ်စွမ်း ဥာဏ်စွမ်းတွေ ပေါင်းစပ်ကာ ရလဒ်ကောင်းများ အကြံဥာဏ်ကောင်းများရလာမည်ဟု လေးလေးနက်နက် ယုံကြည်ပါတယ်ရှင်။

Thumbs-Up.jpg
Gathering သွားကြမည့်သူများ ဒီပုံလေးထဲကလို ရိုက်ခဲ့ကြပါနော်

ခုတလော ပုဂံကို စိတ်ရောက်နေတာမို့လားတော့မသိ TV အစီအစဉ်ကြည့်လိုက်တော့လည်း DVB က ပုဂံအကြောင်းလာနေတယ်။ နယ်ကနေလာတဲ့ သားသားရဲ့ဖိုးဖိုးကလည်း ပုဂံအကြောင်း ရေးထားတဲ့ စာအုပ်ချည်းပဲ ၃ အုပ်တောင် ယူလာပေးခဲ့တာမို့ တိုက်ဆိုင်လိုက်တာလို့တောင် တွေးမိပါတယ်။ မယ်ဂျစ်ကတော့ ပုဂံကို ၂ ခေါက်ရောက်ဖူးပေမယ့် မယ်ဂျစ်ရဲ့ ကိုကိုက တစ်ခါမှကို မရောက်ဖူးသေးတာမို့ သူ့ကိုလည်း ပုဂံ trip လေးစီစဉ်ကြရအောင်လို့ ပြောတော့ သူပြောတဲ့စကားကလည်း တွေးစရာပါပဲ။ သူက ပုဂံအကြောင်း သေသေချာချာမသိဘဲ ၊ ဘုရားတွေရဲ့ သမိုင်းရာဇဝင်ကို မလေ့လာရသေးဘဲ ဒီအတိုင်း ဘုရားလည်အနေနဲ့ မသွားချင်ဘူးတဲ့။ အဲ့လိုသွားရင်လည်း သူ့စိတ်ထဲ ဘုရားပျက်တွေလိုက်ဖူးရသလိုပဲ ရှိနေမှာလို့ သူခံယူချက်ကိုပြောပြတယ်။
5a899a8b1fc37590540775.jpg
Crd-img-src

တကယ်လည်း အခြားသော ကမ္ဘာလှည့်ခရီးသွား Tourist တွေလို တစ်နေရာရာကို သွားတော့မယ်ဆိုရင် ကိုယ်သွားမယ့်နေရာလေးအကြောင်း နှံ့စပ်အောင်တော့ လေ့လာထားသင့်ပါတယ်။ အဲ့လိုဆိုရင် သွားရတဲ့ ဒေသရဲ့ ဒေသန္တာရ ဗဟုသုတကို ပြည့်ပြည့်ဝဝရနိုင်သလို ခရီးသွားရတာလည်း အဓိပ္ပါယ်ရှိနေမှာပါ။ ဒီခေတ်က အင်တာနက်ခေတ်ဖြစ်တာကြောင့် ကိုယ်လိုချင်တဲ့ အချက်အလက်တွေကို အလွယ်တကူ ရှာလို့ရနေတာကြောင့် ကိုယ်သွားမယ့်ဒေသရဲ့ မြေအနေအထားကစလို့ ဒေသခံတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ဆောင်ရန် ရှောင်ရန် တွေအဆုံး ကြိုတင်လေ့လာနိုင်နေပါပီ။ ဒါကြောင့် ပုဂံ သို့ သွားရောက်တေ့ဆုံကြမည့် MSC ညီအစ်ကို မောင်နှမတွေ အနေနဲ့လည်း ပုဂံအကြောင်း လေ့လာနိုင်ကြစေဖို့ စာအုပ်လေးတစ်အုပ်ကို ညွှန်းပေးချင်ပါတယ်။ ပုဂံနဲ့ပတ်သတ်သော စာအုပ်ပေါင်းများစွာ ရှိတဲ့အထဲကမှ သမိုင်းကြောင်း စိတ်ဝင်စားတဲ့ သူတွေအတွက် ဒေါက်တာသက်လွင် ရေးသားတဲ့ "သမိုင်းကပြောသော ပုဂံ၊ ပုဂံကပြောသောသမိုင်း" ဆိုတဲ့စာအုပ်လေး မဖတ်ရသေးသူများရှိလျှင်ဖတ်သင့်တယ်လို့ တိုက်တွန်းပါတယ်။ စာအုပ်ထဲမှာ ဆရာက အပိုင်းလေးပိုင်းခွဲပြီး ရေးထားပါတယ်။

၁။ ပုဂံအကြို သမိုင်းခြေရာများ

ဒီအပိုင်းမှာတော့ သကျသာကီဝင်ဆိုတာ ဘယ်လိုဖြစ်ပေါ်သလဲကစလို့ မြန်မာအစ တကောင်းက ဆိုတဲ့အကြောင်း အလယ် သရေခေတ္တရာ ပျူနိုင်ငံအကြောင်းအဆုံးနဲ့ စစချင်းမှာကတည်းက သိချင်စိတ်ပြင်းပြစွာ ဖတ်ရမှာပါ။

၂။ သမိုင်းမတင်မီ ပုဂံပြည်

ဒီအပိုင်းမှာတော့ ပုဂံလို့ဆိုလိုက်တာနဲ့ မင်းအနော်ရထာကိုပါ တွဲမြင်တတ်တဲ့ ကျွန်မတို့အတွက် အနော်ရထာမတိုင်မီ ပုဂံပြည်အကြောင်းနဲ့ မင်းဆက်များအကြောင်းကို စိတ်ဝင်စားဖို့ကောင်းအောင် ရေးသားထားတာပါ။

၃။ သမိုင်းတင်ပြီ ပုဂံပြည်

ဒီအပိုင်းမှာကတော့ ကျွန်မတို့နဲ့သိပ်မစိမ်းလှ။မင်းမြတ် အနော်ရထာရဲ့ တိုင်းပြည်ထူထောင်ခဲ့ပုံ ၊ ဗုဒ္ဓဘာသာပျံ့ပွားစည်ပင်စေခဲ့တာ ၊ ပိဋိကတ်တော်များအကြောင်းနဲ့ ကျန်စစ်သားတို့အကြောင်းနဲ့တကွ ပုဂံမင်းဆက်များအကြောင်းကို ဖတ်ရှုလေ့လာရမှာ ဖြစ်ပါတယ်။

၎။ ပုဂံကပြောသောသမိုင်း ဆိုပြီး ပုဂံရှိ စေတီပုထိုးများအကြောင်း တစေ့တစောင်းကို ပြည့်စုံ နှံစပ်အောင် ဖတ်ရှုရမှာဖြစ်ပါတယ်။

အခုလို အချိန်ကာလအလိုက် စနစ်တကျ ရေးဖွဲ့ထားသလို သမိုင်းအထောက်အထားစုံလင်စွာ ကိုးကားရေးသားထားတာမို့ အားကိုးအားထားပြုရမည့် ပုဂံသမိုင်းစာအုပ်လို့ ဆိုချင်ပါတယ်။

bagan-temples.jpg
Crd-img-src

သမိုင်းကိုသိမှလည်း ကျွန်မတို့ ဒီသမိုင်းအမွေအနှစ်တွေကို တန်ဖိုးထားတတ်လာမှာမို့ သမိုင်းကြောင်းကို သိအောင်လုပ်ရမှာ ကျွန်မတို့မျိုးဆက်တွေရဲ့ တာဝန်ပါပဲ။ ခေတ်အဆက်ဆက် အစိုးရလက်ထပ်အဆက်ဆက်တုန်းကလည်း သမိုင်းတန်ဖိုးကိုမသိကြသူ ဓနရှင်အချို့ရဲ့ ကောင်းမှုနဲ့ ပုဂံရှိ သမိုင်းအမွေအနှစ် ရှေးလက်ရာ အတော်များများ ဖျက်ဆီးခံလိုက်ရပြီးဖြစ်တာမို့ ပိုပြီးတန်ဖိုးထား စောင့်ရှောက်ကြရမှာလို့ ကျွန်မထင်ပါတယ်။ အခုခေတ်မှာတော့ ဘုရားဝန်းအတွင်းရှိ ထုံးသုတ်ဖျက်ဆီးခဲ့သော နံရံဆေးရေးပန်းချီ များကို ပညာရှင်များအကူအညီနဲ့ ပြန်လည်ဖော်ထုတ် နိုင်လာပြီဖြစ်ပေမယ့်လည်း များပြားလာတဲ့ ကမ္ဘာကကော ဒေသတွင်းခရီးသွားတွေပါ အလာများတဲ့ နေရာဖြစ်တာကြောင့် တစ်နေ့တခြားများပြားလာတဲ့ ဟော်တယ်ဆောက်လုပ်ရေးတွေကြောင့် ပုဂံရဲ့ နောင်ရေးကို ပူပင်နေရပြန်ပါပြီ။ စနစ်ဇယားမရှိ Plan မရှိတဲ့ ကျွန်မတို့ နိုင်ငံရဲ့ထုံးစံကြောင့် ငွေရှိရင် ဘာလုပ်လုပ်တင့်တယ်နေတော့တာမို့ ခရိုနီ ခရိုဝါ ခရိုပြာဆို့ရဲ့ 5 star Hotel များကလည်း ဘုရားတွေကြားမှာ ဟော တစ်လုံး ဟောတစ်လုံးပေါ်ပေါက်လာရင်း အချို့ သမိုင်းအမွေ ဘုရားစေတီတွေလည်း ဟော်တယ်ဝင်းထဲရောက်ကုန်တာ ကျွန်မကိုယ်တိုင် မျက်မြင်ပါပဲရှင်။
bagan-temples.jpg
crd-img-src

ဒါတွေပြောတိုင်း ဒေါတွေ ပါရစမြဲမို့ ပြောလည်း မပြောချင်ပါဘူး။ ဖြစ်ချိန်တန်ဖြစ် ၊ ပျက်ချိန်တန်ပျက်မယ်ဆိုတာ သိသော်ငြားလည်း အချိန်မတန်ခင်မှာပဲ နှောင်းလူလောဘအိုးတွေရဲ့ ပရောဂကြောင့် ပျက်စီးလာတာမျိုးကိုတော့ လက်သင့်မခံနိုင်ပါဘူး။ တာဝန်ရှိလူကြီးမင်းများလည်း ဒီကိစ္စပြသနာများကို ဖြေရှင်းကြစေချင်ပါတယ်။ဒါက ဟော်တယ်ကိစ္စတစ်ခုတည်းသာရှိပါသေးတယ်။အခြားသော ပလက်စတစ်ကိစ္စများ ၊ ဒေသခံပြည်သူလူထုရဲ့ ဆုံးရှုံးနေသော အခွင့်အရေးများ ၊ ပုဂံဒေသ ဖွံဖြိုးတိုးတက်မှုကိစ္စများမပါသေးပါ။

အချုပ်အားဖြင့် ဆိုရလျှင် ပုဂံဆိုသည်မှာ တစ်ဦးတစ်ယောက်တည်းနဲ့ သက်ဆိုင်သောနေရာမဟုတ်ပါဘူး။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သွားခဲ့ပြီဆိုရင် ကမ္ဘာသူ ကမ္ဘာသား အားလုံးနဲ့သက်ဆိုင်တဲ့ နေရာတစ်ခုဖြစ်လာမှာပါ။ ဒါ့ကြောင့် ပုဂံဆိုတာ ဗုဒ္ဒဘာသာတွေနဲ့ချည်းပဲ သက်ဆိုင်တဲ့ ဘာသာရေးနယ်မြေသက်သက်ဆိုတာထက် ပိုတဲ့ သမိုင်းအဓိပ္ပါယ်ရှိတဲ့ နေရာဖြစ်တာကြောင့် အားလုံး ပူးပေါင်း ထိမ်းသိမ်း စောင့်ရှောင့်ကြရမှာပါ။ တစ်ဦးဆောင်သော်မရ တစ်သောင်းဆောင်သော ရ၏ ဆိုသလိုပဲ မြန်မာပြည်သူ ပြည်သား တစ်ယောက်ဆီတိုင်းက တာဝန်သိစိတ် ၊ ချစ်မြတ်နိုးစိတ်နဲ့ ထိန်းသိမ်း စောင့်ရှောက်သွားကြမယ် ဆိုရင် ကြီးမြတ်တဲ့ သမိုင်းကြောင်းရှိတဲ့ ပုဂံဒေသဟာ အဓွန့်ရှည် တည်တံ့နေမှာ မလွဲပါဘူးလို့ ယုံကြည်မိပါတယ်။

စတီးမစ်အဖွဲ့ဝင်တွေအားလုံးလည်း ပုဂံကို အသွေးအသားထဲကနေ ချစ်တတ်ကြပါစေလို့ ဆန္ဒပြုပါတယ်။

suhtetaung@suhtetaung
MSC-264

ပုဂံ | Ecency